[Zawgyi]
[Unicode]
Instagram ရဲ့ ကမ္ဘာ့အလှဆုံးကလေးငယ်ဖြစ်သွားတဲ့ ၅နှစ်အရွယ် နိုင်ဂျီးရီးယားသူလေး
လတ်တလော Instagram မှာ ကမ္ဘာ့အချောဆုံးမိန်းကလေးအဖြစ် သတင်းမွှေးနေတာကတော့ နိုင်ဂျီးရီးယားသူလေး Jare ဖြစ်ပါတယ်။
သူမရဲ့ အရုပ်မလေးလိုပုံပန်းသွင်ပြင်၊ ဝိုင်းစက်နေတဲ့ မျက်လုံး၊ ဆံပင်ကားကားတွေကြောင့် လူတိုင်းရဲ့ စိတ်အာရုံကိုရရှိနေတာဖြစ်ပြီး ကမ္ဘာ့အချောအလှဆုံးမိန်းကလေးအဖြစ် သတ်မှတ်ခံရသူဖြစ်လာပါတယ်။ သူမဟာ အသက် ၅နှစ်ပဲရှိသေးသူဖြစ်ပြီး ဓါတ်ပုံတစ်ပုံတင်လိုက်တိုင်း ထောင်ပေါင်းများစွာသော Comment တွေနဲ့ Like တွေရနေတာပါ။
သူမရဲ့ ဓါတ်ပုံလေးတွေကိုတော့ နိုင်ဂျီးရီးယားနိုင်ငံ Lagos မြို့မှာရှိတဲ့ Lifestyle နဲ့ Portrait ဓါတ်ပုံဆရာ Mofe Bamuyiwa က ရိုက်ကူးခဲ့ပြီး Jare ဟာ သက်ရှိနတ်သမီးလေးလိုလှပသူပါလို့ ဖြေခဲ့ပါတယ်။
“Jare ဟာ ကလေးငယ်မိန်းကလေးတစ်ယောက်နဲ့ ၂၀ကျော်အရွယ်ရင့်ကျက်တဲ့မိန်းမပျိုလေးတို့ရဲ့အလှကိုပေါင်းစပ်ထားတဲ့သူပါ။ ဒီမိန်းမငယ်လေးကို ရိုက်ကူးခဲ့ရာမှာ သူမရဲ့ ပြုံးရွှင်ပြီး ပျော်နေတဲ့ပုံတွေကို ရိုက်ကူးချင်ပေမယ့် သူမမျက်လုံးထဲကနေ အလှတရားကို ခံစားစေချင်လို့ ပုံအတည်လေးတွေပဲ ရိုက်ခဲ့ပါတယ်” လို့ ဓါတ်ပုံဆရာက ဖြည့်စွက်ပြောခဲ့ပါသေးတယ်။
အင်တာနက်အသုံးပြုသူတွေကတော့ Jare ဟာ တကယ့်သက်ရှိ ဘာဘီအရုပ်မလေးနဲ့ တူတယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး သူမရဲ့မျက်လုံးတွေကအစ ညို့ငင်ဖမ်းစားနိုင်လွန်းပါတယ်လို့လည်း ချီးကျူးခဲ့ကြပါတယ်။
ဓါတ်ပုံဆရာရိုက်ကူးပေးခဲ့တဲ့ပုံတွေဟာ Jare တစ်ယောက်တည်းတင်မက သူမရဲ့ အမ ၂ဦးဖြစ်သူ ၇ နှစ်အရွယ် Jomiloju နဲ့ ၁၀ နှစ်အရွယ် Joba တို့ပုံတွေပါ ပါဝင်ပြီး Jare ရဲ့ပုံတွေကတော့ ထူးထူးခြားခြားကိုအသက်ဝင်လွန်းနေပါတယ်။
သူမရဲ့ တဟုန်ထိုးအောင်မြင်မှုကြောင့် ခုဆို Jare ရဲ့ မိခင်ကိုယ်တိုင် Jare နဲ့ သူမရဲ့ အမ၂ဦးအတွက် The J3 Sisters ဆိုပြီး Instagram Account သစ်ဖွင့်ခဲ့ရပါတယ်တဲ့။
Instagram မှာ ပုံလေးတွေတင်ခံရရုံနဲ့ ကမ္ဘာ့အလှဆုံးကလေးစာရင်းဝင်ခဲ့သူ Jare ကတော့ နာမည်ကြီးသွားပါပြီ။
EiEiKhineMinn (Akhayar)