[Zawgyi]
10 Emma Watson
9 Gal Gadot
8 Priyanka Chopra
7  Beyonce Knowles
5 Lisa Haydon
4 Angelina Jolie
3 Blake Lively
2 Scarlett Johansson
1 Deepika Padukone
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
၂၀၁၈ ခုနှစ်အတွက်ကမ္ဘာပေါ်မှာအလှပဆုံးအမျိုးသမီး ၁၀ ယောက်
၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အလှပဆုံးအမျိုးသမီး ၁၀ယောက် ကိုဖော်ပြပေးမှာဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်သူတွေကတော့ အလှဆုံးအမျိုးသမီးတွေဖြစ်သလို သူတို့ဘဝအတွက်တကယ်ကိုကြိုးစားခဲ့ကြတဲ့ နာမည်ကြီးအမျိုးသမီးတွေဆိုရင်လည်း မှားမယ်လို့မထင်ပါဘူး။
10 Emma Watson
Emma Watson ကို ၁၉၉၀ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ သူမရဲ့မွေးရပ်ဇာတိကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့ပဲဖြစ်ပါတယ်။အရပ်က ၁.၆၅ မီတာရှိပါတယ်။
သူမရဲ့အသက်မွေးဝမ်းကြောင်းပညာကတော့ သရုပ်ဆောင်ခြင်းဖြစ်ပါတယ်။ သူမကို လူသိများကြတာကတော့ Hermione Granger ဆိုတဲ့ သရုပ်ဆောင်ဇာတ်ကောင်နဲ့ Harry Potter ဇာတ်ကားထဲကစလို့ Beauty and the Beast ဇာတ်ကားနဲ့လည်း လူကြိုက်များခဲ့တဲ့ မင်းသမီးတစ်လက်ပါ။
9 Gal Gadot
Gal Gadot ကို ၁၉၈၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။သူမကိုတော့ အစ္စရေးနိုင်ငံမှာ မွေးခဲ့တာလည်းဖြစ်ပါတယ်။ အရပ်ကတာ့ ၁.၇၈ မီတာရှိပါတယ်။
၂၀၀၄ ခုနှစ်မှာလည်း Miss Israel ဆုကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဆုရရှိခဲ့တဲ့ အချိန်မှာ သူမရဲ့ အသက်ဟာ၁၈နှစ်ပဲ ရှိပါသေးတယ်။
8 Priyanka Chopra
သူမရဲ့မွေးနေ့ကတော့ ၁၉၈၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ဖြစ်ပါတယ်။သူမကတော့အိန္ဒိယ အမျိုးသမီးသရုပ်ဆောင်တစ်ဦးပါ။အရပ်က ၁.၆၉ မီတာ ရှိပါတယ်။
7 Beyonce Knowles
သူမကိုတော့ ၁၉၈၁ ခုနှစ်စက်တင်ဘာလ ၄ ရက်နေ့မှာမွေးခဲ့တာပါ။ အမေရိကန်နိုင်ငံသူတစ်ယောက်ဖြစ်ပြီး သူမရဲ့အသက်မွေးဝမ်းကြောင်းကတော့ သီချင်းတွေရေးတယ်၊ သီချင်းတွေဆိုတယ် တခါတလေလည်း သရုပ်ဆောင်ပါသေးတယ်။အရပ်ကတော့ ၁.၆၉ မီတာရှိပါတယ်။
Rapper အဆိုတော် Jay-Z နဲ့အိမ်ထောင်ကျပြီးကလေး ၃ ယောက်မိခင်တစ်ဦးလည်းဖြစ်ပါတယ်။
6 Aishwarya Rai Bachchan
သူမကိုတော့ ၁၉၇၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ သူမကလည်း အိန္ဒိယနိုင်ငံသူတစ်ဦးပါပဲ။ သူမရဲ့ အရပ်အမြင့်က ၁.၇ မီတာရှိပါတယ်။
သူမကအိမ်ထောင်ရှင်မတစ်ဦးလည်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ Abhishek Bachchan နဲ့ အိမ်ထောင်ကျခဲ့ပြီး ကလေးတစ်ယောက်ရှိပါတယ်။အိမ်ထောင်မကျခင်ကတော့ မော်ဒယ်မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။
5 Lisa Haydon
သူမကိုတော့ ၁၉၈၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ မွေးခဲ့တာဖြစ်ပါတယ်။အိန္ဒိယ နိုင်ငံသူတစ်ယာက်ဖြစ်ပါတယ်။အရပ်က ၁.၇၈ မီတာရှည်ပါတယ်။
သူမရဲ့ အသက်မွေးဝမ်းကျောင်းကတော့ မော်ဒယ်၊ မင်းသမီး နဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးဖြစ်ပြီး ရင်သွေးလေးတစ်ယောက်မွေးဖွားထားပါတယ်။
4 Angelina Jolie
သူမကိုတော့ ၁၉၇၅ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။အရပ်ကတော့ ၁.၆၉ မီတာရှိပါတယ်။သူမ ဟာအနုပညာနဲ့ အသက်မွေးဝမ်းကြောင်းလုပ်သူတစ်ဦးုဖြစ်သလို လူသားခြင်းစားနာထောက်ထားမှုနဲ့ပတ်သက်လို့ UNမှာ သံတမန်ခန့်အပ်ခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ကလေး ၆ ယောက်ကို တာဝန်ယူထားရတဲ့ မိခင်တစ်ဦးဆိုရင်မမှားပါဘူး။
3 Blake Lively
သူမကိုတော့ ၁၉၈၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ မွေးခဲ့တာပါ။ သူမကလည်း အမေရိကန်နိုင်ငံသူတစ်ဦးပါ။ အရပ်ကတာ့ ၁.၇၈ မီတာရှိပါတယ်။သူမကလည်း မင်းသမီးတစ်ဦးဖြစ်ပါတယ်။
မင်းသားဖြစ်သူ Ryan Reynolds နဲ့အိမ်ထောင်ကျပြီးတော့ ကလေးနှစ်ယောက်ရှိပါတယ်။
2 Scarlett Johansson
သူမကိုတော့ ၁၉၈၄ ခုနှစ်နိုဝင်ဘာလ ၂၂ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။သူမကတော့ အရပ် ၁.၆ မီတာရှိပါတယ်။ သူမရဲ့ အဓိက အသက်မွေးဝမ်းကြောင်းကလည်း သရုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။
သူမကလည်း ကလေးတစ်ယောက်မိခင်ဖြစ်ပါတယ်။ မင်းသား Ryan Reynolds နဲ့ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာကွာရှင်းခဲ့တာဖြစ်ပါတယ်။ ပြီးတော့ Romain Dauriac နဲ့ ၂၀၁၄ ခုနှစ်မှာလက်ထပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။
1 Deepika Padukone
သူမကိုတော့ ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မှာမွေးခဲ့တာဖြစ်ပါတယ်။သူမရဲ့မွေးရပ်ဇာတိကတော့ ဒိန်းမတ်ဖြစ်ပါတယ်။အရပ်က ၁.၇၄ မီတာရှိပါတယ်။
ဘောလီးဝုဒ်သရုပ်ဆောာင်တစ်ဦးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာအရှိန်အဝါရှိသော အယောက် ၁၀၀ စာရင်းမှာရွေးချယ်ဖော်ပြခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ်။
ကြည်သာ (Akhayar)
Photo Credit: W Magazine
www.akhayar.com