ကမ္ဘာအလှဆုံး ငွေကြေးတွေရဲ့ ဆန်းပြားတဲ့ အသွင်သဏ္ဍာန်ကို Telegraph ကစုစည်းပြီး ဖော်ပြပေးထားပါတယ်။ ကမ္ဘာပေါ်မှာ အကောင်ပုံတွေကို ငွေစက္ကူပေါ်မှာ ရိုက်နှိပ်သုံးစွဲတာက မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ အံ့သြဖို့ကောင်းတာက မြန်မာပိုက်ဆံနှစ်ရွက် ကလည်း Telegraph ကသတ်မှတ်တဲ့ အလှဆုံးစာရင်းဝင်ပါတယ်။

(၁) New Zealand ရဲ့  5 ဒေါ်လာတန်

5 ဒေါ်လာတန်ရဲ့ ကျောဖက်မှာ မျက်လုံးဝါ ပင်ကွင်းငှက် နဲ့ ဒေစီပန်းပုံကို လှပစွာသရုပ်ဖော်ထားပါတယ်။အရှေ့ဖက်မှာက Sir Edmund Hillary  ရဲ့ပုံပါ။ ၂၀၀၅ ခုနှစ်မှာ ဆုရခဲ့တာဖြစ်ပါတယ်။


(၂) Trinidad and Tobago ရဲ့ 50 ဒေါ်လာတန်

ငှက်ရယ်၊ ပန်းပွင့်ရယ်၊ လှပတဲ့မိန်းမပျိုတစ်ဦးရယ် ပေါင်းစပ်ပုံဖော်ထားတဲ့ Trinidad and Tobago ရဲ့ ပိုက်ဆံပါ။၂၀၁၄ ခုနှစ်မှာ ဆုရခဲ့ပါတယ်။

(၃) Kazakhstan ရဲ့ 1,000 tenge

သမင်တစ်ကောင်ရယ် တူရကီစာကိုနောက်ခံထားပြီး စစ်သူရဲကောင်းနှစ်ယောက်ပုံကို ရေးဆွဲထားတဲ့ Kazakhstan ရဲ့ 1000 တန်ပါ။ ၂၀၁၃ ခုနှစ်မှာ ဆုရခဲ့ပါတယ်။


(၄) Switzerland ရဲ့ 50 Francs

2016 ခုနှစ် အလှပဆုံးငွေကြေးရွေးချယ်တဲ့အချိန်တုန်းက ပမာဏစာရင်းဝင်ခဲ့တဲ့ပိုက်ဆံပါ။ ဒီဇိုင်းလှပတဲ့အပြင်လုံခြုံရေးလည်းအဆင့်မြင့်တဲ့ပိုက်ဆံဖြစ်ပါတယ်။

(5) Australia ရဲ့ 5 Dollar

ဘုရင်မကြီးပုံကို ရောင်စုံနောက်ခံပေါ်မှာ ခြယ်သထားပြီး အလယ်နဲ့ဘေးဖက်မှာ ကျေးငှက်၊ သစ်ခက်တွေနဲ့ အလှဆင်ထားပါတယ်။


(6) Maldives ရဲ့ 1,000 Rufiyaa

ခံ့ငြားလှပတဲ့ ပင်လယ်လိပ်ပုံစံ ဒီဇိုင်း နဲ့ မော်ဒိုက် ရဲ့ 1000 တန်ဖြစ်ပါတယ်။ ဒီနှစ်အတွက် အလှဆုံးဆုရထားတဲ့ငွေကြေးပါ။

(၇) Myanmar ရဲ့ ကျပ်တန်အဟောင်း

2016 ခုနှစ်မှာ အလှဆုံးပိုက်ဆံစာရင်းဝင်ခဲ့သလို ကမ္ဘာလှည့်ခရီးသွားတိုင်း မျက်စိကျခဲ့ကြတဲ့ မြန်မာ ကျပ်တန်အဟောင်းပါ။

(8) Myanmar ရဲ့ 5000 တန် နဲ့ 10000 တန်

ဆင်ပုံ ခပ်ကြီးကြီးနဲ့အတူ မြန်မာမှု၊ မြန်မာဟန် ကနုတ်လက်ရာတွေပါဝင်တဲ့ မြန်မာပိုက်ဆံတွေကလည်း အလှဆုံးစာရင်းမှာပါဝင်ပါတယ်။

(9) Bermuda ရဲ့ 2 dollar

အပြာနဲ့ပန်းရောင်ရောယှက်ထားတဲ့ Bermuda ရဲ့ 2 dollar တန်ပါ။

(10) Nepal ရဲ့ 500 Rupee

ကျားနှစ်ကောင်ပါဝင်တဲ့ နီပေါ ရဲ့ 500 တန်ပါ။

(11) Nepal ရဲ့ 5 Rupee

တိဗက်မျိုးနွယ် နွားနှစ်ကောင်ပါဝင်တဲ့ နီပေါ ၅ ရူပီး တန်ဖြစ်ပါတယ်။

(၁၂) Uganda ရဲ့ 50,000 တန်

မျောက်ဝံပုံပါဝင်တဲ့ ယူဂန်တာရဲ့ ငါးသောင်းတန်ပါ။

(13 ) Samoa ရဲ့ 20 တန်

ခိုပုံနဲ့ အလှဆင်ထားတဲ့ Samoa ရဲ့ 20 တန်ဖြစ်ပါတယ်။

(14) Namibia ရဲ့ 10 တန်

တောင်အာဖရိက သမင်အုပ်ပုံကို သရုပ်ဖော်ထားတဲ့ နာမီးဘီးယားရဲ့ 10 dollar တန်ပါ။

Ref: Telegraph, Photo: Telegraph

Photo Credit: robertsworldmoney

မင်းသုခ (အခရာ)

(www.akhayar.com)