[ZawGyi]

ဇြန္လ (၁) ရက္ ကမာၻလံုးဆုိင္ရာ ႏုိ႔ေန႔

အဟမ္း အဟမ္း…ေခါင္းစဥ္ၾကားလိုက္တာနဲ႔ ဘာသြားျမင္ၾကသလဲဆိုတာ ကၽြန္ေတာ္သိတယ္ေနာ္ 😛 ။ ကၽြန္ေတာ္ေျပာခ်င္တာက ႏုိ႔ဗ်…. ႏို႔စစ္စစ္။ တလြဲမေတြးပါနဲ႔၊  ဇြန္လ ၁ရက္ေန႔ဟာ ႏုိ႔…အဲ.. ႏြားႏုိ႔၊ ဆိတ္ႏုိ႔၊ ကၽြဲႏုိ႔ စတဲ့ ႏုိ႔ေတြအတြက္ ကမာၻလံုးဆိုင္ရာ အထိမ္းအမွတ္ေန႔ပါဗ်ာ။

ကမာၻလံုးဆုိင္ရာ ႏုိ႔ေန႔ဆိုတာ ကမာၻ႔ကုလသမဂၢ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရး အသင္းက ကမာၻလံုးဆုိင္ရာ အစားအစာတစ္ခုအျဖစ္ ႏုိ႔ရဲ့ အေရးၾကီးမႈကို အသိအမွတ္ျပဳတဲ့ အေနနဲ႔ ၂၀၀၁ ခုႏွစ္တည္းက စတင္က်င္းပခဲ့တာ ျဖစ္ပါတယ္။

World Milk Day ကို လူတိုင္းပါဝင္ဆင္ႏႊဲလို႔ ရျပီး အားကစားအသင္းေတြ၊ ႏုိ႔နဲ႔ ႏု႔ိထြက္ပစၥည္းထုတ္လုပ္ေရာငး္ခ်သူေတြ၊ က်န္းမာေရးနဲ႔ အာဟာရအဖြဲ႔အစည္းေတြ၊ ေမြးျမဴေရးအသင္းအဖြဲ႔ေတြ၊ ေက်ာင္းေတြနဲ႔ တကၠသိုလ္ေတြဟာ အဲဒီေန႔မွာ ပါဝင္ဆင္ႏႊဲၾကေလ့ရွိပါတယ္။

ဘယ္လို ပါဝင္ဆင္ႏႊဲေလ့ ရွိလဲဆိုေတာ့ လတ္ဆတ္တဲ့ ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းေတြ တည္ခင္းဧည့္ခံတဲ့  ပါတီပြဲေတြ က်င္းပတာမ်ိဳးေပါ့။ ကမာၻတဝွမ္းမွာ အဲဒီေန႔အတြင္းက်င္းပတတ္တဲ့ နမူနာပံုစံေတြကေတာ့

  • ႏုိ႔ထြက္ပစၥည္းေတြပဲ သီးသန္႔ ပါတဲ့ ေန႔လည္စာနဲ႔ တည္ခင္းဧည့္ခံတာတို႔
  • ေက်ာင္းသားအရြယ္ေတြကို ေမြးျမဴေရးျခံကို အလည္အပတ္ခရီးထြက္ေစတာတို႔
  • ႏြားေတြကို ဓာတ္ပံုရုိက္ျပီး ဓာတ္ပံုအစားဆံုးႏြားဆု ခ်ီးျမွင့္တာတို႔ (အလဲ့လဲ့ …ဆန္းၾကယ္တယ္ေနာ္ :P)
  • ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းေတြ လွဴဒါန္းတာတို႔
  • ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းေတြရဲ့ အာဟာရတန္ဖိုးအေၾကာင္းကို အာဟာရပညာရွင္ေတြက ေဆြးေႏြးတင္ျပတာတို႔ လုပ္ျပီး ဒီေန႔ကို ဆင္ႏႊဲၾကပါတယ္။

World Milk Day က်င္းပရတဲ့ ရည္ရြယ္ခ်က္ေတြကေတာ့

  • ေကာင္းမြန္တဲ့ အစားအေသာက္၊ ေကာင္းမြန္တဲ့ က်န္းမာေရး၊ ေကာင္းမြန္တဲ့ အာဟာရရရွိေစဖို႔
  • ေမြးျမဴေရးသမားေတြဟာ သူတို႔ရဲ့ လူ႔မႈအဖြဲ႔အစည္း၊ ေျမယာနဲ႔ ေမြးထားတဲ့ တိရစာၦန္ေတြကို ပိုျပီး ဂရုစိုက္ေစဖို႔နဲ႔ တာဝန္ယူမႈရွိေစဖို႔
  • ႏုိ႔ထြက္ပစၥည္းေရာင္းဝယ္မႈေတြဟာ စီးပြားေရးဖြံ႔ျဖိဳးတိုးတက္မႈနဲ႔ လူသားေတြရဲ့ အသက္ရွင္သန္မႈကို အက်ိဳးျပဳေစဖို႔ ဆိုျပီး ျဖစ္ပါတယ္။

ဒီေတာ့ အခရာပရိသတ္ၾကီးထဲက ႏုိင္ငံတကာနဲ႔ ရင္ေဘာင္တန္းခ်င္တယ္ဆိုတဲ့  ကြီးတို႔ ၊ မြီးတို႔လည္း ဇြန္လ ၁ရက္ World Milk Day (ကမာၻ႔လံုးဆိုင္ရာ ႏုိ႔ေန႔) ကို အနည္းဆံုးေတာ့ ႏြားႏုိ႔တစ္ခြက္ေလာက္ ေသာက္ရင္း ပါဝင္ဆင္ႏႊဲလို႔ ရျပီေနာ္။

ရိုးလူ (အခရာ)

www.akhayar.com

[Unicode]

ဇွန်လ (၁) ရက် ကမ္ဘာလုံးဆိုင်ရာ နို့နေ့

အဟမ်း အဟမ်း…ခေါင်းစဉ်ကြားလိုက်တာနဲ့ ဘာသွားမြင်ကြသလဲဆိုတာ ကျွန်တော်သိတယ်နော် 😛 ။ ကျွန်တော်ပြောချင်တာက နို့ဗျ…. နို့စစ်စစ်။ တလွဲမတွေးပါနဲ့၊  ဇွန်လ ၁ရက်နေ့ဟာ နို့…အဲ.. နွားနို့၊ ဆိတ်နို့၊ ကျွဲနို့ စတဲ့ နို့တွေအတွက် ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်နေ့ပါဗျာ။

ကမ္ဘာလုံးဆိုင်ရာ နို့နေ့ဆိုတာ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အသင်းက ကမ္ဘာလုံးဆိုင်ရာ အစားအစာတစ်ခုအဖြစ် နို့ရဲ့ အရေးကြီးမှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ ၂၀၀၁ ခုနှစ်တည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

World Milk Day ကို လူတိုင်းပါဝင်ဆင်နွှဲလို့ ရပြီး အားကစားအသင်းတွေ၊ နို့နဲ့ နု့ိထွက်ပစ္စည်းထုတ်လုပ်ရောင်းချသူတွေ၊ ကျန်းမာရေးနဲ့ အာဟာရအဖွဲ့အစည်းတွေ၊ မွေးမြူရေးအသင်းအဖွဲ့တွေ၊ ကျောင်းတွေနဲ့ တက္ကသိုလ်တွေဟာ အဲဒီနေ့မှာ ပါဝင်ဆင်နွှဲကြလေ့ရှိပါတယ်။

ဘယ်လို ပါဝင်ဆင်နွှဲလေ့ ရှိလဲဆိုတော့ လတ်ဆတ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ တည်ခင်းဧည့်ခံတဲ့  ပါတီပွဲတွေ ကျင်းပတာမျိုးပေါ့။ ကမ္ဘာတဝှမ်းမှာ အဲဒီနေ့အတွင်းကျင်းပတတ်တဲ့ နမူနာပုံစံတွေကတော့

  • နို့ထွက်ပစ္စည်းတွေပဲ သီးသန့် ပါတဲ့ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံတာတို့
  • ကျောင်းသားအရွယ်တွေကို မွေးမြူရေးခြံကို အလည်အပတ်ခရီးထွက်စေတာတို့
  • နွားတွေကို ဓာတ်ပုံရိုက်ပြီး ဓာတ်ပုံအစားဆုံးနွားဆု ချီးမြှင့်တာတို့ (အလဲ့လဲ့ …ဆန်းကြယ်တယ်နော် :P)
  • နို့နဲ့ နို့ထွက်ပစ္စည်းတွေ လှူဒါန်းတာတို့
  • နို့နဲ့ နို့ထွက်ပစ္စည်းတွေရဲ့ အာဟာရတန်ဖိုးအကြောင်းကို အာဟာရပညာရှင်တွေက ဆွေးနွေးတင်ပြတာတို့ လုပ်ပြီး ဒီနေ့ကို ဆင်နွှဲကြပါတယ်။

World Milk Day ကျင်းပရတဲ့ ရည်ရွယ်ချက်တွေကတော့

  • ကောင်းမွန်တဲ့ အစားအသောက်၊ ကောင်းမွန်တဲ့ ကျန်းမာရေး၊ ကောင်းမွန်တဲ့ အာဟာရရရှိစေဖို့
  • မွေးမြူရေးသမားတွေဟာ သူတို့ရဲ့ လူ့မှုအဖွဲ့အစည်း၊ မြေယာနဲ့ မွေးထားတဲ့ တိရစ္ဆာန်တွေကို ပိုပြီး ဂရုစိုက်စေဖို့နဲ့ တာဝန်ယူမှုရှိစေဖို့
  • နို့ထွက်ပစ္စည်းရောင်းဝယ်မှုတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူသားတွေရဲ့ အသက်ရှင်သန်မှုကို အကျိုးပြုစေဖို့ ဆိုပြီး ဖြစ်ပါတယ်။

ဒီတော့ အခရာပရိသတ်ကြီးထဲက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းချင်တယ်ဆိုတဲ့  ကွီးတို့ ၊ မွီးတို့လည်း ဇွန်လ ၁ရက် World Milk Day (ကမ္ဘာ့လုံးဆိုင်ရာ နို့နေ့) ကို အနည်းဆုံးတော့ နွားနို့တစ်ခွက်လောက် သောက်ရင်း ပါဝင်ဆင်နွှဲလို့ ရပြီနော်။

ရိုးလူ (အခရာ)

www.akhayar.com