ေမလ ၂၂ ရက္ေန႔က မန္ခ်က္စတာျမိဳ႕က Ariana Grande ရႈိးပြဲမွာ ျဖစ္သြားတဲ့ ဗံုးေပါက္ကြဲမႈအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္အေနနဲ႔ တစ္ကမာၻလံုးက အထင္ကရေနရာေတြမွာ ျဗိတိန္ယူနီယံဂ်က္အလံကို မီးထြန္းညွိျပီး တစ္သားတည္းရွိေၾကာင္း ျပသခဲ့ပါတယ္။

ဒီအေသခံဗံုးေပါက္ခြဲမႈျဖစ္ရပ္ေၾကာင့္ လူေပါင္း ၂၂ ဦးေသဆံုးခဲ့ရျပီး စုစုေပါင္း ၆၄ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ အထင္ကရေနရာေတြ၊ အေဆာက္အအံုေတြမွာ အနီေရာင္၊ အျဖဴေရာင္နဲ႔ အျပာေရာင္ေရာစပ္ထားတဲ့ ယူနီယံဂ်က္အလံပံု မီးမ်ားထြန္းညွိျပီး Social Media ေတြမွာပါ တင္ရင္း တုိက္ခုိက္ခံရတဲ့ လူေတြကို အားေပးႏွစ္သိမ့္ေၾကာင္းျပသခဲ့တာ ျဖစ္ပါတယ္။

ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်နီဗာမွာရွိတဲ့ Jet d’Eau ေရပန္းဟာလည္း တစ္ကမာၻလံုးက ယူနီယံဂ်က္အလံပံုေဖာ္တဲ့ အထင္ကရေနရာေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ခဲ့ပါတယ္။

 

Jet d’Eau

 

ကမာၻ႔အျမင့္ဆံုးတာဝါတစ္ခုျဖစ္တဲ့ ဘာ့ဂ်္ခါလီဖာဟာလည္း ဒူဘိုင္းရဲ့ ေကာင္းကင္ယံထိေရာက္ေအာင္ ယူနီယံဂ်က္အေရာင္ကို ထြန္းညွိထားပါတယ္။ ဒူဘိုင္းမွာ ေနထိင္သူအမ်ားစုဟာ ျဗိတိန္ႏုိင္ငံသားေတြ အပါအဝင္ ႏုိင္ငံျခားသားေတြ ျဖစ္ပါတယ္။ အဘူဒါဘီမွာလည္း Sheikh Zayed တံတားမွာလည္း အဲဒီလိုမ်ိဳးပဲ ထြန္းညွိထားပါတယ္။

 

Burj Khalifa

 

တေသြးတသားတည္းရွိမႈကို ျပတာမွာ အဲဒီေနရာေတြတင္ မဟုတ္ဘဲ အစၥေရးက Tel Aviv ျမိဳ႕ေတာ္ခန္းမ၊  အေမရိကန္ႏုိင္ငံ ဖေလာ္ရီဒါမွာ ရွိတဲ့ Orlando Eye ဧရာမရဟတ္ၾကီးမွာေရာ၊ ကေနဒါႏုိင္ငံ၊ တိုရြန္တိုျမိဳ႕မွာရွိတဲ့ Toronto Sign မွာေရာ အနီ၊အျဖဴနဲ႔ အျပာေရာင္ေတြ ထြန္းညွိေတာက္ပေနခဲ့ပါတယ္။

Orlando-Eye

 

ၾသစေၾတးလ်မွာလည္း Brisbane’s Story တံတားကို အလားတူ မီးထြန္းညွိခဲ့ပါတယ္။

 

ဒီလို ကမာၻအရပ္ရပ္က ေနရာေဒသေတြတင္ မဟုတ္ဘဲ ျဗိတိန္ႏုိင္ငံအတြင္းက အထင္ကရေနရာေတြမွာလည္း ယူနီယံဂ်က္အလံပံုမီးေရာင္ထြန္းညွိျပီး တစ္သားတည္းရွိမႈ၊ ဗံုးေပါက္ကြဲမႈမွာ ပါဝင္ခဲ့ရသူေတြကို စာနာမႈကို ျပသခဲ့ရမွာ Belfast City Council ၊ Penshaw Monument နဲ႔ ေနာက္ဆံုး ဝင္ဘေလအားကစားရုံၾကီးကအစ For Manchester မန္ခ်က္စတာအတြက္ဆိုျပီး ပါဝင္ခဲ့ပါတယ္ခင္ဗ်ား။

Belfast-City-Council

Penshaw-Monument

 

Unicode Version

မေလ ၂၂ ရက်နေ့က မန်ချက်စတာမြို့က Ariana Grande ရှိုးပွဲမှာ ဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တစ်ကမ္ဘာလုံးက အထင်ကရနေရာတွေမှာ ဗြိတိန်ယူနီယံဂျက်အလံကို မီးထွန်းညှိပြီး တစ်သားတည်းရှိကြောင်း ပြသခဲ့ပါတယ်။

ဒီအသေခံဗုံးပေါက်ခွဲမှုဖြစ်ရပ်ကြောင့် လူပေါင်း ၂၂ ဦးသေဆုံးခဲ့ရပြီး စုစုပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အထင်ကရနေရာတွေ၊ အဆောက်အအုံတွေမှာ အနီရောင်၊ အဖြူရောင်နဲ့ အပြာရောင်ရောစပ်ထားတဲ့ ယူနီယံဂျက်အလံပုံ မီးများထွန်းညှိပြီး Social Media တွေမှာပါ တင်ရင်း တိုက်ခိုက်ခံရတဲ့ လူတွေကို အားပေးနှစ်သိမ့်ကြောင်းပြသခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာရှိတဲ့ Jet d’Eau ရေပန်းဟာလည်း တစ်ကမ္ဘာလုံးက ယူနီယံဂျက်အလံပုံဖော်တဲ့ အထင်ကရနေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတာဝါတစ်ခုဖြစ်တဲ့ ဘာ့ဂျ်ခါလီဖာဟာလည်း ဒူဘိုင်းရဲ့ ကောင်းကင်ယံထိရောက်အောင် ယူနီယံဂျက်အရောင်ကို ထွန်းညှိထားပါတယ်။ ဒူဘိုင်းမှာ နေထိင်သူအများစုဟာ ဗြိတိန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ အဘူဒါဘီမှာလည်း Sheikh Zayed တံတားမှာလည်း အဲဒီလိုမျိုးပဲ ထွန်းညှိထားပါတယ်။

တသွေးတသားတည်းရှိမှုကို ပြတာမှာ အဲဒီနေရာတွေတင် မဟုတ်ဘဲ အစ္စရေးက Tel Aviv မြို့တော်ခန်းမ၊  အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာ ရှိတဲ့ Orlando Eye ဧရာမရဟတ်ကြီးမှာရော၊ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာရှိတဲ့ Toronto Sign မှာရော အနီ၊အဖြူနဲ့ အပြာရောင်တွေ ထွန်းညှိတောက်ပနေခဲ့ပါတယ်။

သြစတြေးလျမှာလည်း Brisbane’s Story တံတားကို အလားတူ မီးထွန်းညှိခဲ့ပါတယ်။

ဒီလို ကမ္ဘာအရပ်ရပ်က နေရာဒေသတွေတင် မဟုတ်ဘဲ ဗြိတိန်နိုင်ငံအတွင်းက အထင်ကရနေရာတွေမှာလည်း ယူနီယံဂျက်အလံပုံမီးရောင်ထွန်းညှိပြီး တစ်သားတည်းရှိမှု၊ ဗုံးပေါက်ကွဲမှုမှာ ပါဝင်ခဲ့ရသူတွေကို စာနာမှုကို ပြသခဲ့ရမှာ Belfast City Council ၊ Penshaw Monument နဲ့ နောက်ဆုံး ဝင်ဘလေအားကစားရုံကြီးကအစ For Manchester မန်ချက်စတာအတွက်ဆိုပြီး ပါဝင်ခဲ့ပါတယ်ခင်ဗျား။

 

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : BBC Trending