[Zawgyi]



Jennifer Lawrence


Ryan Gosling


Leonardo DiCaprio


Rihanna


Jay-Z


Johnny Depp


Tom Cruise


Daniel Radcliffe


Nicole Kidman


Avril Lavinge


Jim Carrey


Drew Barrymore


Catherina Zeta-Jones


John Travolta



ကြည်သာ (Akhayar)

Photo Credit: ELLE

www.akhayar.com
[Unicode]

အတန်းပညာကို ဆုံးခန်းတိုင်အောင်သင်ကြားခွင့်မရခဲ့တဲ့ ကမ္ဘာကျော်အနုပညာရှင်များ

ကမ္ဘာကျော် အနုပညာရှင်တွေထဲမှာလည်း ကျောင်းမပြီးသေးတဲ့ သူတွေရှိကြပါတယ်။ ဒီလိုကျောင်မပြီးသေးတာကလည်း သူတို့ရဲ့ရည်ရွယ်ချက်တွေကပညာရေးကို အလေးမသာခဲ့သလို သူတို့ရဲ့ဘဝအခြေအနေတွေကြောင့်နဲ့ သူတို့ဝါသနာပါတဲ့ အရာတွေကြောင့်သာ ပညာရေးကို ဆုံးခန်းတိုင်အောင်မပြီးမြောက်ခဲ့ကြတာပါ။ သူတို့ဝါသနာပါတဲ့ အရာတွေ ပေါ်မှာတော့ အားသွန်ခွန်ဆိုက်လုပ်ဆောင်ခဲ့ကြလို့လည်း ဒီလိုမျိုးနာမည်ကြီးအနုပညာရှင်တွေ ဖြစ်လာကြတာလည်း ဖြစ်ပါတယ်။

Jennifer Lawrence

Jennifer Lawrence ဟာ အသက် ၁၄ နှစ်အရွယ်မှာ အလယ်တန်းကျောင်းသူဘဝနဲ့ ကျောင်းထွက်လိုက်တာဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း ပြောဖူးပါတယ် “ကျွန်မအလယ်တန်းကျောင်းသူဘဝ နဲ့ကျောင်းထွက်လိုက်တဲ့ အတွက်နည်းပညာပိုင်းဆိုင်ရာဘွဲ့တွေနဲ့ ဘာဒီပလိုမာမှကျွန်မဆီမှာ မရှိခဲ့ပါဘူး” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောဖူးတာဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း ‘ I am self-educated’ လို့ခံယူထားသူတစ်ဦးဖြစ်ပါတယ်တဲ့လေ။

Ryan Gosling

Ryan Gosling ဟာလည်းအသက် ၁၇ နှစ်လောက်မှာ အထက်တန်းကျောင်းသားဘဝ ကို စွန့်လွှတ်ခဲ့တဲ့အတွက် ကျောင်းပြီးတဲ့ အထိမတတ်ခဲ့ရပါဘူး။ ပြီးတော့ Disney ရဲ့ Mickey Mouse Club မှာ ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့တာပါ။

Leonardo DiCaprio

Oscar ဆုရှင်တစ်ဦးဖြစ်တဲ့ Leonardo DiCaprio ဟာဆိုရင်လည်း ကျောင်းမပြီးတဲ့ ထဲမှာပါဝင်ပါတယ်။ သူကတော့ကျောင်းထွက်ပြီးနောက်မှာတော့ Free Local Drama Center မှာ လေ့လာသင်ယူတာတွေကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

Rihanna

Rihanna ကတော့ အသက် ၁၆ နှစ်အရွယ်မှာ သီချင်းသွင်းတာတွေကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ကျောင်းကိုနားလိုက်တာဖြစ်ပါတယ်။

Jay-Z

Rapper အဆိုတော်တစ်ဦးလည်း ဖြစ်သလို ပရိုဂျူဆာ တစ်ဦးဖြစ်တဲ့ Jay-Z ကလည်း အထက်တန်းကျောင်း မပြီးသေးခင် ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်။

Johnny Depp

Johnny Deep ကတော့ အသက် ၁၅ နှစ်အရွယ်မှာ ကျောင်းထွက်လိုက်တာဖြစ်ပါတယ်။ အခုလိုကျောင်းထွက်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ Rock Star တစ်ယောက်ဖြစ်ဖို့အတွက် ပေမယ့်လည်း အခုချိန်မှာတော့ နာမည်ကြီးသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

Tom Cruise

Tom Cruise ရဲ့ပထမ ပိုင်းစိတ်ကူးယဉ်အိပ်မက်ကတော့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်ဖို့အတွက် စိတ်ကူးထားခဲ့တာပါတဲ့လေ။ ဒါပေမယ့်လည်း အထက်တန်းကျောင်းသားဘဝမှာ ကျောင်းထွက်ခဲ့ပြီး မင်းသားတစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Daniel Radcliffe

Harry Potter မင်းသား Daniel Radcliffe ကလည်းကျောင်းမပြီးတဲ့ အနုပညာရှင်တွေထဲမှာပါဝင်ပါတယ်။ အသက်ငယ်ငယ်နဲ့ ဇာတ်ကားတွေကို ပင်တိုင်စံရိုက်ကူးနေရတဲ့ အတွက် ကျောင်းမပြီးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။

Nicole Kidman

Nicole Kidman ကလည်း အသက် ၁၆ နှစ်အရွယ်မှာ ကျောင်းနားလိုက်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Avril Lavinge

အဆိုတော် Avril Lavinge ကလည်း အသက် ၁၇ နှစ်အရွယ်မှာ ကျောင်းနားလိုက်ပြီး သူမရဲ့သီချင်းခွေထွက်ရှိဖို့အတွက် စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

Jim Carrey

Jim Carrey ကျောင်းထွက်လိုက်တာကတော့ အနုပညာကြောင့်မဟုတ်ပါဘူး။ သူ့ရဲ့မိသားစုစီးပွားရေး အခြေအနေအဆင်မပြေတော့တာကြောင့် တစ်ဖက်တစ်လှမ်းကနေပြီး ထောက်ပံ့နိုင်ရန်အတွက် ကျောင်းနားလိုက်တာဖြစ်တယ်လို့သိရပါတယ်။

Drew Barrymore

မင်းသမီး Drew Barrymore ကလည်း အသက်ငယ်ရွယ်တုန်းမှာ အနုပညာအလုပ်တွေကိုစတင်လုပ်ခဲ့တာဖြစ်လို့ ဘယ်တော့မကျောင်းမပြီးတော့တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။

Catherina Zeta-Jones

သူမကလည်း အသက် ၁၅ နှစ်အရွယ်လောက်မှာ ကျောင်းထွက်ခဲ့ပြီးတော့ သရုပ်ဆောင်ပညာကို အချိန်ပြည့်လေ့လာခဲ့သူတစ်ဦးဖြစ်ပါတယ်။

John Travolta

မင်းသားကြီး John Travolta ကတော့ အသက် ၁၆ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့တာဖြစ်ပါတယ်။

ကျောင်းမပြီးသေးပေမယ့်လည်း နာမည်ကျော်ခဲ့တဲ့သူတွေဟာ ဘယ်သူတွေလည်းဆိုတာကို ပရိသတ်ကြီးလည်း သိပြီးလောက်ပါပြီ။ ဒါကြောင့် ပညာရေးမှာ အားနည်းလို့ ပညာရေးတစ်ပိုင်းတစ်စ ဖြစ်လို့ဆိုပြီး မိမိကိုယ်ကိုယ်အားငယ်နေကြမယ့် အစားကိုယ်တိုင်စိတ်ဝင်စား ဝါသနာပါတာတစ်ခုခုကို အားသွန်ခွန်စိုက်လုပ်ဆောင်မယ်ဆိုရင်တော့ သင်ဟာလည်း ကမ္ဘာကျော်တစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။

ကြည်သာ (Akhayar)

Photo Credit: ELLE

www.akhayar.com