[Knowledge] [Unicode below]

တစ္ပြဲကို ေဒၚလာ ၃၂၀၀ ေပးရမယ္ဆို အံၾသသြားမလား? ၿမန္မာေငြနဲ႔ဆို ကာလေပါက္ေစ်း ၄၃ သိန္းေက်ာ္မယ္ေနာ္။ ၁၈၄၆ ခုနွစ္က စၿပီး မ်ိဳးဆက္ ၆ ဆက္ေလာက္ လယ္အလုပ္ ေမြးၿမဴေရးနဲ႔ သားသတ္လုပ္ငန္းေတြကို လုပ္ကိုင္ခဲ့တဲ႔မိသားစုေလးက ဆင္းသက္လာတဲ႔ Alexandre Polmard ဆိုတဲ႔သူ အေၾကာင္းေလးေပါ့။ ၁၉၉၀ ခုနွစ္ေလာက္မွာ သူ႕အဖိုး သူ႕အေဖနွင့္အတူ Hibernation ဆိုတဲ႔ အသားကိုေဆာင္းတြင္းေလာက္ ေအးခဲေအာင္ သိမ္းဆည္းၿပီး ထုတ္လုပ္တဲ႔ နည္းေလးကို တီထြင္ ရင္းနွီးၿမဳပ္နွံခဲ့ၾကသတဲ႔။  ဒီနည္းက -43’C  ေလာက္ထိကို ေအးခဲမွဳမွာ အသားကို သိမ္းဆည္းဖန္တီးတာပါ။ ဒီလိုသိမ္းဆည္းၿခင္းက Polmard အတြက္ အသားရဲ႕ အရည္အေသြးကို မက်ေစပဲ အခ်ိန္ေတာ္ေတာ္ၾကာ ထိန္းသိမ္းနိုင္လို႔ပါ။

Alexandre Polmard.

ဒီေတာ့ 2000 vintage cote de boeuf (rib steak) လို႔အမည္တြင္တဲ႔ နံရိုးစတိတ္ တစ္ပြဲကို ယူရို ၃၀၀၀ (ေဒၚလာဆို ၃၂၀၀) ၊ၿမန္မာေငြ ၄၃ သိန္းေက်ာ္ ေမးရမယ္ဗ်။

သူ႕အေၿပာေလးက သူ႕အတြက္ ဒီလုိမ်ိဳး ေမြးၿမဴေရးလုပ္ဖို႔ကို ၿမိဳ႕ငယ္ေလးမွာ ေနရာအလုံအေလာက္မရွိပါဘူး။ ဒီေတာ့ ၿမိဳ႕ေလးရဲ႕ ပန္းၿခံေလးေတြ ေတာအုပ္ေလးေတြမွာ ၿဖန္႔က်က္ေမြးၿမဴရပါတယ္။ ဒီေတာ့ဗ်ာ သူတို႔ မိုးရြာမယ္ နွင္းစိုမယ္ဆို သူတို႔အဆင္ေၿပမယ့္ အမိုးအကာကိုေတာ့ ရွာရတာေပါ့။

“ေန႔စဥ္ သူတို႔နဲ႔ က်ေနာ္ စကားေၿပာၿဖစ္တယ္’’

လူတိုင္းမွာ စိတ္ဖိစီးမွဳ ရွိသလို သူေမြးၿမဴထားတဲ႔ သတၱ၀ါေတြမွာလည္း ရွိမွာပါေလ။ အၿမဲ စိတ္သက္သာရေစတဲ႔ စကားမ်ိဳးေတြ ေၿပာၿဖစ္တယ္။ သူတို႔ေနာက္ဆံုးအခ်ိန္ေရာက္လာရင္ေတာင္ သက္ေတာင့္သက္သာ ၿဖစ္ေစခ်င္တယ္ေလ။ စိတ္ဖိစီးမွဳက Glycogen and Lactic Acid ဆိုတာေတြ ထြက္ေစတယ္။ အသားကို နုညံ႔မွဳ ေလ်ာ့က်ေစသလို အရသာလည္း က်ေစတယ္ေလ။

သူ ယူရို သန္းနဲ႔ခ်ီ ရင္းနွီးထားတဲ႔ ဒီအရာေလးက  တစ္ပတ္ကို ႏြားေကာင္ေရ ၄ ေကာင္ပဲ ထြက္ပါတယ္။ ဒါကိုမွ အေကာင္းဆံုး စိတ္ဖိစီးမွဳအနည္းဆံုး အေကာင္ကို ေရြးပါေသးတယ္။

“က်ြန္ေတာ့္ရဲ႕ ေမြးၿမဴထားတဲ႔ အသားေတြက ခ်စ္ၿခင္းေမတၱာနဲ႔ နူးညံ့စြာ တည္ေဆာက္ထားလို႔ ပန္းကန္ၿပားေပၚမွာ တင္ၿပီးစားလိုက္ရင္ၿဖင့္ လွ်ာမွာခံစားေစရမွာပါ။ ထူးၿခားမွဳ …’’

ဒီေတာ့ ဒီ Polmard boucherie ဆိုတဲ႔ ေမြးၿမဴေရးလုပ္ငန္းေလးက ေရႊဆိုင္ၾကီးေတြနဲ႔ ဆင္ေနၿပီေပါ့။ အသားေတြကို ၿဖတ္၊ သစ္သားအံဆြဲေလးေတြနဲ႔ထည့္ အေမွာင္ထဲမွာ အလွၿပၿပီး ေရာင္းခ်ေနတာပါ။

ဒါေတာင္ ၂၈ ရက္ နဲ႔ ၅၆ ရက္ ၾကားထဲက အရြယ္ကိုပဲ ေရာင္းခ်တာပါ။

ဒီမွာ လူတိုင္း စားနိုင္ တတ္နိုင္ေအာင္လည္း တစ္ေယာက္စာ ေဒၚလာ ၇၀၀ နီးပါးေလးေတြ ဖန္တီးထားသတဲ႔။

Polmard, 2 Rue de l’Abbaye, Paris; +33 1432 97648

(၇၀၀ ေလာက္က သူတို႔ဆီမွာ ထမင္းစား ေရေသာက္ရေပမယ့္ ၿမန္မာနိုင္ငံအေနနဲ႔ ေတာ္ေတာ္မ်ားတယ္ေနာ္)

ဒီေတာ့ဗ်ာ ဒီေလာက္ ေစ်းၾကီးတဲ႔ Beef Steak တစ္ပြဲ ကမၻာေပၚမွာ ရွိပါလား…

တခ်ိန္ ငါ ကမၻာပတ္ၿဖစ္ခဲ႔ရင္ ဒီလို ဆိုင္မ်ိဳးမွာ ဘယ္လိုစားရမယ္…

အိမ္မက္ေတြ တကယ္ၿဖစ္လာေအာင္ သင္ကိုယ္တိုင္ပဲ ဖန္တီးမွာပါ…

Chris Dwyer လုိ႔ေခၚတဲ႔ Food Writer ေရးထားေသာ World’s most expensive meat? Find it with a Paris butcher ဆုိတဲ့ စာစုမွ ကူးယူးေဖာ္ၿပပါသည္။ (CNN Travel)

ရေကာက္ – Akhayar

=========

[Unicode]

တစ်ပွဲကို ဒေါ်လာ ၃၂၀၀ ပေးရမယ်ဆို အံသြသွားမလား? မြန်မာငွေနဲ့ဆို ကာလပေါက်ဈေး ၄၃ သိန်းကျော်မယ်နော်။ ၁၈၄၆ ခုနှစ်က စပြီး မျိုးဆက် ၆ ဆက်လောက် လယ်အလုပ် မွေးမြူရေးနဲ့ သားသတ်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တဲ့မိသားစုလေးက ဆင်းသက်လာတဲ့ Alexandre Polmard ဆိုတဲ့သူ အကြောင်းလေးပေါ့။ ၁၉၉၀ ခုနှစ်လောက်မှာ သူ့အဖိုး သူ့အဖေနှင့်အတူ Hibernation ဆိုတဲ့ အသားကိုဆောင်းတွင်းလောက် အေးခဲအောင် သိမ်းဆည်းပြီး ထုတ်လုပ်တဲ့ နည်းလေးကို တီထွင် ရင်းနှီးမြုပ်နှံခဲ့ကြသတဲ့။ ဒီနည်းက -43’C လောက်ထိကို အေးခဲမှုမှာ အသားကို သိမ်းဆည်းဖန်တီးတာပါ။ ဒီလိုသိမ်းဆည်းခြင်းက Polmard အတွက် အသားရဲ့ အရည်အသွေးကို မကျစေပဲ အချိန်တော်တော်ကြာ ထိန်းသိမ်းနိုင်လို့ပါ။


ဒီတော့ 2000 vintage cote de boeuf (rib steak) လို့အမည်တွင်တဲ့ နံရိုးစတိတ် တစ်ပွဲကို ယူရို ၃၀၀၀ (ဒေါ်လာဆို ၃၂၀၀) ၊မြန်မာငွေ ၄၃ သိန်းကျော် မေးရမယ်ဗျ။
သူ့အပြောလေးက သူ့အတွက် ဒီလိုမျိုး မွေးမြူရေးလုပ်ဖို့ကို မြို့ငယ်လေးမှာ နေရာအလုံအလောက်မရှိပါဘူး။ ဒီတော့ မြို့လေးရဲ့ ပန်းခြံလေးတွေ တောအုပ်လေးတွေမှာ ဖြန့်ကျက်မွေးမြူရပါတယ်။ ဒီတော့ဗျာ သူတို့ မိုးရွာမယ် နှင်းစိုမယ်ဆို သူတို့အဆင်ပြေမယ့် အမိုးအကာကိုတော့ ရှာရတာပေါ့။
“နေ့စဉ် သူတို့နဲ့ ကျနော် စကားပြောဖြစ်တယ်’’
လူတိုင်းမှာ စိတ်ဖိစီးမှု ရှိသလို သူမွေးမြူထားတဲ့ သတ္တဝါတွေမှာလည်း ရှိမှာပါလေ။ အမြဲ စိတ်သက်သာရစေတဲ့ စကားမျိုးတွေ ပြောဖြစ်တယ်။ သူတို့နောက်ဆုံးအချိန်ရောက်လာရင်တောင် သက်တောင့်သက်သာ ဖြစ်စေချင်တယ်လေ။ စိတ်ဖိစီးမှုက Glycogen and Lactic Acid ဆိုတာတွေ ထွက်စေတယ်။ အသားကို နုညံ့မှု လျော့ကျစေသလို အရသာလည်း ကျစေတယ်လေ။
သူ ယူရို သန်းနဲ့ချီ ရင်းနှီးထားတဲ့ ဒီအရာလေးက တစ်ပတ်ကို နွားကောင်ရေ ၄ ကောင်ပဲ ထွက်ပါတယ်။ ဒါကိုမှ အကောင်းဆုံး စိတ်ဖိစီးမှုအနည်းဆုံး အကောင်ကို ရွေးပါသေးတယ်။
“ကျွန်တော့်ရဲ့ မွေးမြူထားတဲ့ အသားတွေက ချစ်ခြင်းမေတ္တာနဲ့ နူးညံ့စွာ တည်ဆောက်ထားလို့ ပန်းကန်ပြားပေါ်မှာ တင်ပြီးစားလိုက်ရင်ဖြင့် လျှာမှာခံစားစေရမှာပါ။ ထူးခြားမှု …’’
ဒီတော့ ဒီ Polmard boucherie ဆိုတဲ့ မွေးမြူရေးလုပ်ငန်းလေးက ရွှေဆိုင်ကြီးတွေနဲ့ ဆင်နေပြီပေါ့။ အသားတွေကို ဖြတ်၊ သစ်သားအံဆွဲလေးတွေနဲ့ထည့် အမှောင်ထဲမှာ အလှပြပြီး ရောင်းချနေတာပါ။
ဒါတောင် ၂၈ ရက် နဲ့ ၅၆ ရက် ကြားထဲက အရွယ်ကိုပဲ ရောင်းချတာပါ။
ဒီမှာ လူတိုင်း စားနိုင် တတ်နိုင်အောင်လည်း တစ်ယောက်စာ ဒေါ်လာ ၇၀၀ နီးပါးလေးတွေ ဖန်တီးထားသတဲ့။
Polmard, 2 Rue de l’Abbaye, Paris; +33 1432 97648
www.polmard.com
(၇၀၀ လောက်က သူတို့ဆီမှာ ထမင်းစား ရေသောက်ရပေမယ့် မြန်မာနိုင်ငံအနေနဲ့ တော်တော်များတယ်နော်)
ဒီတော့ဗျာ ဒီလောက် ဈေးကြီးတဲ့ Beef Steak တစ်ပွဲ ကမ္ဘာပေါ်မှာ ရှိပါလား…
တချိန် ငါ ကမ္ဘာပတ်ဖြစ်ခဲ့ရင် ဒီလို ဆိုင်မျိုးမှာ ဘယ်လိုစားရမယ်…
အိမ်မက်တွေ တကယ်ဖြစ်လာအောင် သင်ကိုယ်တိုင်ပဲ ဖန်တီးမှာပါ…
Chris Dwyer လို့ခေါ်တဲ့ Food Writer ရေးထားသော World’s most expensive meat? Find it with a Paris butcher ဆိုတဲ့ စာစုမှ ကူးယူးဖော်ပြပါသည်။ (CNN Travel)
ရကောက် – Akhayar