ေခြးေတြဟာ မ်ားေသာအားျဖင့္သစၥာရွိၿပီး ခ်စ္ဖုိ႔ေကာင္းတဲ့ လူေတြအတြက္ အေဖာ္မြန္ျဖစ္တာေၾကာင့္ လူေတြရဲ႕ အေကာင္းဆုံးသူငယ္ခ်င္းလို မွတ္ခ်က္ျပဳၾကပါတယ္။ ယံုၾကည္မႈ၊ ေလးစားမႈနဲ႔ ခ်စ္ခင္မႈေတြဟာ သူတို႔အားလံုးမွာ ရွိၾကပါတယ္။ တခ်ဳိ႕ေခြးမ်ဳိးစိတ္ေတြကေတာ့ ၾကမ္းတမ္းတဲ့ အမူအက်င့္ေတြရွိၿပီး လူစိမ္းေတြနဲ႔ သခင္ကိုေတာင္မွ ျပန္လည္တိုက္ခိုက္ၾကတဲ့ အက်င့္ရွိၾကပါတယ္။ ဒီလုိျဖစ္ရတာဟာ ပတ္ဝန္းက်င္အေျခအေနေၾကာင့္နဲ႔ ေမြးျမဴတဲ့ပံုစံေတြေၾကာင့္ျဖစ္ႏုိင္ေပမယ့္ ေခြးရဲ႕ မူလ မ်ဳိးစိတ္ကိုက ၾကမ္းၾကမ္းတမ္းတမ္းရွိၿပီး ရန္လိုတတ္တဲ့ ေခြးမ်ဳိးစိတ္ေတြ ရွိၾကပါတယ္။ တခ်ဳိ႕ေခြးေတြဟာ လူကိုေသေစႏိုင္ေလာက္တဲ့အထိ အႏၱရာယ္ႀကီးၾကပါတယ္။ ဒီလုိအႏၱရာယ္ႀကီးလွတဲ့ ေခြးမ်ဳိးစိတ္ေတြကိုေအာက္မွာ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ Pit Bull

Pit-Bull-Dog

Pit Bull ေခြးအမ်ဳိးအစားကေတာ့ လက္ရွိအခ်ိန္အထိ ကမာၻေပၚမွာ အႏၱရာယ္အရွိဆံုး ေခြးမ်ဳိးစိတ္ပဲျဖစ္ပါတယ္။ ဒီေခြမ်ဳိးစိတ္ဟာ ရန္လိုမႈအႀကီးဆံုးေခြးမ်ဳိးစိတ္ေတြထဲက တစ္မ်ဳိးျဖစ္ၿပီး လူေပါင္းမ်ားစြာကို အသက္ေသဆံုေစခဲ့ပါတယ္။ ဒီလုိ ရန္လိုၾကမ္းတမ္းမႈမရွိရေအာင္ စနစ္တက် ေလ့က်င့္ေပးထားဖို႔လုိပါတယ္။ ဒီလုိ ရန္လိုၾကမ္းတမ္းတဲ့ စရိုက္ရွိတာေၾကာင့္ Pit Bull ေတြကို တခ်ဳိ႕ႏိုင္ငံေတြမွာ ေမြးျမဴခြင့္ပိတ္ပင္ထားၾကပါတယ္။

၂။ Rottweilers

Rottweiler

Rottweilers ေခြးမ်ဳိးစိတ္ေတြဟာ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ သန္မာၿပီး ရန္လိုတဲ့စရိုက္ရွိၾကၿပီး လူမ်ားစြာကိုေသေစခဲ့တဲ့ ရာဇဝင္ေတြလည္းရွိပါတယ္။ ဒီေခြးမ်ဳိးစိတ္ေတြဟာ သန္မာလွတဲ့ ပါးစပ္ေတြေၾကာင့္ အင္မတန္ ကိုက္အားေကာင္းၾကပါတယ္။

၃။ German Shepherd

German-Shepherd

ဒီေခြးအမ်ဳိးအစားေတြရဲ႕ ကိုက္အား( Force) ၁ဝ၆၀ newton ရွိၿပီး ေခြးအေသးေလးေတြကို အႏိုင္က်င့္တတ္တဲ့ အက်င့္ရွိပါတယ္။ ဒီေခြးေတြဟာလည္း လူကိုအသက္ေသေစတဲ့အထိ တိုက္ခိုက္ႏိုင္တဲ့ ေခြးေတြျဖစ္ပါတယ္။ ဒီေခြးေတြကိုေတာ့ အခုအခါမွာ ရဲေခြးေတြအျဖစ္ အမ်ားဆံုး အသံုးျပဳေနၾကပါတယ္။

၄။ Doberman

Dobermann

Doberman ေခြးေတြကိုအရင္တုန္းက ရဲေခြးေတြအျဖစ္ သံုးခဲ့ၾကေပမယ့္ အခုအခါမွာေတာ့ အသံုးနည္းသြားခဲ့ၿပီျဖစ္ပါတယ္။ ဒိုဘာမင္ေတြဟာ မ်ားေသာအားျဖင့္ လူစိမ္းေတြကို ရန္လိုေလ့ရွိၾကၿပီး သခင္ကိုေတာ့ ရန္မူေလ့မရွိပါဘူး။ သူတို႔မွာ ႀကီးမားတဲ့ ခြန္အားဗလရွိတာေၾကာင့္ လူ႔အသက္ကိုေသေစႏိုင္တဲ့ ေခြးမ်ဳိးစိတ္တစ္ခုပဲ ျဖစ္ပါတယ္။

၅။ Bullmastiff

bullmistaff

Bullmastiff ေခြးအမ်ဳိးအစားေတြဟာ အေကာင္ႀကီးမားၿပီး အႏိုင္က်င့္တဲ့စိတ္ရွိကာ ေခြးအထီးေတြဟာ ေပါင္ ၁၃၀ အထိ အေလးခ်ိန္ရွိၾကပါတယ္။ သူတို႔ရဲ႕ ႀကီးမားတဲ့ အရြယ္အစားေၾကာင့္ အႏၱရာယ္ရွိတဲ့ ေခြးအျဖစ္သတ္မွတ္ခံထားရၿပီး အမိန္႔နာခံတတ္ေစဖုိ႔ ေလ့က်င့္မႈေကာင္းေကာင္းေပးဖို႔ လုိအပ္ပါတယ္။

၆။ Husky

husky-dog

Husky မ်ဳိးစိတ္ ေခြးေတြကိုေတာ့ လွည္းဆြဲတဲ့ ေခြးေတြလုိ႔လူသိမ်ားၾကၿပီး တက္ၾကြၿပီး အားအင္ျပည့္၀တဲ့ ေခြးမ်ဳိးေတြပဲျဖစ္ပါတယ္။ အလုပ္လုပ္ဖို႔ အသံုးျပဳတဲ့ေခြးမ်ဳိးစိတ္ျဖစ္ၿပီး အိမ္ေမြးေခြးေတာ့ မဟုတ္ပါဘူး။ သူတို႔ရဲ႕ ျပည့္ဝတဲ့စြမ္းရည္ေတြနဲ႔ တစ္ခါတစ္ရံမွာ လူေတြကို ရန္မူတတ္ၾကပါတယ္။

၇။ Malamute

Malamute

ဒီေခြမ်ဳိးစိတ္ကေတာ့ သားေကာင္ငယ္ေလးေတြကို လ်င္ျမန္စြာ ခုန္အုပ္တတ္တဲ့ ေခြးေတြပဲျဖစ္ပါတယ္။ အရင္ကေတာ့ ဒီေခြးေတြကို ေရခဲျပင္လွည္းဆြဲတဲ့ ေခြးေတြအျဖစ္ အသံုးျပဳခဲ့ၾကပါတယ္။ သားေကာင္ငယ္ေတြကို ရန္လိုတိုက္ခိုက္တတ္တဲ့အက်င့္ရွိပါတယ္။

၈။ Wolf Hybrid

 

Wolf-Hybrid

ေခြးေတြအားလံုးဟာ ဝံပုေလြက ဆင္းသက္လာတာျဖစ္ေပမယ့္ Wolf Hybrid ေခြးမ်ဳိးေတြဟာ ဝံပုေလြအရိုင္းေတြနဲ႔ မ်ဳိးစပ္ထားတဲ့ေခြးေတြျဖစ္ပါတယ္။ ဒီလုိမ်ဳိးစပ္ထားတဲ့ေခြးေတြဟာ အရိုင္းစိတ္တစ္ပိုင္း ၀င္ေနတာေၾကာင့္ သူတို႔ရဲ႕စိတ္အေျခအေနကို မွန္းဆရခက္ၿပီး တခ်ဳိ႕ႏိုင္ငံေတြမွာ ပိတ္ပင္ျခင္းခံထားရတဲ့ေခြးျဖစ္ပါတယ္။ ဒီေခြးေတြဟာလည္း လူေတြကို ေသေစခဲ့တဲ့ ရာဇဝင္ေတြရွိခဲ့ပါတယ္။

၉။ Boxer

boxerBoxer

ဒီေခြးမ်ဳိးစိတ္ေတြဟာ အမဲလိုက္ေခြးအမ်ဳိးအစားကေန ဆင္းသက္လာၾကတဲ့ေခြးေတြျဖစ္ၿပီး သူတို႔ကို တိုက္ေခြး၊ ၿခံေစာင့္ေခြးေတြအျဖစ္ ေမြးျမဴၾကပါတယ္။ သူတို႔မွာ သန္မာတဲ့ ေမးရိုးေတြရွိၿပီး ကိုက္အားေကာင္းကာ အိမ္ကိုအကာအကြယ္ေပးတာေၾကာင့္ အိမ္ေစာင့္ေခြးအျဖစ္လည္း အသံုးျပဳၾကပါတယ္။

၁၀။ Great Dane

great-dane

ဒီေခြးမ်ဳိးေတြဟာ ေသေသခ်ာခ်ာေလ့က်င့္ေပးမယ္ဆိုရင္ေတာ့ သိမ္ေမြ႔ၿပီး လိမၼာတဲ့ေခြးေတြျဖစ္လာႏိုင္ေပမယ့္ သူတို႔ရဲ႕ အရြယ္အစားႀကီးမားမႈေၾကာင့္ ေလ့က်င့္ပံုေလ့က်င့္နည္း မွားခဲ့မယ္ဆိုရင္ အႏၱရာယ္ႀကီးမားလာႏိုင္ပါတယ္။

အရြယ္ေရာက္ၿပီးသား Great Dane ေခြးတစ္ေကာင္ဟာ အေလးခ်ိန္ ေပါင္ ၂၀၀ အထိရွိႏိုင္ၿပီး အရပ္ ၈၆ စင္တီမီတာအထိရွည္ႏိုင္တဲ့အတြက္ ေသေသခ်ာခ်ာေလ့က်င့္မထားဘူးဆိုရင္ေတာ့ လူ႔အသက္ကို ေသေစႏိုင္တဲ့ သတၱ၀ါေတြ ျဖစ္လာႏုိင္ပါတယ္။

HGID_KV_Ads_Square

www.akhayar.com

Unicode

ခွေးတွေဟာ များသောအားဖြင့်သစ္စာရှိပြီး ချစ်ဖို့ကောင်းတဲ့ လူတွေအတွက် အဖော်မွန်ဖြစ်တာကြောင့် လူတွေရဲ့ အကောင်းဆုံးသူငယ်ချင်းလို မှတ်ချက်ပြုကြပါတယ်။ ယုံကြည်မှု၊ လေးစားမှုနဲ့ ချစ်ခင်မှုတွေဟာ သူတို့အားလုံးမှာ ရှိကြပါတယ်။ တချို့ခွေးမျိုးစိတ်တွေကတော့ ကြမ်းတမ်းတဲ့ အမူအကျင့်တွေရှိပြီး လူစိမ်းတွေနဲ့ သခင်ကိုတောင်မှ ပြန်လည်တိုက်ခိုက်ကြတဲ့ အကျင့်ရှိကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ပတ်ဝန်းကျင်အခြေအနေကြောင့်နဲ့ မွေးမြူတဲ့ပုံစံတွေကြောင့်ဖြစ်နိုင်ပေမယ့် ခွေးရဲ့ မူလ မျိုးစိတ်ကိုက ကြမ်းကြမ်းတမ်းတမ်းရှိပြီး ရန်လိုတတ်တဲ့ ခွေးမျိုးစိတ်တွေ ရှိကြပါတယ်။ တချို့ခွေးတွေဟာ လူကိုသေစေနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးကြပါတယ်။ ဒီလိုအန္တရာယ်ကြီးလှတဲ့ ခွေးမျိုးစိတ်တွေကိုအောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ Pit Bull

Pit Bull ခွေးအမျိုးအစားကတော့ လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ခွေးမျိုးစိတ်ပဲဖြစ်ပါတယ်။ ဒီခွေမျိုးစိတ်ဟာ ရန်လိုမှုအကြီးဆုံးခွေးမျိုးစိတ်တွေထဲက တစ်မျိုးဖြစ်ပြီး လူပေါင်းများစွာကို အသက်သေဆုံစေခဲ့ပါတယ်။ ဒီလို ရန်လိုကြမ်းတမ်းမှုမရှိရအောင် စနစ်တကျ လေ့ကျင့်ပေးထားဖို့လိုပါတယ်။ ဒီလို ရန်လိုကြမ်းတမ်းတဲ့ စရိုက်ရှိတာကြောင့် Pit Bull တွေကို တချို့နိုင်ငံတွေမှာ မွေးမြူခွင့်ပိတ်ပင်ထားကြပါတယ်။

၂။ Rottwilers

Rottwilers ခွေးမျိုးစိတ်တွေဟာ အံ့သြဖွယ်ကောင်းလောက်အောင် သန်မာပြီး ရန်လိုတဲ့စရိုက်ရှိကြပြီး လူများစွာကိုသေစေခဲ့တဲ့ ရာဇဝင်တွေလည်းရှိပါတယ်။ ဒီခွေးမျိုးစိတ်တွေဟာ သန်မာလှတဲ့ ပါးစပ်တွေကြောင့် အင်မတန် ကိုက်အားကောင်းကြပါတယ်။

၃။ German Shepherd

ဒီခွေးအမျိုးအစားတွေရဲ့ ကိုက်အား( Force) ၁ဝ၆၀ newton ရှိပြီး ခွေးအသေးလေးတွေကို အနိုင်ကျင့်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒီခွေးတွေဟာလည်း လူကိုအသက်သေစေတဲ့အထိ တိုက်ခိုက်နိုင်တဲ့ ခွေးတွေဖြစ်ပါတယ်။ ဒီခွေးတွေကိုတော့ အခုအခါမှာ ရဲခွေးတွေအဖြစ် အများဆုံး အသုံးပြုနေကြပါတယ်။

၄။ Doberman

Doberman ခွေးတွေကိုအရင်တုန်းက ရဲခွေးတွေအဖြစ် သုံးခဲ့ကြပေမယ့် အခုအခါမှာတော့ အသုံးနည်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒိုဘာမင်တွေဟာ များသောအားဖြင့် လူစိမ်းတွေကို ရန်လိုလေ့ရှိကြပြီး သခင်ကိုတော့ ရန်မူလေ့မရှိပါဘူး။ သူတို့မှာ ကြီးမားတဲ့ ခွန်အားဗလရှိတာကြောင့် လူ့အသက်ကိုသေစေနိုင်တဲ့ ခွေးမျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။

၅။ Bullmastiff

Bullmastiff ခွေးအမျိုးအစားတွေဟာ အကောင်ကြီးမားပြီး အနိုင်ကျင့်တဲ့စိတ်ရှိကာ ခွေးအထီးတွေဟာ ပေါင် ၁၃၀ အထိ အလေးချိန်ရှိကြပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ အရွယ်အစားကြောင့် အန္တရာယ်ရှိတဲ့ ခွေးအဖြစ်သတ်မှတ်ခံထားရပြီး အမိန့်နာခံတတ်စေဖို့ လေ့ကျင့်မှုကောင်းကောင်းပေးဖို့ လိုအပ်ပါတယ်။

၆။ Husky

Husky မျိုးစိတ် ခွေးတွေကိုတော့ လှည်းဆွဲတဲ့ ခွေးတွေလို့လူသိများကြပြီး တက်ကြွပြီး အားအင်ပြည့်ဝတဲ့ ခွေးမျိုးတွေပဲဖြစ်ပါတယ်။ အလုပ်လုပ်ဖို့ အသုံးပြုတဲ့ခွေးမျိုးစိတ်ဖြစ်ပြီး အိမ်မွေးခွေးတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ပြည့်ဝတဲ့စွမ်းရည်တွေနဲ့ တစ်ခါတစ်ရံမှာ လူတွေကို ရန်မူတတ်ကြပါတယ်။

၇။ Malamute

ဒီခွေမျိုးစိတ်ကတော့ သားကောင်ငယ်လေးတွေကို လျင်မြန်စွာ ခုန်အုပ်တတ်တဲ့ ခွေးတွေပဲဖြစ်ပါတယ်။ အရင်ကတော့ ဒီခွေးတွေကို ရေခဲပြင်လှည်းဆွဲတဲ့ ခွေးတွေအဖြစ် အသုံးပြုခဲ့ကြပါတယ်။ သားကောင်ငယ်တွေကို ရန်လိုတိုက်ခိုက်တတ်တဲ့အကျင့်ရှိပါတယ်။

၈။ Wolf Hybrid

ခွေးတွေအားလုံးဟာ ဝံပုလွေက ဆင်းသက်လာတာဖြစ်ပေမယ့် Wolf Hybrid ခွေးမျိုးတွေဟာ ဝံပုလွေအရိုင်းတွေနဲ့ မျိုးစပ်ထားတဲ့ခွေးတွေဖြစ်ပါတယ်။ ဒီလိုမျိုးစပ်ထားတဲ့ခွေးတွေဟာ အရိုင်းစိတ်တစ်ပိုင်း ဝင်နေတာကြောင့် သူတို့ရဲ့စိတ်အခြေအနေကို မှန်းဆရခက်ပြီး တချို့နိုင်ငံတွေမှာ ပိတ်ပင်ခြင်းခံထားရတဲ့ခွေးဖြစ်ပါတယ်။ ဒီခွေးတွေဟာလည်း လူတွေကို သေစေခဲ့တဲ့ ရာဇဝင်တွေရှိခဲ့ပါတယ်။

၉။ Boxer

Boxer ခွေးမျိုးစိတ်တွေဟာ အမဲလိုက်ခွေးအမျိုးအစားကနေ ဆင်းသက်လာကြတဲ့ခွေးတွေဖြစ်ပြီး သူတို့ကို တိုက်ခွေး၊ ခြံစောင့်ခွေးတွေအဖြစ် မွေးမြူကြပါတယ်။ သူတို့မှာ သန်မာတဲ့ မေးရိုးတွေရှိပြီး ကိုက်အားကောင်းကာ အိမ်ကိုအကာအကွယ်ပေးတာကြောင့် အိမ်စောင့်ခွေးအဖြစ်လည်း အသုံးပြုကြပါတယ်။

၁၀။ Great Dane

ဒီခွေးမျိုးတွေဟာ သေသေချာချာလေ့ကျင့်ပေးမယ်ဆိုရင်တော့ သိမ်မွေ့ပြီး လိမ္မာတဲ့ခွေးတွေဖြစ်လာနိုင်ပေမယ့် သူတို့ရဲ့ အရွယ်အစားကြီးမားမှုကြောင့် လေ့ကျင့်ပုံလေ့ကျင့်နည်း မှားခဲ့မယ်ဆိုရင် အန္တရာယ်ကြီးမားလာနိုင်ပါတယ်။
အရွယ်ရောက်ပြီးသား Great Dane ခွေးတစ်ကောင်ဟာ အလေးချိန် ပေါင် ၂၀၀ အထိရှိနိုင်ပြီး အရပ် ၈၆ စင်တီမီတာအထိရှည်နိုင်တဲ့အတွက် သေသေချာချာလေ့ကျင့်မထားဘူးဆိုရင်တော့ လူ့အသက်ကို သေစေနိုင်တဲ့ သတ္တဝါတွေ ဖြစ်လာနိုင်ပါတယ်။

HGID_KV_Ads_Square

www.akhayar.com