[Zawgyi]

ကြန္ပနီ Kompany ရဲ႕ ဒဏ္ရာအေျခအေန ျပင္းထန္မွာကုိ စုိးရိမ္ေနတဲ့ ဘယ္လ္ဂ်ီယံအသင္း နည္းျပ မာတီနက္ဇ္ Martinez

ဘယ္လ္ဂ်ီယံအသင္းနည္းျပ မာတီနက္ဇ္ Martinez ဟာ ေပၚတူဂီနဲ႔ ေျခစမ္းပဲြမွာ ဒဏ္ရာရရွိခဲ့တဲ့ ၀ါရင့္ေနာက္ခံလူ ကြန္ပနီ Kompany ရဲ႕ ဒဏ္ရာအေနအထား ျပင္းထန္မွာကုိ စုိးရိမ္ေနပါတယ္။ ေပၚတူဂီနဲ႔ ဂုိးမရွိသေရက်ခဲ့တဲ့ ပဲြမွာ ကြန္ပနီဟာ ဒုတိယပုိင္းအစမွာပဲ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ၾကြက္သားဒဏ္ရာလုိ႔ ယူဆရပါ တယ္။ မာတီနက္ဇ္အေနနဲ႔ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ အၿပီးသတ္ ကစားသမား(၂၃)ဦးစာရင္းကုိ ထုတ္ျပန္ေၾကညာဖုိ႔ (၂)ရက္သာ လုိေတာ့တဲ့အခ်ိန္မွာ ကြန္ပနီ ဒဏ္ရာရခဲ့တာက သူ႔အတြက္ စိတ္ပ်က္စရာပါပဲ။

Kompany-picks-up-knock

Kompany-picks-up-knock

မန္စီးတီးေနာက္ခံလူ ကြန္ပနီဟာ အရင္ႏွစ္ေတြကတည္းက ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး အခုဆုိရင္ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္မယ့္ လူစာရင္းမွာ ပါ၀င္ႏုိင္ဖုိ႔က သံသယျဖစ္စရာအေျခအေနပါ။ မာတီနက္ဇ္ကေတာ့ အၿပီးသတ္လူစာရင္း မထုတ္ခင္အခ်ိန္အထိ ကြန္ပနီရဲ႕ ဒဏ္ရာအေနအထားကုိ ေစာင့္ၾကည့္သြား မယ္လုိ႔ေတာ့ ဆုိထားပါတယ္။ မာတီနက္ဇ္က “ဗင္နီ(ကြန္ပနီ)ရဲ႕ အေျခအေန ဘယ္လုိရွိသလဲဆုိတာ မနက္ ျဖန္က်ရင္ ေစာင့္ၾကည့္သြားရမွာပါ။ သူ႔ေပါင္ၿခံမွာ နာက်င္မႈခံစားေနရၿပီး မနက္ျဖန္က်မွ ဒဏ္ရာကုိ Scan နဲ႔ စမ္းသပ္ စစ္ေဆးသြားမွာျဖစ္ပါတယ္။ အဲဒီလုိ ဒဏ္ရာမ်ိဳးက အရင္ဆုံး အနားယူဖုိ႔ လုိအပ္ေနတာျဖစ္ၿပီး သူ႔ ဒဏ္ရာအေပၚ ကၽြန္ေတာ္ တကယ္စုိးရိမ္ပါတယ္”လုိ႔ ဆုိခဲ့တာပါ။

REF:Goal.com
Photo:Football Ace,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကွန်ပနီ Kompany ရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်မှာကို စိုးရိမ်နေတဲ့ ဘယ်လ်ဂျီယံအသင်း နည်းပြ မာတီနက်ဇ် Martinez

ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ် Martinez ဟာ ပေါ်တူဂီနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ဝါရင့်နောက်ခံလူ ကွန်ပနီ Kompany ရဲ့ ဒဏ်ရာအနေအထား ပြင်းထန်မှာကို စိုးရိမ်နေပါတယ်။ ပေါ်တူဂီနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှာ ကွန်ပနီဟာ ဒုတိယပိုင်းအစမှာပဲ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကြွက်သားဒဏ်ရာလို့ ယူဆရပါ တယ်။ မာတီနက်ဇ်အနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ကစားသမား(၂၃)ဦးစာရင်းကို ထုတ်ပြန်ကြေညာဖို့ (၂)ရက်သာ လိုတော့တဲ့အချိန်မှာ ကွန်ပနီ ဒဏ်ရာရခဲ့တာက သူ့အတွက် စိတ်ပျက်စရာပါပဲ။

Kompany-picks-up-knock

Kompany-picks-up-knock

မန်စီးတီးနောက်ခံလူ ကွန်ပနီဟာ အရင်နှစ်တွေကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ ပါဝင်နိုင်ဖို့က သံသယဖြစ်စရာအခြေအနေပါ။ မာတီနက်ဇ်ကတော့ အပြီးသတ်လူစာရင်း မထုတ်ခင်အချိန်အထိ ကွန်ပနီရဲ့ ဒဏ်ရာအနေအထားကို စောင့်ကြည့်သွား မယ်လို့တော့ ဆိုထားပါတယ်။ မာတီနက်ဇ်က “ဗင်နီ(ကွန်ပနီ)ရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတာ မနက် ဖြန်ကျရင် စောင့်ကြည့်သွားရမှာပါ။ သူ့ပေါင်ခြံမှာ နာကျင်မှုခံစားနေရပြီး မနက်ဖြန်ကျမှ ဒဏ်ရာကို Scan နဲ့ စမ်းသပ် စစ်ဆေးသွားမှာဖြစ်ပါတယ်။ အဲဒီလို ဒဏ်ရာမျိုးက အရင်ဆုံး အနားယူဖို့ လိုအပ်နေတာဖြစ်ပြီး သူ့ ဒဏ်ရာအပေါ် ကျွန်တော် တကယ်စိုးရိမ်ပါတယ်”လို့ ဆိုခဲ့တာပါ။

REF:Goal.com
Photo:Football Ace,The Sun
Naing Linn(Akhayar)
www.akhayar.com