[Zawgyi]
1 France 1726
2 Belgium 1723
3 Brazil 1657
4 Croatia 1643
5 Uruguay 1627
6 England 1615
7 Portugal 1599
8 Switzerland 1597
9 Spain 1580
9 Denmark 1580
11 Argentina 1574
12 Chile 1570
13 Sweden 1565
14 Colombia 1563
15 Germany 1561
16 Mexico 1560
17 Netherlands 1540
18 Poland 1538
19 Wales 1536
20 Peru 1535
REF:FIFA
Naing Linn(Akhayar)
www.akhayar.com
[Unicode]
FIFA ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့်(၁)နေရာကို တက်လှမ်းခဲ့တဲ့ ပြင်သစ်
၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ သြဂုတ်လအတွက် ထုတ်ပြန်ခဲ့တဲ့ FIFA ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့်(၁)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ နှစ်ပေါင်း(၂၀)ကြာဝေးကွာခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည်ရယူခဲ့ပြီး ရမှတ်(၁၇၂၆)မှတ်နဲ့ ထိပ်ဆုံးနေရာ တက်လှမ်းခဲ့တာဖြစ်ပြီး ဇူလိုင်လကထက် အဆင့်ရပ်တည်မှု (၆)ဆင့် ပိုမြင့်တက်လာခဲ့တယ်။ ပြင်သစ်အသင်းအနေနဲ့ FIFA ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာနဲ့ နှစ်အတော်ကြာ ဝေးကွာခဲ့ပြီးမှ အဆင့်(၁)နေရာကို ပြန်ရောက်ခဲ့တာပါ။
Germany-have-fallen-14-places-–-from-first-to-15th
Germany-have-fallen-14-places-–-from-first-to-15th
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ရလဒ်ဆိုးတွေနဲ့ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရတဲ့ ဂျာမနီအသင်းကတော့ ထိပ်ဆုံးနေရာကို ပြင်သစ်အသင်းဆီ လွဲှပြောင်းပေးခဲ့ရတဲ့အပြင် အဆင့်(၁၅)နေရာအထိ ဆိုးဆိုးရွားရွား ကျဆင်းသွားပါတယ်။ အဆင့်ရပ်တည်မှု အများဆုံးမြင့်တက်လာတာက ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက် ခရိုအေးရှားအသင်းဖြစ်ပြီး အဆင့်(၂၀)ကနေ အဆင့်(၄)နေရာအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ နာမည်ကြီး အင်္ဂလန်အသင်းလည်း ကမ္ဘာ့အဆင့်ရပ်တည်မှု မြင့်တက်လာပြီး အဆင့်(၁၂)ကနေ အဆင့်(၆)နေရာကို ရောက်ရှိခဲ့ပါတယ်။
England-up-to-SIXTH-in-FIFA-world-rankings-
England-up-to-SIXTH-in-FIFA-world-rankings-
သြဂုတ်လအတွက် FIFA ကမ္ဘာ့အဆင့် သတ်မှတ်ချက်
1 France 1726
2 Belgium 1723
3 Brazil 1657
4 Croatia 1643
5 Uruguay 1627
6 England 1615
7 Portugal 1599
8 Switzerland 1597
9 Spain 1580
9 Denmark 1580
11 Argentina 1574
12 Chile 1570
13 Sweden 1565
14 Colombia 1563
15 Germany 1561
16 Mexico 1560
17 Netherlands 1540
18 Poland 1538
19 Wales 1536
20 Peru 1535
သြဂုတ်လအတွက် FIFA ကမ္ဘာ့အဆင့် သတ်မှတ်ချက် အပြည့်အစုံ
REF:FIFA
Photo:Chicago Tribune,Anglotopia.net,Getty Images
Naing Linn(Akhayar)
www.akhayar.com