This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပထမဆံုးႏိုင္ပြဲရဖို႔ အေျခအေနေကာင္းေနတဲ့ ေပၚတူဂီနဲ႔ စပိန္

အုပ္စုအဖြင့္ ပြဲစဥ္မွာ ထိပ္တိုက္ ေတြ႔ဆံုခဲ့ၿပီး အျပန္အလွန္ သြင္းဂိုးေတြနဲ႔ သေရက်ခဲ့လို႔ ႏိုင္ပြဲ ႏိုင္ပြဲမရေသးတဲ့ စပိန္အသင္းနဲ႔ ေပၚတူဂီအသင္းတို႔ အုပ္စု ဒုတိယေျမာက္ ပြဲစဥ္မွာေတာ့ ႏိုင္ပြဲ ကိုယ္စီရယူသြားဖို႔ ရွိေနပါတယ္။ ေပၚတူဂီအသင္းက အမွတ္ေပးဇယား ေအာက္ဆံုးမွာ ရပ္တည္ေနတဲ့ ေမာ္ရိုကိုအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး စပိန္အသင္းကေတာ့ အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရပ္တည္ေနတဲ့ အီရန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ႏွစ္သင္းစလံုး ေနာက္တစ္ဆင့္ တက္ေရာက္ဖုိ႔ အခုပြဲစဥ္ေတြက အေရးပါေနၿပီး မျဖစ္မေန ႏိုင္ပြဲ ရယူဖို႔ လိုအပ္ေနပါတယ္။

Cristiano-Ronaldo3

Cristiano-Ronaldo3

ေပၚတူဂီ – ေမာ္ရိုကို (ဗုဒၶဟူး ည ၆း၃၀ နာရီ)
အဖက္ဖက္မွာ ေပၚတူဂီတို႔ အသာရေနတယ္ဆိုေပမယ့္ ေမာ္ရိုကိုရဲ႕ ကစားအားကလည္း ေလ်ာ႔တြက္လို႔ မရပါဘူး။ အီရန္ကို ရံႈးနိမ့္ခဲ့လို႔ ရံႈးထြက္ တက္ေရာက္ဖို႔ ေနာက္ဆံုး ေမွ်ာ္လင့္ခ်က္ အေနနဲ႔ ေမာ္ရိုကိုတို႔ အားကုန္ထုတ္လာဖို႔ ရွိတယ္။ စီေရာ္နယ္လ္ဒို ပံုစံေကာင္းျပၿပီး ဦးေဆာင္ေနတဲ့ ေပၚတူဂီတိုက္စစ္က အေကာင္းဆံုး အေနအထားမွာ ရွိေနေပမယ့္ ခံစစ္ပိုင္းကေတာ့ အားနည္းခ်က္ေတြ ရွိေနတယ္။ ဒီအားနည္းခ်က္ကို ေမာ္ရိုကိုတို႔ အခြင့္ေကာင္းယူႏိုင္ရင္ အမွတ္ခြဲယူလို႔ ရေလာက္တဲ့အထိ ျဖစ္သြားႏိုင္တယ္။ ၁၉၈၆ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ထိပ္တိုက္ေတြ႔ဆံုဖူးၿပီး ေမာ္ရိုကိုတို႔ ဂိုးျပတ္အႏိုင္ရထားတယ္။ ထိပ္တိုက္ ေတြ႕ဆံုမႈမွာ ေမာ္ရိုကို အသာရထားေပမယ့္ အခုတစ္ႀကိမ္မွာေတာ့ ေပၚတူဂီႏိုင္ဖို႔ ရာခိုင္ႏႈန္းမ်ားတယ္။ ဒါေပမယ့္ ေတာ္ေတာ္ေလး ရုန္းကန္ရဖို႔ရွိေနတယ္။ ဂိုးျပတ္ဖို႔ေတာ့ မလြယ္ဘူး။

ဥရုေဂြး – ေဆာ္ဒီအာေရဗ် (ဗုဒၶဟူး ည ၉း၃၀ နာရီ)
ရုရွားကိုေတာင္ ဂိုးျပတ္ အရံႈးေပးခဲ့ရတဲ့ ေဆာ္ဒီတို႔ ဆြာရက္စ္၊ ကာဗာနီတို႔ ဦးေဆာင္လာမယ့္ ဥရုေဂြး တိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ မရွိပါဘူး။ အုပ္စု ပထမေနရာကို အရယူဖို႔ အခုလို ပြဲမ်ိဳးမွာ ဂိုးျပတ္သြင္းႏိုင္မွ အိမ္ရွင္ရုရွားနဲ႔ အုပ္စုေနာက္ဆံုးပြဲကို ဥရုေဂြးတို႔ ဖိအားကင္းကင္းနဲ႔ ကစားႏိုင္မွာျဖစ္တယ္။ ေဆာ္ဒီကလည္း ဥရုေဂြးကို ဘယ္လိုအေနအထားနဲ႔မွ ယွဥ္ႏိုင္စြမ္းမရွိပါဘူး။ ဥရုေဂြးတို႔ ဂိုးျပတ္ အႏိုင္ရဖို႔ ေသခ်ာေနတဲ့ ပြဲပါပဲ။

Uruguay-Vs-Saudi-Match

Uruguay-Vs-Saudi-Match

အီရန္ – စပိန္ (ၾကာသပေတး နံနက္ ၀၀း၃၀ နာရီ)
ေပၚတူဂီနဲ႔ ပဲြစဥ္မွာ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို ျပသႏိုင္ခဲ့ေပမယ့္ ဂိုးသမား ဒီဂီယာရဲ႕ အမွားေတြေၾကာင့္ အဖိုးတန္ (၃)မွတ္နဲ႔ စပိန္အသင္း လြဲေခ်ာ္ခဲ့ရတယ္။ ဒီေန႔ပြဲစဥ္က စပိန္အတြက္ မျဖစ္မေန အႏိုင္ကစားဖို႔ လိုအပ္ေနတဲ့ အေနအထားျဖစ္တယ္။ အီရန္က ေမာ္ရိုကိုကို အႏိုင္ကစားၿပီး (၃)မွတ္ ရယူထားႏိုင္လို႔ ေနာက္တစ္ဆင့္ ေမွ်ာ္လင့္ခ်က္အတြက္ စပိန္ဆီကေန အမွတ္ခြဲယူဖို႔ ႀကိဳးပမ္းလာမွာပါပဲ။ ဒါေပမယ့္ ဒီေယဂိုေကာ္စတာ တိုက္စစ္မွာ ပံုစံေကာင္းျပေနၿပီး ကြင္းလယ္ စုဖြဲ႔မႈ အေကာင္းဆံုး အေနအထားမွာ ရွိေနတဲ့ စပိန္အသင္း ကစားပံုကို အီရန္အသင္း ပြဲခ်ိန္ျပည့္ ေတာင့္ခံႏိုင္ဖို႔ မလြယ္ပါဘူး။ စပိန္တို႔ အႏိုင္ေသခ်ာေနၿပီး (၃-၁)၊ (၂-၀)ရလဒ္ေတြ ထြက္ေပၚဖို႔ ရွိေနတယ္။

Photo:India Fantasy, Alvinet, The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပထမဆုံးနိုင်ပွဲရဖို့ အခြေအနေကောင်းနေတဲ့ ပေါ်တူဂီနဲ့ စပိန်

အုပ်စုအဖွင့် ပွဲစဉ်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေကျခဲ့လို့ နိုင်ပွဲ နိုင်ပွဲမရသေးတဲ့ စပိန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ အုပ်စု ဒုတိယမြောက် ပွဲစဉ်မှာတော့ နိုင်ပွဲ ကိုယ်စီရယူသွားဖို့ ရှိနေပါတယ်။ ပေါ်တူဂီအသင်းက အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့ မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး စပိန်အသင်းကတော့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အီရန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံး နောက်တစ်ဆင့် တက်ရောက်ဖို့ အခုပွဲစဉ်တွေက အရေးပါနေပြီး မဖြစ်မနေ နိုင်ပွဲ ရယူဖို့ လိုအပ်နေပါတယ်။

Cristiano-Ronaldo3

Cristiano-Ronaldo3

ပေါ်တူဂီ – မော်ရိုကို (ဗုဒ္ဓဟူး ည ၆း၃၀ နာရီ)
အဖက်ဖက်မှာ ပေါ်တူဂီတို့ အသာရနေတယ်ဆိုပေမယ့် မော်ရိုကိုရဲ့ ကစားအားကလည်း လျော့တွက်လို့ မရပါဘူး။ အီရန်ကို ရှုံးနိမ့်ခဲ့လို့ ရှုံးထွက် တက်ရောက်ဖို့ နောက်ဆုံး မျှော်လင့်ချက် အနေနဲ့ မော်ရိုကိုတို့ အားကုန်ထုတ်လာဖို့ ရှိတယ်။ စီရော်နယ်လ်ဒို ပုံစံကောင်းပြပြီး ဦးဆောင်နေတဲ့ ပေါ်တူဂီတိုက်စစ်က အကောင်းဆုံး အနေအထားမှာ ရှိနေပေမယ့် ခံစစ်ပိုင်းကတော့ အားနည်းချက်တွေ ရှိနေတယ်။ ဒီအားနည်းချက်ကို မော်ရိုကိုတို့ အခွင့်ကောင်းယူနိုင်ရင် အမှတ်ခွဲယူလို့ ရလောက်တဲ့အထိ ဖြစ်သွားနိုင်တယ်။ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိပ်တိုက်တွေ့ဆုံဖူးပြီး မော်ရိုကိုတို့ ဂိုးပြတ်အနိုင်ရထားတယ်။ ထိပ်တိုက် တွေ့ဆုံမှုမှာ မော်ရိုကို အသာရထားပေမယ့် အခုတစ်ကြိမ်မှာတော့ ပေါ်တူဂီနိုင်ဖို့ ရာခိုင်နှုန်းများတယ်။ ဒါပေမယ့် တော်တော်လေး ရုန်းကန်ရဖို့ရှိနေတယ်။ ဂိုးပြတ်ဖို့တော့ မလွယ်ဘူး။

ဥရုဂွေး – ဆော်ဒီအာရေဗျ (ဗုဒ္ဓဟူး ည ၉း၃၀ နာရီ)
ရုရှားကိုတောင် ဂိုးပြတ် အရှုံးပေးခဲ့ရတဲ့ ဆော်ဒီတို့ ဆွာရက်စ်၊ ကာဗာနီတို့ ဦးဆောင်လာမယ့် ဥရုဂွေး တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ မရှိပါဘူး။ အုပ်စု ပထမနေရာကို အရယူဖို့ အခုလို ပွဲမျိုးမှာ ဂိုးပြတ်သွင်းနိုင်မှ အိမ်ရှင်ရုရှားနဲ့ အုပ်စုနောက်ဆုံးပွဲကို ဥရုဂွေးတို့ ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာဖြစ်တယ်။ ဆော်ဒီကလည်း ဥရုဂွေးကို ဘယ်လိုအနေအထားနဲ့မှ ယှဉ်နိုင်စွမ်းမရှိပါဘူး။ ဥရုဂွေးတို့ ဂိုးပြတ် အနိုင်ရဖို့ သေချာနေတဲ့ ပွဲပါပဲ။

Uruguay-Vs-Saudi-Match

Uruguay-Vs-Saudi-Match

အီရန် – စပိန် (ကြာသပတေး နံနက် ၀၀း၃၀ နာရီ)
ပေါ်တူဂီနဲ့ ပွဲစဉ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပေမယ့် ဂိုးသမား ဒီဂီယာရဲ့ အမှားတွေကြောင့် အဖိုးတန် (၃)မှတ်နဲ့ စပိန်အသင်း လွဲချော်ခဲ့ရတယ်။ ဒီနေ့ပွဲစဉ်က စပိန်အတွက် မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတဲ့ အနေအထားဖြစ်တယ်။ အီရန်က မော်ရိုကိုကို အနိုင်ကစားပြီး (၃)မှတ် ရယူထားနိုင်လို့ နောက်တစ်ဆင့် မျှော်လင့်ချက်အတွက် စပိန်ဆီကနေ အမှတ်ခွဲယူဖို့ ကြိုးပမ်းလာမှာပါပဲ။ ဒါပေမယ့် ဒီယေဂိုကော်စတာ တိုက်စစ်မှာ ပုံစံကောင်းပြနေပြီး ကွင်းလယ် စုဖွဲ့မှု အကောင်းဆုံး အနေအထားမှာ ရှိနေတဲ့ စပိန်အသင်း ကစားပုံကို အီရန်အသင်း ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ စပိန်တို့ အနိုင်သေချာနေပြီး (၃-၁)၊ (၂-ဝ)ရလဒ်တွေ ထွက်ပေါ်ဖို့ ရှိနေတယ်။

Photo:India Fantasy, Alvinet, The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com