This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္အသင္းေတြထဲမွာ ကစားသမားတန္ဖုိးအမ်ားဆုံးျဖစ္ေနတဲ့ ျပင္သစ္အသင္း

အခု ၾကာသပေတးေန႔မွာ စတင္က်င္းပေတာ့မယ့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ လက္ရွိေစး်ကြက္ေပါက္ေစ်း အရ ေၾကးႀကီးတန္း၀င္ ကစားသမားအမ်ားစု ပါ၀င္ေနၿပီး အဲဒီကစားသမားေတြရဲ႕ အားၿပိဳင္မႈကုိ ပရိသတ္ေတြ မၾကာခင္ ျမင္ေတြ႕ရေတာ့မွာပါ။ ၿပိဳင္ပဲြ၀င္ (၃၂)သင္းမွာ ပါ၀င္တဲ့ ကစားသမားအားလုံးရဲ႕ ပ်မ္းမွ် ေစ်းကြက္တန္ဖုိးက အံ့အားသင့္ေလာက္စရာ ယူ႐ုိ(၁၂.၆)ဘီလီယံအထိ ရွိေနပါတယ္။ (၃၂)သင္းအလုိက္မွာလည္း တန္ဖုိးအျမင့္ဆုံးကစားသမားတစ္ဦးစီရွိေနၿပီး တစ္သင္းခ်င္းက ကစားသမား(၂၃)ဦးရဲ႕တန္ဖုိးေတြကုိ တြက္ခ်က္မယ္ဆုိရင္ေတာ့ ျပင္သစ္အသင္းက အမ်ားဆုံးျဖစ္ေနတယ္။

France-who-hold-the-most-expensive-squad

France-who-hold-the-most-expensive-squad

တကယ္လုိ႔ တစ္ေယာက္ေယာက္က ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ ျပင္သစ္အသင္းရဲ႕ ကစားသမား(၂၃)ဦးစလုံးကုိ ၀ယ္မယ္ဆုိရင္ စုစုေပါင္း ယူ႐ုိ(၁၄၁၀.၃)သန္းအထိ သုံးစဲြရပါလိမ့္မယ္။ ဆြစ္ဇာလန္အေျခစုိက္ ေဘာလုံးနဲ႔ပတ္သက္တဲ့ သုေတသနအဖဲြ႕အစည္း CIES က ကမၻာ႔ဖလားယွဥ္ၿပိဳင္မယ့္ (၃၂)သင္းထဲက တစ္သင္းခ်င္းစီမွာ ပါ၀င္တဲ့ ကစားသမား(၂၃)ဦးရဲ႕ တန္ဖုိးအျပင္ အသင္းလုိက္ တန္ဖုိးကုိ တြက္ခ်က္ေဖာ္ျပခဲ့တာျဖစ္ၿပီး ျပင္သစ္အသင္းက အဂၤလန္(ယူ႐ုိ ၁၃၉၀ သန္း)၊ ဘရာဇီးလ္ (ယူ႐ုိ ၁၂၇၀ သန္း)၊ စပိန္(ယူ႐ုိ ၉၆၅သန္း)တို႔ထက္ ကစားသမားတန္ဖုိး ပုိမ်ားခဲ့တာပါ။

Mbappe

Mbappe

ျပင္သစ္အသင္းမွာ တန္ဖုိးအမ်ားဆုံးကစားသမားက PSG အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမား ဘာေပ Mbappe ျဖစ္ၿပီး ယူ႐ုိ(၁၈၇)သန္းအထိ တန္ေၾကးရွိေနတယ္။ အံ့အားသင့္ဖုိ႔ေကာင္းတာက စပိန္အသင္းရဲ႕ တန္ဖုိးအျမင့္ဆုံးကစားသမားစာရင္းမွာ အက္သလက္တီကုိ ကြင္းလယ္လူ ဆာအူလ္ Saul က အသငး္ေဖာ္ နာမည္ႀကီးကစားသမားေတြကုိ ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးေနရာရခဲ့တာပါပဲ၊ CIES ရဲ႕ တြက္ခ်က္မႈအရ ဆာအူလ္ရဲ႕ ပ်မ္းမွ်ေစ်းကြက္ေပါက္ေၾကးက ယူ႐ုိ (၁၀၁)သန္းအထိရွိေနတယ္။

Kane-is-the-most-expensive-player-at-the-tournament

Kane-is-the-most-expensive-player-at-the-tournament

ေနာက္ထပ္ အ့ံအားသင့္စရာတစ္ခုက ၿပိဳင္ပဲြ၀င္ (၃၂)သင္းထဲမွာ တန္ဖုိးအျမင့္ဆုံးကစားသမားက မက္ဆီ Messi ၊ စီေရာ္နယ္လ္ဒုိ C.Ronaldo ၊ ေနမာ Neymar တို႔ မဟုတ္ဘဲ စပါးအသင္းက အဂၤလန္လက္ေရြးစင္တိုက္စစ္မွဴး ဟာရီကိန္း Harry Kane သတ္မွတ္ခံခဲ့ရတာပါ။ ဟာရီကိန္းရဲ႕ ေစ်းကြက္ေပါက္ေၾကးက ယူ႐ုိ(၂၀၁)သန္းအထိ ရွိေနၿပီး ေနမာက ယူ႐ုိ(၁၉၆သန္း)၊ မက္ဆီက ယူ႐ုိ(၁၈၄သန္း)၊ စီေရာ္နယ္လ္ဒုိက ယူ႐ုိ(၁၀၃)သန္းပဲ ရွိေနပါတယ္။

ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္အသင္းတခ်ိဳ႕ရဲ႕ စုစုေပါင္းကစားသမားတန္ဖုိးနဲ႔ အသင္းလုိက္တန္ဖုိးအျမင့္ဆုံးကစားသမားမ်ား

ျပင္သစ္ (ယူ႐ုိ ၁၄၁၀သန္း) – ဘာေပ (ယူ႐ုိ ၁၈၇ သန္း)
အဂၤလန္ (ယူ႐ုိ ၁၃၈၆သန္း) – ဟာရီကိန္း (ယူ႐ုိ ၂၀၁ သန္း)
ဘရာဇီးလ္ (ယူ႐ုိ ၁၂၆၉ သန္း) – ေနမာ (ယူ႐ုိ ၁၉၆ သန္း)
စပိန္ (ယူ႐ုိ ၉၆၅ သန္း) – ဆာအူလ္ (ယူ႐ုိ ယူ႐ုိ ၁၀၁ သန္း)
အာဂ်င္တီးနား (ယူ႐ုိ ၉၂၅ သန္း)- မက္ဆီ (ယူ႐ုိ ၁၈၄ သန္း)
ဂ်ာမနီ (ယူ႐ုိ ၈၉၅ သန္း) – စတီဂန္(ယူ႐ုိ ၁၀၁ သန္း)
ဘယ္လ္ဂ်ီယံ (ယူ႐ုိ ၈၃၅ သန္း) – ဒီဘ႐ုိင္းနား (ယူ႐ုိ ၁၆၇ သန္း)
ေပၚတူဂီ(ယူ႐ုိ ၆၅၆ သန္း)- စီေရာ္နယ္လ္ဒုိ (ယူ႐ုိ ၁၀၃ သန္း)
ဥ႐ုေဂြး (ယူ႐ုိ ၅၂၉ သန္း)- ဆြာရက္ဇ္ (ယူ႐ုိ ၁၂၀ သန္း)

REF:Marca
Photo:Marca,Goal,Youtube,Evening Standard
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာ ကစားသမားတန်ဖိုးအများဆုံးဖြစ်နေတဲ့ ပြင်သစ်အသင်း

အခု ကြာသပတေးနေ့မှာ စတင်ကျင်းပတော့မယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိစေးျကွက်ပေါက်ဈေး အရ ကြေးကြီးတန်းဝင် ကစားသမားအများစု ပါဝင်နေပြီး အဲဒီကစားသမားတွေရဲ့ အားပြိုင်မှုကို ပရိသတ်တွေ မကြာခင် မြင်တွေ့ရတော့မှာပါ။ ပြိုင်ပွဲဝင် (၃၂)သင်းမှာ ပါဝင်တဲ့ ကစားသမားအားလုံးရဲ့ ပျမ်းမျှ ဈေးကွက်တန်ဖိုးက အံ့အားသင့်လောက်စရာ ယူရို(၁၂.၆)ဘီလီယံအထိ ရှိနေပါတယ်။ (၃၂)သင်းအလိုက်မှာလည်း တန်ဖိုးအမြင့်ဆုံးကစားသမားတစ်ဦးစီရှိနေပြီး တစ်သင်းချင်းက ကစားသမား(၂၃)ဦးရဲ့တန်ဖိုးတွေကို တွက်ချက်မယ်ဆိုရင်တော့ ပြင်သစ်အသင်းက အများဆုံးဖြစ်နေတယ်။

France-who-hold-the-most-expensive-squad

France-who-hold-the-most-expensive-squad

တကယ်လို့ တစ်ယောက်ယောက်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ ကစားသမား(၂၃)ဦးစလုံးကို ဝယ်မယ်ဆိုရင် စုစုပေါင်း ယူရို(၁၄၁၀.၃)သန်းအထိ သုံးစွဲရပါလိမ့်မယ်။ ဆွစ်ဇာလန်အခြေစိုက် ဘောလုံးနဲ့ပတ်သက်တဲ့ သုတေသနအဖွဲ့အစည်း CIES က ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် (၃၂)သင်းထဲက တစ်သင်းချင်းစီမှာ ပါဝင်တဲ့ ကစားသမား(၂၃)ဦးရဲ့ တန်ဖိုးအပြင် အသင်းလိုက် တန်ဖိုးကို တွက်ချက်ဖော်ပြခဲ့တာဖြစ်ပြီး ပြင်သစ်အသင်းက အင်္ဂလန်(ယူရို ၁၃၉၀ သန်း)၊ ဘရာဇီးလ် (ယူရို ၁၂၇၀ သန်း)၊ စပိန်(ယူရို ၉၆၅သန်း)တို့ထက် ကစားသမားတန်ဖိုး ပိုများခဲ့တာပါ။

Mbappe

Mbappe

ပြင်သစ်အသင်းမှာ တန်ဖိုးအများဆုံးကစားသမားက PSG အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဘာပေ Mbappe ဖြစ်ပြီး ယူရို(၁၈၇)သန်းအထိ တန်ကြေးရှိနေတယ်။ အံ့အားသင့်ဖို့ကောင်းတာက စပိန်အသင်းရဲ့ တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်းမှာ အက်သလက်တီကို ကွင်းလယ်လူ ဆာအူလ် Saul က အသင်းဖော် နာမည်ကြီးကစားသမားတွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာရခဲ့တာပါပဲ၊ CIES ရဲ့ တွက်ချက်မှုအရ ဆာအူလ်ရဲ့ ပျမ်းမျှဈေးကွက်ပေါက်ကြေးက ယူရို (၁၀၁)သန်းအထိရှိနေတယ်။

Kane-is-the-most-expensive-player-at-the-tournament

Kane-is-the-most-expensive-player-at-the-tournament

နောက်ထပ် အံ့အားသင့်စရာတစ်ခုက ပြိုင်ပွဲဝင် (၃၂)သင်းထဲမှာ တန်ဖိုးအမြင့်ဆုံးကစားသမားက မက်ဆီ Messi ၊ စီရော်နယ်လ်ဒို C.Ronaldo ၊ နေမာ Neymar တို့ မဟုတ်ဘဲ စပါးအသင်းက အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်း Harry Kane သတ်မှတ်ခံခဲ့ရတာပါ။ ဟာရီကိန်းရဲ့ ဈေးကွက်ပေါက်ကြေးက ယူရို(၂၀၁)သန်းအထိ ရှိနေပြီး နေမာက ယူရို(၁၉၆သန်း)၊ မက်ဆီက ယူရို(၁၈၄သန်း)၊ စီရော်နယ်လ်ဒိုက ယူရို(၁၀၃)သန်းပဲ ရှိနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတချို့ရဲ့ စုစုပေါင်းကစားသမားတန်ဖိုးနဲ့ အသင်းလိုက်တန်ဖိုးအမြင့်ဆုံးကစားသမားများ

ပြင်သစ် (ယူရို ၁၄၁၀သန်း) – ဘာပေ (ယူရို ၁၈၇ သန်း)
အင်္ဂလန် (ယူရို ၁၃၈၆သန်း) – ဟာရီကိန်း (ယူရို ၂၀၁ သန်း)
ဘရာဇီးလ် (ယူရို ၁၂၆၉ သန်း) – နေမာ (ယူရို ၁၉၆ သန်း)
စပိန် (ယူရို ၉၆၅ သန်း) – ဆာအူလ် (ယူရို ယူရို ၁၀၁ သန်း)
အာဂျင်တီးနား (ယူရို ၉၂၅ သန်း)- မက်ဆီ (ယူရို ၁၈၄ သန်း)
ဂျာမနီ (ယူရို ၈၉၅ သန်း) – စတီဂန်(ယူရို ၁၀၁ သန်း)
ဘယ်လ်ဂျီယံ (ယူရို ၈၃၅ သန်း) – ဒီဘရိုင်းနား (ယူရို ၁၆၇ သန်း)
ပေါ်တူဂီ(ယူရို ၆၅၆ သန်း)- စီရော်နယ်လ်ဒို (ယူရို ၁၀၃ သန်း)
ဥရုဂွေး (ယူရို ၅၂၉ သန်း)- ဆွာရက်ဇ် (ယူရို ၁၂၀ သန်း)

REF:Marca
Photo:Marca,Goal,Youtube,Evening Standard
Naing Linn(Akhayar)
www.akhayar.com