This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

သေရရလဒ္နဲ႔သာ အဆံုးသတ္ဖို႔မ်ားတဲ့ ေပၚတူဂီ-စပိန္

အီဂ်စ္ – ဥရုေဂြး (ေသာၾကာ ည ၆း၃၀ နာရီ)

သမိုင္းအစဥ္အလာ ႀကီးမားတဲ့ အာဖရိက ကိုယ္စားျပဳအသင္းနဲ႔ ေတာင္အေမရိက ကိုယ္စားျပဳအသင္းတို႔ ထိပ္တိုက္ ရင္ဆိုင္မယ့္ ပြဲပါ။ အိမ္ရွင္ ရုရွားရဲ႕ ဂိုးျပတ္ႏိုင္ပြဲေၾကာင့္ ႏွစ္သင္းစလံုးအတြက္ အေရးပါတဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္လာၿပီး ေနာက္တစ္ဆင့္အတြက္ အက်ိတ္အနယ္ ယွဥ္ၿပိဳင္ပံုေတြနဲ႔ ပြဲေကာင္းတစ္ပြဲ ျဖစ္လာဖို႔ ရွိေနပါတယ္။ ၿပိဳင္ပြဲႀကီးေတြမွာ ထိပ္တိုက္ေတြ႔ဆံုဖူးျခင္းမရွိဘဲ ၂၀၀၆ ခုႏွစ္က ေျခစမ္းပြဲအျဖစ္ ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့ ဥရုေဂြးအသင္းက အႏိုင္ရရွိထားပါတယ္။ လက္ရွိ စုဖြဲ႔မႈမွာ ဥရုေဂြးအသင္းက အနည္းငယ္ အသာစီး ရရွိထားေပမယ့္ ဆာလာသာ ရာႏႈန္းျပည့္ ႀကံ့ခိုင္မႈနဲ႔ ပြဲထြက္လာခဲ့ရင္ ရလဒ္ေကာင္း ရယူဖို႔ရွိေနေပမယ့္ ပြဲထြက္လူစာရင္းမွာ မပါဝင္ခဲ့လို႔ အီဂ်စ္တို႔ ရုန္းကန္ရဖို႔ ရွိေနတယ္။ ဆြာရက္ဇ္၊ ကာဗာနီတို႔လို႔ အဆံုးသတ္ေသခ်ာတဲ့ တိုက္စစ္မွဴးေတြ ပိုင္ဆိုင္ထားတဲ့ ဥရုေဂြးအသင္းပဲ အႏိုင္ရလဒ္ ရရွိသြားဖို႔ ရွိေနပါတယ္။ ႏွစ္သင္းေပါင္း သြင္းဂိုးမ်ားဖို႔ ရွိေနၿပီး (၁-၃)ရလဒ္ေလာက္နဲ႔ ဥရုေဂြးအသင္း အႏိုင္ရဖို႔ မ်ားတယ္။

ေမာ္ရိုကို – အီရန္ (ေသာၾကာ ည ၉း၃၀ နာရီ)

ေပၚတူဂီ၊ စပိန္တို႔လို ဥေရာပအင္အားႀကီး အသင္းေတြ ပါဝင္ေနတဲ့ အုပ္စုမွာ Underdog အျဖစ္ သတ္မွတ္ ခံထားရတဲ့ ေမာ္ရိုကိုနဲ႔ အီရန္တို႔ ထိပ္တိုက္ေတြ႔တဲ့ ပြဲစဥ္မွာ အႏိုင္ရတဲ့ အသင္းက ေနာက္တစ္ဆင့္ကို ေမွ်ာ္လင့္ႏိုင္မွာ ျဖစ္ပါတယ္။ ဘူဖယ္လ္လို ကစားသမားမ်ိဳး အၿပီးသတ္ လူစာရင္းမွာ မပါဝင္ခဲ့ေပမယ့္ လက္ရွိစုဖြဲ႔မႈအရ ေမာ္ရိုကိုက ပိုသာပါတယ္။ ကြီးေရာ႔ဇ္ရဲ႕ လက္ထက္မွာ ပံုစံေကာင္းေတြ ျပသႏိုင္ေပမယ့္ ေမာ္ရိုကိုရဲ႕ မာေက်ာမႈကုိ ေက်ာ္ျဖတ္ဖို႔ေတာ့ မလြယ္ကူေလာက္ပါဘူး။ ၂၀၀၅ ခုႏွစ္က တစ္ႀကိမ္ ေတြ႕ဆံုဖူးၿပီး (၁-၁)ဂိုး ရလဒ္နဲ႔ ၿပီးဆံုးခဲ့ပါတယ္။ အခုတစ္ႀကိမ္ ေတြ႕ဆံုမႈမွာေတာ့ စုဖြဲ႔မႈသာတဲ့ ေမာ္ရိုကိုအသင္းကပဲ အႏိုင္ရရွိဖို႔ မ်ားေနၿပီး (၂-၀)ဂိုးေလာက္နဲ႔ အႏိုင္ရဖို႔ ရွိေနပါတယ္။

Spain-Vs-Portugal-2010-World-Cup-Match

Spain-Vs-Portugal-2010-World-Cup-Match

ေပၚတူဂီ – စပိန္ (စေန နံနက္ ၀၀း၃၀ နာရီ)

ၿပိဳင္ပြဲနီးကပ္ခ်ိန္မွာ ျဖစ္ေပၚခဲ့တဲ့ နည္းျပ အေျပာင္းအလဲေတြက စပိန္အသင္းအေပၚ ရိုက္ခတ္မႈေတြ ရွိလာမလားဆိုတာ ေစာင့္ၾကည့္သြားရမယ့္ ပြဲျဖစ္ပါတယ္။ ႏွစ္သင္းစလံုးက ကစားသမား အင္အားပိုင္းမွာ ကြာျခားမႈမရွိဘဲ အသင္းလိုက္ ကစားပံုမွာေတာ့ စပိန္အသင္းက ပိုသာပါတယ္။ တိုက္စစ္မွဴးေတြဆီက လံုေလာက္တဲ့ သြင္းဂိုးေတြမရရွိတဲ့ ျပႆနာကို စပိန္နည္းျပသစ္ ဟီယာရို ေျဖရွင္းႏိုင္မလားဆိုတာ စိတ္ဝင္ စားဖို႔ ေကာင္းေနပါတယ္။ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ က်ဆင္းခဲ့တဲ့ အသင္းပံုရိပ္ေတြကို ျပန္လည္ျမွင့္တင္ဖို႔ အခုလိုပြဲမ်ိဳးမွာ စပိန္အသင္းသားေတြ ႏိုင္ပြဲ ရယူႏိုင္ဖို႔ လိုအပ္ပါတယ္။ ၿပိဳင္ပြဲႀကီး ေတြ႔ဆံုမႈေတြမွာ တစ္သင္းနဲ႔ တစ္သင္း အသာစီး ရယူထားႏိုင္ျခင္းမရွိေပမယ့့္ Head-to-Head အရေတာ့ စပိန္အသင္းက အျပတ္အသတ္ အသာစီးရယူထားပါတယ္။ သမိုင္းတစ္ေလွ်ာက္ (၃၅)ႀကိမ္ ထိပ္တိုက္ေတြ႕ဆံုဖူးၿပီး စပိန္အသင္းက (၁၆)ႀကိမ္အထိ အႏိုင္ရထားၿပီး (၁၃)ပြဲ သေရက်ကာ ေပၚတူဂီအသင္းက (၆)ႀကိမ္သာ ႏိုင္ပြဲ ရရွိထားပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေတာ့ တစ္ႀကိမ္သာ ထိပ္တိုက္ေတြ႕ဆံုဖူးၿပီး ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပြဲ (၁၆)သင္း ရံႈးထြက္အဆင့္မွာ ထိပ္တိုက္ ေတြ႕ဆံုခဲ့တာ ျဖစ္ပါတယ္။ အဲဒီပြဲစဥ္မွာ စပိန္အသင္းက ေဒးဗစ္ဗီလာရဲ႕ တစ္လံုးတည္းေသာ အႏိုင္ဂိုးနဲ႔ ေပၚတူဂီအသင္းကို ရပ္တန္႔ခဲ့တာျဖစ္ပါတယ္။ ယူရိုၿပိဳင္ပြဲမွာ ေအာင္ျမင္မႈေတြ ရယူႏိုင္ေပမယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲဆို ရုန္းကန္ရတဲ့ အစဥ္အလာကို ေပၚတူဂီအသင္း ခ်ိဳးဖ်က္ႏိုင္မလား ေစာင့္ၾကည့္သြားရမယ္။ နာမည္ေက်ာ္ အသင္း (၂)သင္း ထိပ္တိုက္ ေတြ႕ဆံုတဲ့ ပြဲစဥ္ျဖစ္ေပမယ့္ ႏွစ္သင္းေပါင္း သြင္းဂိုးနည္းဖို႔ ရွိေနၿပီး (၀-၀)၊ (၁-၁)ရလဒ္ေတြနဲ႔ ၿပီးဆံုးဖို႔ မ်ားပါတယ္။

Photo:Bocifociblog – Blog.hu, zimbio.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

သရေရလဒ်နဲ့သာ အဆုံးသတ်ဖို့များတဲ့ ပေါ်တူဂီ-စပိန်

အီဂျစ် – ဥရုဂွေး (သောကြာ ည ၆း၃၀ နာရီ)

သမိုင်းအစဉ်အလာ ကြီးမားတဲ့ အာဖရိက ကိုယ်စားပြုအသင်းနဲ့ တောင်အမေရိက ကိုယ်စားပြုအသင်းတို့ ထိပ်တိုက် ရင်ဆိုင်မယ့် ပွဲပါ။ အိမ်ရှင် ရုရှားရဲ့ ဂိုးပြတ်နိုင်ပွဲကြောင့် နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာပြီး နောက်တစ်ဆင့်အတွက် အကျိတ်အနယ် ယှဉ်ပြိုင်ပုံတွေနဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ပြိုင်ပွဲကြီးတွေမှာ ထိပ်တိုက်တွေ့ဆုံဖူးခြင်းမရှိဘဲ ၂၀၀၆ ခုနှစ်က ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဥရုဂွေးအသင်းက အနိုင်ရရှိထားပါတယ်။ လက်ရှိ စုဖွဲ့မှုမှာ ဥရုဂွေးအသင်းက အနည်းငယ် အသာစီး ရရှိထားပေမယ့် ဆာလာသာ ရာနှုန်းပြည့် ကြံ့ခိုင်မှုနဲ့ ပွဲထွက်လာခဲ့ရင် ရလဒ်ကောင်း ရယူဖို့ရှိနေပေမယ့် ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့လို့ အီဂျစ်တို့ ရုန်းကန်ရဖို့ ရှိနေတယ်။ ဆွာရက်ဇ်၊ ကာဗာနီတို့လို့ အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတဲ့ ဥရုဂွေးအသင်းပဲ အနိုင်ရလဒ် ရရှိသွားဖို့ ရှိနေပါတယ်။ နှစ်သင်းပေါင်း သွင်းဂိုးများဖို့ ရှိနေပြီး (၁-၃)ရလဒ်လောက်နဲ့ ဥရုဂွေးအသင်း အနိုင်ရဖို့ များတယ်။

မော်ရိုကို – အီရန် (သောကြာ ည ၉း၃၀ နာရီ)

ပေါ်တူဂီ၊ စပိန်တို့လို ဥရောပအင်အားကြီး အသင်းတွေ ပါဝင်နေတဲ့ အုပ်စုမှာ Underdog အဖြစ် သတ်မှတ် ခံထားရတဲ့ မော်ရိုကိုနဲ့ အီရန်တို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက နောက်တစ်ဆင့်ကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဘူဖယ်လ်လို ကစားသမားမျိုး အပြီးသတ် လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် လက်ရှိစုဖွဲ့မှုအရ မော်ရိုကိုက ပိုသာပါတယ်။ ကွီးရော့ဇ်ရဲ့ လက်ထက်မှာ ပုံစံကောင်းတွေ ပြသနိုင်ပေမယ့် မော်ရိုကိုရဲ့ မာကျောမှုကို ကျော်ဖြတ်ဖို့တော့ မလွယ်ကူလောက်ပါဘူး။ ၂၀၀၅ ခုနှစ်က တစ်ကြိမ် တွေ့ဆုံဖူးပြီး (၁-၁)ဂိုး ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ အခုတစ်ကြိမ် တွေ့ဆုံမှုမှာတော့ စုဖွဲ့မှုသာတဲ့ မော်ရိုကိုအသင်းကပဲ အနိုင်ရရှိဖို့ များနေပြီး (၂-ဝ)ဂိုးလောက်နဲ့ အနိုင်ရဖို့ ရှိနေပါတယ်။

Spain-Vs-Portugal-2010-World-Cup-Match

Spain-Vs-Portugal-2010-World-Cup-Match

ပေါ်တူဂီ – စပိန် (စနေ နံနက် ၀၀း၃၀ နာရီ)

ပြိုင်ပွဲနီးကပ်ချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ နည်းပြ အပြောင်းအလဲတွေက စပိန်အသင်းအပေါ် ရိုက်ခတ်မှုတွေ ရှိလာမလားဆိုတာ စောင့်ကြည့်သွားရမယ့် ပွဲဖြစ်ပါတယ်။ နှစ်သင်းစလုံးက ကစားသမား အင်အားပိုင်းမှာ ကွာခြားမှုမရှိဘဲ အသင်းလိုက် ကစားပုံမှာတော့ စပိန်အသင်းက ပိုသာပါတယ်။ တိုက်စစ်မှူးတွေဆီက လုံလောက်တဲ့ သွင်းဂိုးတွေမရရှိတဲ့ ပြဿနာကို စပိန်နည်းပြသစ် ဟီယာရို ဖြေရှင်းနိုင်မလားဆိုတာ စိတ်ဝင် စားဖို့ ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျဆင်းခဲ့တဲ့ အသင်းပုံရိပ်တွေကို ပြန်လည်မြှင့်တင်ဖို့ အခုလိုပွဲမျိုးမှာ စပိန်အသင်းသားတွေ နိုင်ပွဲ ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ပြိုင်ပွဲကြီး တွေ့ဆုံမှုတွေမှာ တစ်သင်းနဲ့ တစ်သင်း အသာစီး ရယူထားနိုင်ခြင်းမရှိပေမယ့့် Head-to-Head အရတော့ စပိန်အသင်းက အပြတ်အသတ် အသာစီးရယူထားပါတယ်။ သမိုင်းတစ်လျှောက် (၃၅)ကြိမ် ထိပ်တိုက်တွေ့ဆုံဖူးပြီး စပိန်အသင်းက (၁၆)ကြိမ်အထိ အနိုင်ရထားပြီး (၁၃)ပွဲ သရေကျကာ ပေါ်တူဂီအသင်းက (၆)ကြိမ်သာ နိုင်ပွဲ ရရှိထားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တစ်ကြိမ်သာ ထိပ်တိုက်တွေ့ဆုံဖူးပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ (၁၆)သင်း ရှုံးထွက်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ စပိန်အသင်းက ဒေးဗစ်ဗီလာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ ပေါ်တူဂီအသင်းကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူနိုင်ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဆို ရုန်းကန်ရတဲ့ အစဉ်အလာကို ပေါ်တူဂီအသင်း ချိုးဖျက်နိုင်မလား စောင့်ကြည့်သွားရမယ်။ နာမည်ကျော် အသင်း (၂)သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဖြစ်ပေမယ့် နှစ်သင်းပေါင်း သွင်းဂိုးနည်းဖို့ ရှိနေပြီး (ဝ-၀)၊ (၁-၁)ရလဒ်တွေနဲ့ ပြီးဆုံးဖို့ များပါတယ်။

Photo:Bocifociblog – Blog.hu, zimbio.com
Aung Kyaw Wai (Akhayar)
www.akhayar.com