[Zawgyi]

မန္ယူအသင္းမွာ ေအာင္ျမင္မႈရယူခဲ့ၾကတဲ့ ျပည္ပ ကစားသမားမ်ား အပုိင္း(၂)

၁၈၇၈ ခုႏွစ္က စတင္ျဖစ္တည္လာတဲ့ မန္ယူအသင္းရဲ႕ သက္တမ္းက ႏွစ္ေပါင္း(၁၄၀)အထိ ၾကာျမင့္ေနပါၿပီ။ မန္ယူအသင္း သမုိင္းတစ္ေလွ်ာက္ ျပည္ပကစားသမား အမ်ားႀကီး လာကစားခဲ့ဖူးၿပီး ေအာင္ျမင္မႈ ရတဲ့သူရွိသလုိ၊ နာမည္ႀကီးေပမယ့္ ထင္သေလာက္ ေအာင္ျမင္မႈမရခဲ့တဲ့သူေတြလည္း အမ်ားႀကီးပါပဲ။ အခုေဖာ္ျပခ်င္တာက မန္ယူအသင္းမွာ သမုိင္းတြင္မယ့္ ေအာင္ျမင္မႈရယူႏုိင္ခဲ့ၾကတဲ့ ျပည္ပကစားသမားေတြျဖစ္ပါတယ္။ သူတို႔ေတြက ဘယ္သူေတြလဲဆုိတာေတာ့ . . .

၅. ဆုိးလ္ရွား Ole Gunnar Solskjaer

Ole-Gunnar-Solskjaer

Ole-Gunnar-Solskjaer

ကစားသမားဘ၀မွာ “ကေလးမ်က္ႏွာနဲ႔ လူသတ္သမား” ( ‘Baby-Faced Assassin’)လုိ႔ ထင္ရွားခဲ့တဲ့ ဆုိးလ္ရွားဟာ Super Sub အျဖစ္သာ ကစားခြင့္ရခဲ့ေပမယ့္ မန္ယူအသင္းရဲ႕ ကံၾကမၼာကုိ အလွည့္အေျပာင္းျဖစ္ေစတဲ့ ဂုိးေတြကုိ သြင္းယူခဲ့သူျဖစ္ပါတယ္။ အထင္ရွားဆုံးကေတာ့ ၁၉၉၉ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွာ ဘုိင္ယန္ျမဴးနစ္ဘက္ကုိ အႏုိင္ဂုိးသြင္းယူခဲ့တာပါပဲ။

Honours at the club: 6 x Premier League, 2 x FA Cup, 2 x Community Shield, 1 x UEFA Champions League, 1 x Intercontinental Cup

၄.နစၥတယ္႐ြိဳင္း Ruud van nistelrooy

Ruud-van-nistelrooy

Ruud-van-nistelrooy

ၿပိဳင္ဘက္ ပယ္နယ္တီဧရိယာ (၆)ကုိက္စည္းထဲမွာ Danger အျဖစ္ဆုံး ကစားသမားဆုိရင္ နစၥတယ္႐ြဳိင္းကုိပဲ ညႊန္းဆုိရမွာပါ။ သူ႔ကုိ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးတိုက္စစ္မွဴးတစ္ဦးအျဖစ္လည္း ၿဗိတိန္မီဒီယာေတြက သတ္မွတ္ထားၾကတယ္။ Off-the-ball movement ၊ ၿပိဳင္ဘက္ဂုိးဧရိယာထဲမွာ ေနရာယူေကာင္းမြန္မႈ စတဲ့အရည္အခ်င္းနဲ႔ ျပည့္စုံသူ နစၥတယ္႐ြိဳင္းဟာ ဖာဂူဆန္ Ferguson ေခၚယူခဲ့တဲ့ ထိပ္တန္းတိုက္စစ္မွဴးေတြထဲမွာ တစ္ဦးအပါအ၀င္ပါပဲ။

Honours at the club: 1 x Premier League. 1 x FA Cup, 1 x EFL Cup, 1 x Community Shield

၃.ရွမုိက္ကယ္ Peter Schmeichel

Peter-Schmeichel

Peter-Schmeichel

ဒိန္းမတ္က လူ႔ဘီလူးႀကီး ပီတာရွမုိက္ကယ္ကေတာ့ မန္ယူပရိသတ္ေတြ အသည္းစဲြဂုိးသမားတစ္ဦးပါပဲ။ အသင္းကုိ လႊမ္းမုိးႏုိင္တာ၊ ေဒါသႀကီးတာ၊ ႏုိင္လုိစိတ္ျပင္းထန္တာေတြက ရွမုိက္ကယ္ရဲ႕ ထူးျခားေကာင္းမြန္တဲ့ အရည္အခ်င္းျဖစ္ၿပီး ဂုိးေပါက္ကုိ တံတုိင္းႀကီးသဖြယ္ ကာကြယ္ႏုိင္သူလည္းျဖစ္ပါတယ္။ လုိအပ္လာရင္ ေရွ႕တက္ၿပီး ဂုိးသြင္းဖုိ႔ ႀကိဳးစားတတ္တဲ့ ရွမုိက္ကယ္ရဲ႕ ပုံရိပ္ေတြက အခုအခ်ိန္အထိ လြမ္းေမာတမ္းတေနရဆဲပါ။

Honours at the club: 5 x Premier League, 3 x FA Cup, 1 x EFL Cup, 4 x Community Shield, 1 x UEFA Champions League, 1 x UEFA Super Cup

၂. စီေရာ္နယ္လ္ဒုိ Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

ဖာဂူဆန္ ေခၚယူခဲ့တဲ့ ကစားသမားေတြထဲမွာ အသင္းကို အက်ိဳးျပဳႏုိင္ဆုံး ကစားသမားလုိ႔ ဆုိရမယ္။ စီေရာ္နယ္လ္ဒုိဟာ မန္ယူကစားသမားေတြထဲမွာ ဖီဖာကမၻာ႔အေကာင္းဆုံး ကစားသမားဆုကုိ ပထမဆုံးရယူခဲ့သူလည္းျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိ မရွိေတာ့တဲ့ေနာက္ပုိင္း မန္ယူအသင္းမွာ နံပါတ္(၇)ရဲ႕ အခန္းက႑က ေမွးမိွန္သြားတာ ၾကာျမင့္ေနပါၿပီ။

Honours at the club: 3 x Premier League, 1 x FA Cup, 2 x EFL Cup, 1 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

၁.အဲရစ္ကန္တိုနာ Eric Cantona

Eric-Cantona

Eric-Cantona

ဒီစာရင္းမွာ စီေရာ္နယ္လ္ဒုိကုိ ေက်ာ္ၿပီး ကန္တိုနာက ထိပ္ဆုံးျဖစ္ေနတာက Controversial ျဖစ္ေပမယ့္လည္း လက္မခံႏုိင္ေလာက္စရာေတာ့ မဟုတ္ပါဘူး။ ကန္တိုနာက မန္ယူအသင္း ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေအာင္ ထမ္းတင္ေပးသူတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ ပဥၥလက္ဆန္ဆန္ ကန္ခ်က္ေတြနဲ႔ သြင္းဂုိးေတြက အခုအခ်ိန္အထိ အမွတ္ရစရာျဖစ္ေနဆဲပါ။ ထိပ္တန္းအဆင့္ေျခစြမ္း ရွိေပမယ့္ ခပ္ညစ္ညစ္ စ႐ုိက္ရွိတဲ့သူ၊ ၿပိဳင္ဘက္ပရိသတ္ကုိ Kung Fu Kick နဲ႔ ေျခစြမ္းျပမိလုိ႔ ပဲြပယ္ခံခဲ့ရသူ စတဲ့ မွတ္တမ္းဆုိးေတြလည္း ပုိင္ဆုိင္ခဲ့သူျဖစ္ပါတယ္။

Honours at the club: 4 x Premier League, 2 x FA Cup, 3 x Community Shield

မန္ယူအသင္းမွာ ေအာင္ျမင္ခဲ့တဲ့ ျပည္ပကစားသမားေတြထဲက က်န္တဲ့ (၅)ဦးကုိ အပုိင္း(၂)အျဖစ္ ေဖာ္ျပခ့ဲတာျဖစ္ၿပီး မန္ယူူပရိသတ္ေတြနဲ႔ အႀကိဳက္တူလိမ့္မယ္လုိ႔ ယူဆေၾကာငး္ပါ . . .

REF:sportskeeda
Photo:The18,The Sun,Manchester Evening News,Goal.com,The42,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းမှာ အောင်မြင်မှုရယူခဲ့ကြတဲ့ ပြည်ပ ကစားသမားများ အပိုင်း(၂)

၁၈၇၈ ခုနှစ်က စတင်ဖြစ်တည်လာတဲ့ မန်ယူအသင်းရဲ့ သက်တမ်းက နှစ်ပေါင်း(၁၄၀)အထိ ကြာမြင့်နေပါပြီ။ မန်ယူအသင်း သမိုင်းတစ်လျှောက် ပြည်ပကစားသမား အများကြီး လာကစားခဲ့ဖူးပြီး အောင်မြင်မှု ရတဲ့သူရှိသလို၊ နာမည်ကြီးပေမယ့် ထင်သလောက် အောင်မြင်မှုမရခဲ့တဲ့သူတွေလည်း အများကြီးပါပဲ။ အခုဖော်ပြချင်တာက မန်ယူအသင်းမှာ သမိုင်းတွင်မယ့် အောင်မြင်မှုရယူနိုင်ခဲ့ကြတဲ့ ပြည်ပကစားသမားတွေဖြစ်ပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာတော့ . . .

၅. ဆိုးလ်ရှား Ole Gunnar Solskjaer

Ole-Gunnar-Solskjaer

Ole-Gunnar-Solskjaer

ကစားသမားဘဝမှာ “ကလေးမျက်နှာနဲ့ လူသတ်သမား” ( ‘Baby-Faced Assassin’)လို့ ထင်ရှားခဲ့တဲ့ ဆိုးလ်ရှားဟာ Super Sub အဖြစ်သာ ကစားခွင့်ရခဲ့ပေမယ့် မန်ယူအသင်းရဲ့ ကံကြမ္မာကို အလှည့်အပြောင်းဖြစ်စေတဲ့ ဂိုးတွေကို သွင်းယူခဲ့သူဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ဘက်ကို အနိုင်ဂိုးသွင်းယူခဲ့တာပါပဲ။

Honours at the club: 6 x Premier League, 2 x FA Cup, 2 x Community Shield, 1 x UEFA Champions League, 1 x Intercontinental Cup

၄.နစ္စတယ်ရွိုင်း Ruud van nistelrooy

Ruud-van-nistelrooy

Ruud-van-nistelrooy

ပြိုင်ဘက် ပယ်နယ်တီဧရိယာ (၆)ကိုက်စည်းထဲမှာ Danger အဖြစ်ဆုံး ကစားသမားဆိုရင် နစ္စတယ်ရွိုင်းကိုပဲ ညွှန်းဆိုရမှာပါ။ သူ့ကို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ်လည်း ဗြိတိန်မီဒီယာတွေက သတ်မှတ်ထားကြတယ်။ Off-the-ball movement ၊ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ နေရာယူကောင်းမွန်မှု စတဲ့အရည်အချင်းနဲ့ ပြည့်စုံသူ နစ္စတယ်ရွိုင်းဟာ ဖာဂူဆန် Ferguson ခေါ်ယူခဲ့တဲ့ ထိပ်တန်းတိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်ပါပဲ။

Honours at the club: 1 x Premier League. 1 x FA Cup, 1 x EFL Cup, 1 x Community Shield

၃.ရှမိုက်ကယ် Peter Schmeichel

Peter-Schmeichel

Peter-Schmeichel

ဒိန်းမတ်က လူ့ဘီလူးကြီး ပီတာရှမိုက်ကယ်ကတော့ မန်ယူပရိသတ်တွေ အသည်းစွဲဂိုးသမားတစ်ဦးပါပဲ။ အသင်းကို လွှမ်းမိုးနိုင်တာ၊ ဒေါသကြီးတာ၊ နိုင်လိုစိတ်ပြင်းထန်တာတွေက ရှမိုက်ကယ်ရဲ့ ထူးခြားကောင်းမွန်တဲ့ အရည်အချင်းဖြစ်ပြီး ဂိုးပေါက်ကို တံတိုင်းကြီးသဖွယ် ကာကွယ်နိုင်သူလည်းဖြစ်ပါတယ်။ လိုအပ်လာရင် ရှေ့တက်ပြီး ဂိုးသွင်းဖို့ ကြိုးစားတတ်တဲ့ ရှမိုက်ကယ်ရဲ့ ပုံရိပ်တွေက အခုအချိန်အထိ လွမ်းမောတမ်းတနေရဆဲပါ။

Honours at the club: 5 x Premier League, 3 x FA Cup, 1 x EFL Cup, 4 x Community Shield, 1 x UEFA Champions League, 1 x UEFA Super Cup

၂. စီရော်နယ်လ်ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

ဖာဂူဆန် ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ အသင်းကို အကျိုးပြုနိုင်ဆုံး ကစားသမားလို့ ဆိုရမယ်။ စီရော်နယ်လ်ဒိုဟာ မန်ယူကစားသမားတွေထဲမှာ ဖီဖာကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ပထမဆုံးရယူခဲ့သူလည်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒို မရှိတော့တဲ့နောက်ပိုင်း မန်ယူအသင်းမှာ နံပါတ်(၇)ရဲ့ အခန်းကဏ္ဍက မှေးမှိန်သွားတာ ကြာမြင့်နေပါပြီ။

Honours at the club: 3 x Premier League, 1 x FA Cup, 2 x EFL Cup, 1 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

၁.အဲရစ်ကန်တိုနာ Eric Cantona

Eric-Cantona

Eric-Cantona

ဒီစာရင်းမှာ စီရော်နယ်လ်ဒိုကို ကျော်ပြီး ကန်တိုနာက ထိပ်ဆုံးဖြစ်နေတာက Controversial ဖြစ်ပေမယ့်လည်း လက်မခံနိုင်လောက်စရာတော့ မဟုတ်ပါဘူး။ ကန်တိုနာက မန်ယူအသင်း အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်လာအောင် ထမ်းတင်ပေးသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ပဉ္စလက်ဆန်ဆန် ကန်ချက်တွေနဲ့ သွင်းဂိုးတွေက အခုအချိန်အထိ အမှတ်ရစရာဖြစ်နေဆဲပါ။ ထိပ်တန်းအဆင့်ခြေစွမ်း ရှိပေမယ့် ခပ်ညစ်ညစ် စရိုက်ရှိတဲ့သူ၊ ပြိုင်ဘက်ပရိသတ်ကို Kung Fu Kick နဲ့ ခြေစွမ်းပြမိလို့ ပွဲပယ်ခံခဲ့ရသူ စတဲ့ မှတ်တမ်းဆိုးတွေလည်း ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Honours at the club: 4 x Premier League, 2 x FA Cup, 3 x Community Shield

မန်ယူအသင်းမှာ အောင်မြင်ခဲ့တဲ့ ပြည်ပကစားသမားတွေထဲက ကျန်တဲ့ (၅)ဦးကို အပိုင်း(၂)အဖြစ် ဖော်ပြခဲ့တာဖြစ်ပြီး မန်ယူူပရိသတ်တွေနဲ့ အကြိုက်တူလိမ့်မယ်လို့ ယူဆကြောင်းပါ . . .

REF:sportskeeda
Photo:The18,The Sun,Manchester Evening News,Goal.com,The42,Getty Images
Naing Linn(Akhayar)
www.akhayar.com