[Zawgyi]

Workout လုပ္ဖို႔ ပ်င္းမေနေစဖို႔ ဆယ္လီေတြရဲ႕ အႀကံျပဳခ်က္မ်ား

ကၽြန္မတို႔တစ္ေတြဟာ က်န္းမာလွပတဲ့ကိုယ္ခႏၶာကိုပိုင္ဆိုင္ႏုိင္ေစဖို႔ ေကာင္းမြန္တဲ့ Diet နဲ႔ စစ္မွန္တဲ့ Workout နည္းလမ္းေတြကို အားကိုးရပါလိမ့္မယ္ေနာ္။ မဟုတ္ရင္ေတာ့ ဗိုက္ေခါက္ေတြနဲ႔ အက်ႌပြပြႀကီးေတြနဲ႔ ေတာ္ေတာ္ၾကည့္ရဆိုးေနမွာေပါ့။ ကိုယ္ခႏၶာပင္ပန္းခံၿပီး Workout လုပ္ရမယ္ဆိုတာ ထင္သေလာက္ေတာ့ မလြယ္ကူႏုိင္ပါဘူး။ ေတာ္ရံုအပင္ပန္းခံႏုိင္တဲ့သူ၊ စိတ္အားထက္သန္တဲ့သူေတာင္ ေရရွည္စြဲၿမဲလုပ္ႏိုင္ဖို႔မလြယ္ကူတာမို႔လို႔ Workout ကို စြဲစြဲၿမဲၿမဲလုပ္ေနတဲ့ ဆယ္လီေတြကေရာ ဘယ္လိုခံယူခ်က္နဲ႔လုပ္ေနလဲဆိုတာကို ၾကည့္ရင္း ေန႔တိုင္း Workout မွန္မွန္လုပ္ႏုိင္ဖုိ႔ အားယူၾကရေအာင္။

“Squat လုပ္မွရမယ့္အေျခအေနမ်ိဳးေတြမွာ Squat လုပ္လိုက္ပါ။” _ Miranda Kerr

Squat လုပ္ဖုိ႔ကို ေနရာေတြ၊ အခ်ိန္ေတြ၊ ေန႔ေကာင္းရက္ျမတ္ေတြ ေရြးေနစရာမလိုပါဘူး။ ႀကိဳက္တဲ့အခ်ိန္လုပ္လို႔ရပါတယ္။ Squat လုပ္ရင္ေကာင္းမလားလို႔ ေတြးမိတာနဲ႔ ဆယ္ခါေလာက္ရေအာင္ သြားလုပ္လိုက္ပါ။ ဒီအမူအက်င့္က Workout အၿမဲလုပ္ေနျဖစ္ေအာင္ သင့္ကို အားေပးႏုိင္ပါတယ္။

Miranda Kerr

Miranda Kerr

“သင္ မုန္းတဲ့အရာေတြကို လုပ္ဖို႔ သင့္ကိုယ္သင္ တြန္းအားမေပးပါနဲ႔။” _ Kendall Jenner

ကၽြန္မဆို Cardio လုပ္ရတာကို မုန္းတယ္။ တစ္ေနရာတည္းမွာ ရပ္ေနၿပီး ၀ိတ္ေတြမေနရတာထက္စာရင္ ေျပးေနရတာကို ကၽြန္မက ႀကိဳက္တယ္။

Kendall Jenner

Kendall Jenner

“ကိုယ္ခႏၶာထက္ စိတ္ကိုပိုၿပီး အာရံုစိုက္ပါ။” _ Shay Mitchell

ကၽြန္မအတြက္ကေတာ့ Workout လုပ္တယ္ဆိုတာ အစားအေသာက္အေနအထိုင္အတြက္ လိုအပ္လို႔ သက္သက္လုပ္တာမဟုတ္ဘဲ ကၽြန္မရဲ႕ စိတ္ေတြအာရံုစိုက္ႏုိင္ေအာင္ ႀကိဳးစားခ်င္လို႔ လုပ္ေနတာမ်ိဳးပါ။ အျပင္မွာ လမ္းေလွ်ာက္တယ္။ Boxing ထိုးတယ္။ ေနာက္ၿပီးေတာ့ သြားကတယ္။ ဘယ္လိုကိုယ္ခႏၶာလႈပ္ရွားမႈပဲျဖစ္ပါေစ လူေတြအတြက္ အက်ိဳးရွိပါတယ္။ အထူးသျဖင့္ ဒါေတြလုပ္ၿပီးသြားရင္ ကိုယ့္ကုိယ္ကိုယ္ ပိုၿပီး စိတ္ေက်နပ္မႈရေစတယ္။

Shay Mitchell

Shay Mitchell

“ကိုယ့္ကိုယ္ကိုယ္ စိတ္ပါေအာင္ မလုပ္ႏုိင္ဘူးဆိုရင္ တစ္စံုတစ္ေယာက္ကို လုပ္ခိုင္းလိုက္ပါ။” _ Rihanna

ကၽြန္မအတြက္ေတာ့ Cardio က အဓိကပဲ။ ကၽြန္မရဲ႕ Personal Trainer က ကၽြန္မသြားသမွ်ေနရာတိုင္းကို လိုက္ခဲ့ေပးၿပီးေတာ့ ေန႔စဥ္ Workout လုပ္ျဖစ္ေအာင္ သူက တိုက္တြန္းေပးေနပါတယ္။

Rihanna

Rihanna

“Workout Playlist က စိတ္လႈပ္ရွားေစဖို႔လည္း လိုအပ္ပါတယ္။” _ Beyonce

ကၽြန္မက တစ္ခါတည္းနဲ႔ ပံုစံမ်ိဳးစံု Workout လုပ္ရတာကို ႀကိဳက္တယ္။ ဒီေတာ့ သီခ်င္းေတြဖြင့္ထားၿပီးေတာ့ အၿမဲတမ္း  Workout လုပ္တယ္။ ကိုယ္တကယ္ႀကိဳက္ၿပီး စိတ္အားတက္ေစမယ့္သီခ်င္းမ်ိဳးကေတာ့ အစဥ္အေျပဆံုးေပါ့။

Beyonce

Beyonce

ကဲ ဒီေလာက္ဆိုရင္ ဒီေန႔ Workout လုပ္ဖို႔ အားရွိသြားၾကၿပီထင္တယ္။ ကိုယ္ခႏၶာေတြ အရမ္းလွကုန္မွာ ျမင္ေယာင္ေနပါတယ္ေနာ္။ ဒီေတာ့ Workout ကို ေျဖးေျဖးမွန္မွန္ႀကိဳးစားလုပ္ၿပီး က်န္းမာသန္စြမ္းလွပတဲ့ကိုယ္ခႏၶာေလးေတြကို ပံုေဖာ္လိုက္ရေအာင္။

Moethaesay (Akhayar)

[Unicode]

Workout လုပ်ဖို့ ပျင်းမနေစေဖို့ ဆယ်လီေတြရဲ့ အကြံပြုချက်များ

ကျွန်မတို့တစ်တွေဟာ ကျန်းမာလှပတဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်နိုင်စေဖို့ ကောင်းမွန်တဲ့ Diet နဲ့ စစ်မှန်တဲ့ Workout နည်းလမ်းတွေကို အားကိုးရပါလိမ့်မယ်နော်။ မဟုတ်ရင်တော့ ဗိုက်ခေါက်တွေနဲ့ အင်္ကျီပွပွကြီးတွေနဲ့ တော်တော်ကြည့်ရဆိုးနေမှာပေါ့။ ကိုယ်ခန္ဓာပင်ပန်းခံပြီး Workout လုပ်ရမယ်ဆိုတာ ထင်သလောက်တော့ မလွယ်ကူနိုင်ပါဘူး။ တော်ရုံအပင်ပန်းခံနိုင်တဲ့သူ၊ စိတ်အားထက်သန်တဲ့သူတောင် ရေရှည်စွဲမြဲလုပ်နိုင်ဖို့မလွယ်ကူတာမို့လို့ Workout ကို စွဲစွဲမြဲမြဲလုပ်နေတဲ့ ဆယ်လီတွေကရော ဘယ်လိုခံယူချက်နဲ့လုပ်နေလဲဆိုတာကို ကြည့်ရင်း နေ့တိုင်း Workout မှန်မှန်လုပ်နိုင်ဖို့ အားယူကြရအောင်။

“Squat လုပ်မှရမယ့်အခြေအနေမျိုးတွေမှာ Squat လုပ်လိုက်ပါ။” _ Miranda Kerr

Squat လုပ်ဖို့ကို နေရာတွေ၊ အချိန်တွေ၊ နေ့ကောင်းရက်မြတ်တွေ ရွေးနေစရာမလိုပါဘူး။ ကြိုက်တဲ့အချိန်လုပ်လို့ရပါတယ်။ Squat လုပ်ရင်ကောင်းမလားလို့ တွေးမိတာနဲ့ ဆယ်ခါလောက်ရအောင် သွားလုပ်လိုက်ပါ။ ဒီအမူအကျင့်က Workout အမြဲလုပ်နေဖြစ်အောင် သင့်ကို အားပေးနိုင်ပါတယ်။

Miranda Kerr

Miranda Kerr

“သင် မုန်းတဲ့အရာတွေကို လုပ်ဖို့ သင့်ကိုယ်သင် တွန်းအားမပေးပါနဲ့။” _ Kendall Jenner

ကျွန်မဆို Cardio လုပ်ရတာကို မုန်းတယ်။ တစ်နေရာတည်းမှာ ရပ်နေပြီး ဝိတ်တွေမနေရတာထက်စာရင် ပြေးနေရတာကို ကျွန်မက ကြိုက်တယ်။

Kendall Jenner

Kendall Jenner

“ကိုယ်ခန္ဓာထက် စိတ်ကိုပိုပြီး အာရုံစိုက်ပါ။” _ Shay Mitchell

ကျွန်မအတွက်ကတော့ Workout လုပ်တယ်ဆိုတာ အစားအသောက်အနေအထိုင်အတွက် လိုအပ်လို့ သက်သက်လုပ်တာမဟုတ်ဘဲ ကျွန်မရဲ့ စိတ်တွေအာရုံစိုက်နိုင်အောင် ကြိုးစားချင်လို့ လုပ်နေတာမျိုးပါ။ အပြင်မှာ လမ်းလျှောက်တယ်။ Boxing ထိုးတယ်။ နောက်ပြီးတော့ သွားကတယ်။ ဘယ်လိုကိုယ်ခန္ဓာလှုပ်ရှားမှုပဲဖြစ်ပါစေ လူတွေအတွက် အကျိုးရှိပါတယ်။ အထူးသဖြင့် ဒါတွေလုပ်ပြီးသွားရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီး စိတ်ကျေနပ်မှုရစေတယ်။

Shay Mitchell

Shay Mitchell

“ကိုယ့်ကိုယ်ကိုယ် စိတ်ပါအောင် မလုပ်နိုင်ဘူးဆိုရင် တစ်စုံတစ်ယောက်ကို လုပ်ခိုင်းလိုက်ပါ။” _ Rihanna

ကျွန်မအတွက်တော့ Cardio က အဓိကပဲ။ ကျွန်မရဲ့ Personal Trainer က ကျွန်မသွားသမျှနေရာတိုင်းကို လိုက်ခဲ့ပေးပြီးတော့ နေ့စဉ် Workout လုပ်ဖြစ်အောင် သူက တိုက်တွန်းပေးနေပါတယ်။

Rihanna

Rihanna

“Workout Playlist က စိတ်လှုပ်ရှားစေဖို့လည်း လိုအပ်ပါတယ်။” _ Beyonce

ကျွန်မက တစ်ခါတည်းနဲ့ ပုံစံမျိုးစုံ Workout လုပ်ရတာကို ကြိုက်တယ်။ ဒီတော့ သီချင်းတွေဖွင့်ထားပြီးတော့ အမြဲတမ်း Workout လုပ်တယ်။ ကိုယ်တကယ်ကြိုက်ပြီး စိတ်အားတက်စေမယ့်သီချင်းမျိုးကတော့ အစဉ်အပြေဆုံးပေါ့။

Beyonce

Beyonce

ကဲ ဒီလောက်ဆိုရင် ဒီနေ့ Workout လုပ်ဖို့ အားရှိသွားကြပြီထင်တယ်။ ကိုယ်ခန္ဓာတွေ အရမ်းလှကုန်မှာ မြင်ယောင်နေပါတယ်နော်။ ဒီတော့ Workout ကို ဖြေးဖြေးမှန်မှန်ကြိုးစားလုပ်ပြီး ကျန်းမာသန်စွမ်းလှပတဲ့ကိုယ်ခန္ဓာလေးတွေကို ပုံဖော်လိုက်ရအောင်။

Moethaesay (Akhayar)