[Zawgyi]

Girl Boss တစ္ေယာက္လို Professional ဆန္ဆန္ ဘယ္လိုအလုပ္လုပ္ၾကမလဲ

အလုပ္လုပ္ေနတဲ့မိန္းကေလးေတြတိုင္းကေတာ့ ကိုယ့္ရဲ႕ Career မွာ အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားၾကတာခ်ည္းပါပဲ။ တစ္ခါတေလလည္း ေအာင္ျမင္တာရွိသလို၊ ရွံဳးနိမ့္သြားတာေတြလည္း ရွိပါတယ္။ ဒါေပမယ့္ ကိုယ့္ဘက္ကေတာ့ အေကာင္းဆံုးႀကိဳးစားလုပ္ေဆာင္ေပးရမွာက ကိုယ့္တာ၀န္ေပါ့ေနာ္။ Professional Career တစ္ခုေပၚမွာ ရပ္တည္တဲ့အခါမွာ ေခ်ာင္ေလးမွာ တကုပ္ကုပ္နဲ႔ အလုပ္ေတြပဲ ႀကိဳးစားလုပ္ေနလို႔လည္း မရပါဘူး။ Social ေကာင္းရမယ္။ ယံုၾကည္မႈရွိရမယ္။ လူကိုၾကည့္လိုက္တာနဲ႔ ေလးစားယံုၾကည္စရာပံုပန္းသ႑ာန္ရွိရမယ္။ ေနာက္ၿပီး ေယာက္်ားေလးတစ္ေယာက္လိုလည္း ရဲရင့္ျပတ္သားရဦးမယ္။ ေအာင္ျမင္ေနတဲ့ Girl Boss ေတြအားလံုးဟာလည္း ဒီလိုအရည္အခ်င္းေတြနဲ႔ ျပည့္စံုၾကတဲ့မိန္းကေလးေတြခ်ည္းပါပဲ။ ကိုယ္ေတြလည္း သူတို႔လို ေအာင္ျမင္တဲ့ေကာင္မေလးေတြျဖစ္ေအာင္လို႔ အတုယူၿပီး ဘယ္လိုေနထိုင္ရမလဲဆိုတာကို ၾကည့္္လိုက္ၾကရေအာင္။

သူတို႔က သူတို႔ရဲ႕ ကၽြမ္းက်င္ပိုင္ႏုိင္မႈေတြနဲ႔ ၀ါသနာေနာက္ကို လုိက္ၾကတယ္

ပထမဆံုးနဲ႔ အေျခခံအက်ဆံုးအလုပ္ပါ။ ကိုယ္က ဘာျဖစ္ခ်င္တာလဲ။ ကိုယ္က ဘယ္လိုအလုပ္မ်ိဳးေတြကို လုပ္ရတာ သေဘာက်လဲ။ ကိုယ္က ဘယ္လိုအလုပ္မ်ိဳးဆို ကၽြမ္းက်င္ပိုင္ႏုိင္စြာလုပ္တတ္တာလဲစတာေတြကို ရွာေဖြပါ။ အထူးသျဖင့္ ျမန္မာႏုိင္ငံက လူငယ္ေတြဟာ စား၀တ္ေနေရးအတြက္ အလုပ္လုပ္ရတဲ့အခါမွာ ကၽြမ္းက်င္ပိုင္ႏုိင္မႈထက္ အရင္ရတဲ့အလုပ္ကို ၀င္လုပ္ေလ့ရွိၾကပါတယ္။ ဒါဟာ သင့္ကို တိုးတက္ေစမယ့္လမ္းေၾကာင္းမဟုတ္ပါဘူး။ ဒါေၾကာင့္ ေအာင္ျမင္ခ်င္ရင္ ေရလိုက္ငါးလိုက္ လုိက္မလုပ္ပါနဲ႔။ ေငြေနာက္ကို ခ်က္ခ်င္းမလိုက္ပါနဲ႔။ ေရရွည္ေမြ႕ေလ်ာ္ေပ်ာ္ရႊင္ႏုိင္မယ့္ ၀ါသနာပါတဲ့အလုပ္ ဒါမွမဟုတ္ ဘယ္အခ်ိန္ထလုပ္လုပ္ ခက္ခဲမႈမရွိတဲ့ ကၽြမ္းက်င္ပိုင္ႏုိင္တဲ့အလုပ္ကို အရင္ရွာပါ။

What's your skill?

What’s your skill?

သူတို႔က ျဖစ္ႏုိင္တဲ့အရာေတြကိုပဲ အိပ္မက္မက္ၾကတယ္

ကိုယ္က လက္ရွိမွာ မန္ေနဂ်ာရာထူးနဲ႔ ကုမၸဏီတစ္ခုခုမွာ အလုပ္၀င္ေနတယ္ဆိုပါစို႔။ ဒါေပမယ့္ သင္ဟာ ေဆးဘက္ဆိုင္ရာကို အရမ္းစိတ္ပါ၀င္စားေနလို႔လည္း ဆရာ၀န္ျဖစ္မလာႏုိင္ေတာ့ပါဘူး။ အဲဒါပါပဲ။ ျဖစ္ႏုိင္တာကို စိတ္ကူးပါ။ လက္ေတြ႕က်တာကိုပဲ အိပ္မက္မက္ပါ။ ကိုယ္ရဲ႕ လက္ရွိအသက္အရြယ္၊ ေငြေၾကးအင္အား၊ အသက္ေမြး၀မ္းေက်ာင္းလုပ္ငန္းနဲ႔ အဆင္ေျပၿပီး လက္ေတြ႕မွာ ျဖစ္ထြန္းလာႏုိင္တဲ့အိပ္မက္ေတြေပါ့။ ဥပမာ ခုနလို မန္ေနဂ်ာတစ္ေယာက္ဟာ ဆရာ၀န္တစ္ေယာက္ျဖစ္မလာႏုိင္ေတာ့ေပမယ့္ ေဆးရံုပိုင္ရွင္တစ္ေယာက္ေတာ့ ျဖစ္လာႏုိင္ပါတယ္။

Dream which can come true

Dream which can come true

သူတို႔က ပိုၿပီးအလုပ္ႀကိဳးစားၾကတယ္

မိဘစဥ္ဆက္ခ်မ္းသာေနၾကတဲ့ Girl Boss ေလးေတြကလြဲလို႔ ကိုယ့္ဒူးကိုယ္ခၽြန္ေနၾကတဲ့ Girl Boss ေလးေတြဟာ သာမာန္၀န္ထမ္းေတြထက္ အလုပ္ပိုႀကိဳးစားလုပ္ကိုင္ၾကပါတယ္။ အခုအခ်ိန္ေအာင္ျမင္ေနတဲ့ပံုရိပ္ေတြကိုပဲ မၾကည့္ပါနဲ႔။ အတိတ္က ရုန္းကန္ေဖာက္ထြက္လာခဲ့ရတဲ့အခ်ိန္ေတြကိုလည္း စံုစမ္းၾကည့္ေစခ်င္ပါတယ္။ အဲဒီေတာ့ ၉နာရီကေန ၆နာရီ ရံုးခ်ိန္ေလးအတြင္းအလုပ္လုပ္ေနရင္းနဲ႔ေတာ့ သင္တို႔ရဲ႕ အိပ္မက္ေတြက တကယ္ျဖစ္မလာႏုိင္ပါဘူး။ စိတ္ကူးအိပ္မက္ေနာက္မွာ ႀကိဳးစားရုန္းကန္မႈနဲ႔ လက္ေတြ႕လုပ္ေဆာင္မႈေတြလည္း ထပ္ျဖည့္ထည့္ဖို႔ လိုအပ္ပါေသးတယ္။

You must hard working

You must hard working

သူတို႔က အၿမဲတမ္း လွပေက်ာ့ေကာ့ေနၾကတယ္

ဘာေၾကာင့္လည္းဆိုရင္ေတာ့ သူတို႔ဟာ မိန္းကေလးတစ္ေယာက္အျဖစ္ ေလးစားယံုၾကည္မႈေတြ၊ တန္ဖိုးထားအထင္ႀကီးမႈေတြကို သိမ္းပိုက္ရမွာျဖစ္လို႔ ဘယ္ေတာ့မွ ျဖစ္ကလွည့္ဆန္းေနထိုင္ၾကမွာ မဟုတ္ပါဘူး။ ေတြ႕လိုက္ျမင္လိုက္တာနဲ႔ တကယ္ကို ႏွစ္ခါျပန္ေငးေလာက္တဲ့ အ၀တ္အစားပံုစံ၊ မိတ္ကပ္နဲ႔ စကားေျပာပံု၊ ကိုယ္ေနဟန္ထားေတြကို တည္ေဆာက္ထားပါတယ္။ ဒါကလည္း တစ္ကိုယ္ရည္လွပေက်ာ့ရွင္းမႈထက္ လုပ္ငန္းပိုင္းဆုိင္ရာမွာလည္း အမ်ားႀကီးအေထာက္အကူျပဳေပးေနလုိ႔ပါပဲ။

Be smart & gorgeous

Be smart & gorgeous

သူတို႔က စိန္ေခၚရဲၾကတယ္

ရွံဳးမွာကို ေၾကာက္ၿပီး ဘယ္ၿပိဳင္ပြဲမွ ၀င္မၿပိဳင္ျဖစ္တဲ့ အားကစားသမားတစ္ဦးရဲ႕ လက္ထဲမွာ ဘာဆုတံဆိပ္မွလည္း ွရွိေနမွာ မဟုတ္ပါဘူး။ တစ္ခါတေလ ဘ၀ဆိုတာ ရွင္ရဲ၊ ေသရဲရပါေသးတယ္။ ဒီလို ယံုၾကည္မႈကို စိန္ေခၚရဲတဲ့သူေတြသာ ကမာၻေပၚမွာ မရွိခဲ့ဘူးဆိုရင္ တုိးတက္ဖြ႕ံၿဖိဳးမႈေတြလည္း ဘာမွရွိလာမွာမဟုတ္ပါဘူး။ ေနာက္ၿပီး Entrepreneur ဆိုတဲ့စကားလံုးလည္း ရွိလာမွာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ ယံုၾကည္ခ်က္ကသာ အိပ္မက္နဲ႔လက္ေတြ႕ တစ္ထပ္တည္းက်ေနမယ္ဆိုရင္ စိန္ေခၚၿပီးလုပ္ကိုင္ရဲတဲ့သတၱိလည္း သင့္မွာ ရွိရပါလိမ့္မယ္။

Take risk

Take risk

ဒါေတြကေတာ့ ကိုယ့္ဒူးကိုယ္ခၽြန္ၿပီး ေအာင္ျမင္ေနၾကတဲ့ Girl Boss ေတြလက္ဆြဲထားတဲ့ အမူအက်င့္ငါးခ်က္ပဲျဖစ္ပါတယ္။ ကၽြန္မတို႔ ေမွ်ာ္မွန္းတဲ့ေနရာေတြကို ကၽြန္မတို႔ ေရာက္ေအာင္သြားႏုိင္တဲ့ခြန္အားအျပည့္ရွိပါတယ္။ အထူးသျဖင့္ အခုလိုဖြံ႕ၿဖိဳးတိုးတက္ေနၿပီး အလုပ္အကိုင္အခြင့္အလမ္းေတြးတိုးပြားေနတဲ့ေခတ္ႀကီးမွာ မျဖစ္ႏိုင္တာဆိုတာ ခပ္ရွားရွားပဲရွိပါေတာ့တယ္။ Girl Boss တစ္ေယာက္လိုက်င့္သံုးမယ္ဆိုရင္ေတာ့ ကိုယ္ပိုင္လုပ္ငန္းေတြနဲ႔ မေအာင္ျမင္ႏုိင္ေသးရင္ေတာင္မွ ေကာင္းမြန္တဲ့အေလ့အက်င့္ေတြေၾကာင့္ အဖြဲ႕အစည္းတစ္ခုရဲ႕ ဦးေဆာင္သူတစ္ဦးေတာ့ ျဖစ္လာႏုိင္ပါတယ္။ ကၽြန္မတို႔အားလံုးဟာ ကိုယ္ပိုင္ဘ၀ကိုယ္စီရဲ႕ Girl Boss ေလးေတြပဲ မဟုတ္လား။

Moethaesay (Akhayar)

[Unicode

Girl Boss တစ်ယောက်လို Professional ဆန်ဆန် ဘယ်လိုအလုပ်လုပ်ကြမလဲ

အလုပ်လုပ်နေတဲ့မိန်းကလေးတွေတိုင်းကတော့ ကိုယ့်ရဲ့ Career မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတာချည်းပါပဲ။ တစ်ခါတလေလည်း အောင်မြင်တာရှိသလို၊ ရှုံးနိမ့်သွားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ အကောင်းဆုံးကြိုးစားလုပ်ဆောင်ပေးရမှာက ကိုယ့်တာဝန်ပေါ့နော်။ Professional Career တစ်ခုပေါ်မှာ ရပ်တည်တဲ့အခါမှာ ချောင်လေးမှာ တကုပ်ကုပ်နဲ့ အလုပ်တွေပဲ ကြိုးစားလုပ်နေလို့လည်း မရပါဘူး။ Social ကောင်းရမယ်။ ယုံကြည်မှုရှိရမယ်။ လူကိုကြည့်လိုက်တာနဲ့ လေးစားယုံကြည်စရာပုံပန်းသဏ္ဍာန်ရှိရမယ်။ နောက်ပြီး ယောက်ျားလေးတစ်ယောက်လိုလည်း ရဲရင့်ပြတ်သားရဦးမယ်။ အောင်မြင်နေတဲ့ Girl Boss တွေအားလုံးဟာလည်း ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံကြတဲ့မိန်းကလေးတွေချည်းပါပဲ။ ကိုယ်တွေလည်း သူတို့လို အောင်မြင်တဲ့ကောင်မလေးတွေဖြစ်အောင်လို့ အတုယူပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

သူတို့က သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတွေနဲ့ ဝါသနာနောက်ကို လိုက်ကြတယ်

ပထမဆုံးနဲ့ အခြေခံအကျဆုံးအလုပ်ပါ။ ကိုယ်က ဘာဖြစ်ချင်တာလဲ။ ကိုယ်က ဘယ်လိုအလုပ်မျိုးတွေကို လုပ်ရတာ သဘောကျလဲ။ ကိုယ်က ဘယ်လိုအလုပ်မျိုးဆို ကျွမ်းကျင်ပိုင်နိုင်စွာလုပ်တတ်တာလဲစတာတွေကို ရှာဖွေပါ။ အထူးသဖြင့် မြန်မာနိုင်ငံက လူငယ်တွေဟာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတဲ့အခါမှာ ကျွမ်းကျင်ပိုင်နိုင်မှုထက် အရင်ရတဲ့အလုပ်ကို ဝင်လုပ်လေ့ရှိကြပါတယ်။ ဒါဟာ သင့်ကို တိုးတက်စေမယ့်လမ်းကြောင်းမဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်ချင်ရင် ရေလိုက်ငါးလိုက် လိုက်မလုပ်ပါနဲ့။ ငွေနောက်ကို ချက်ချင်းမလိုက်ပါနဲ့။ ရေရှည်မွေ့လျော်ပျော်ရွှင်နိုင်မယ့် ဝါသနာပါတဲ့အလုပ် ဒါမှမဟုတ် ဘယ်အချိန်ထလုပ်လုပ် ခက်ခဲမှုမရှိတဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့အလုပ်ကို အရင်ရှာပါ။

What's your skill?

What’s your skill?

သူတို့က ဖြစ်နိုင်တဲ့အရာတွေကိုပဲ အိပ်မက်မက်ကြတယ်

ကိုယ်က လက်ရှိမှာ မန်နေဂျာရာထူးနဲ့ ကုမ္ပဏီတစ်ခုခုမှာ အလုပ်ဝင်နေတယ်ဆိုပါစို့။ ဒါပေမယ့် သင်ဟာ ဆေးဘက်ဆိုင်ရာကို အရမ်းစိတ်ပါဝင်စားနေလို့လည်း ဆရာဝန်ဖြစ်မလာနိုင်တော့ပါဘူး။ အဲဒါပါပဲ။ ဖြစ်နိုင်တာကို စိတ်ကူးပါ။ လက်တွေ့ကြတာကိုပဲ အိပ်မက်မက်ပါ။ ကိုယ်ရဲ့ လက်ရှိအသက်အရွယ်၊ ငွေကြေးအင်အား၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ အဆင်ပြေပြီး လက်တွေ့မှာ ဖြစ်ထွန်းလာနိုင်တဲ့အိပ်မက်တွေပေါ့။ ဥပမာ ခုနလို မန်နေဂျာတစ်ယောက်ဟာ ဆရာဝန်တစ်ယောက်ဖြစ်မလာနိုင်တော့ပေမယ့် ဆေးရုံပိုင်ရှင်တစ်ယောက်တော့ ဖြစ်လာနိုင်ပါတယ်။

Dream which can come true

Dream which can come true

သူတို့က ပိုပြီးအလုပ်ကြိုးစားကြတယ်

မိဘစဉ်ဆက်ချမ်းသာနေကြတဲ့ Girl Boss လေးတွေကလွဲလို့ ကိုယ့်ဒူးကိုယ်ချွန်နေကြတဲ့ Girl Boss လေးတွေဟာ သာမာန်ဝန်ထမ်းတွေထက် အလုပ်ပိုကြိုးစားလုပ်ကိုင်ကြပါတယ်။ အခုအချိန်အောင်မြင်နေတဲ့ပုံရိပ်တွေကိုပဲ မကြည့်ပါနဲ့။ အတိတ်က ရုန်းကန်ဖောက်ထွက်လာခဲ့ရတဲ့အချိန်တွေကိုလည်း စုံစမ်းကြည့်စေချင်ပါတယ်။ အဲဒီတော့ ၉နာရီကနေ ၆နာရီ ရုံးချိန်လေးအတွင်းအလုပ်လုပ်နေရင်းနဲ့တော့ သင်တို့ရဲ့ အိပ်မက်တွေက တကယ်ဖြစ်မလာနိုင်ပါဘူး။ စိတ်ကူးအိပ်မက်နောက်မှာ ကြိုးစားရုန်းကန်မှုနဲ့ လက်တွေ့လုပ်ဆောင်မှုတွေလည်း ထပ်ဖြည့်ထည့်ဖို့ လိုအပ်ပါသေးတယ်။

You must hard working

You must hard working

သူတို့က အမြဲတမ်း လှပကျော့ကော့နေကြတယ်

ဘာကြောင့်လည်းဆိုရင်တော့ သူတို့ဟာ မိန်းကလေးတစ်ယောက်အဖြစ် လေးစားယုံကြည်မှုတွေ၊ တန်ဖိုးထားအထင်ကြီးမှုတွေကို သိမ်းပိုက်ရမှာဖြစ်လို့ ဘယ်တော့မှ ဖြစ်ကလှည့်ဆန်းနေထိုင်ကြမှာ မဟုတ်ပါဘူး။ တွေ့လိုက်မြင်လိုက်တာနဲ့ တကယ်ကို နှစ်ခါပြန်ငေးလောက်တဲ့ အဝတ်အစားပုံစံ၊ မိတ်ကပ်နဲ့ စကားပြောပုံ၊ ကိုယ်နေဟန်ထားတွေကို တည်ဆောက်ထားပါတယ်။ ဒါကလည်း တစ်ကိုယ်ရည်လှပကျော့ရှင်းမှုထက် လုပ်ငန်းပိုင်းဆိုင်ရာမှာလည်း အများကြီးအထောက်အကူပြုပေးနေလို့ပါပဲ။

Be smart & gorgeous

Be smart & gorgeous

သူတို့က စိန်ခေါ်ရဲကြတယ်

ရှုံးမှာကို ကြောက်ပြီး ဘယ်ပြိုင်ပွဲမှ ဝင်မပြိုင်ဖြစ်တဲ့ အားကစားသမားတစ်ဦးရဲ့ လက်ထဲမှာ ဘာဆုတံဆိပ်မှလည်း ှရှိနေမှာ မဟုတ်ပါဘူး။ တစ်ခါတလေ ဘဝဆိုတာ ရှင်ရဲ၊ သေရဲရပါသေးတယ်။ ဒီလို ယုံကြည်မှုကို စိန်ခေါ်ရဲတဲ့သူတွေသာ ကမ္ဘာပေါ်မှာ မရှိခဲ့ဘူးဆိုရင် တိုးတက်ဖွံ့ဖြိုးမှုတွေလည်း ဘာမှရှိလာမှာမဟုတ်ပါဘူး။ နောက်ပြီး Entrepreneur ဆိုတဲ့စကားလုံးလည်း ရှိလာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ယုံကြည်ချက်ကသာ အိပ်မက်နဲ့လက်တွေ့ တစ်ထပ်တည်းကျနေမယ်ဆိုရင် စိန်ခေါ်ပြီးလုပ်ကိုင်ရဲတဲ့သတ္တိလည်း သင့်မှာ ရှိရပါလိမ့်မယ်။

Take risk

Take risk

ဒါတွေကတော့ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်နေကြတဲ့ Girl Boss တွေလက်ဆွဲထားတဲ့ အမူအကျင့်ငါးချက်ပဲဖြစ်ပါတယ်။ ကျွန်မတို့ မျှော်မှန်းတဲ့နေရာတွေကို ကျွန်မတို့ ရောက်အောင်သွားနိုင်တဲ့ခွန်အားအပြည့်ရှိပါတယ်။ အထူးသဖြင့် အခုလိုဖွံ့ဖြိုးတိုးတက်နေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေးတိုးပွားနေတဲ့ခေတ်ကြီးမှာ မဖြစ်နိုင်တာဆိုတာ ခပ်ရှားရှားပဲရှိပါတော့တယ်။ Girl Boss တစ်ယောက်လိုကျင့်သုံးမယ်ဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ မအောင်မြင်နိုင်သေးရင်တောင်မှ ကောင်းမွန်တဲ့အလေ့အကျင့်တွေကြောင့် အဖွဲ့အစည်းတစ်ခုရဲ့ ဦးဆောင်သူတစ်ဦးတော့ ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့အားလုံးဟာ ကိုယ်ပိုင်ဘဝကိုယ်စီရဲ့ Girl Boss လေးတွေပဲ မဟုတ်လား။

Moethaesay (Akhayar)