[Zawgyi]

စကီေလး မသိေအာင္ ဒါေတြကုိ လ်ွိဳထားလုိက္ပါ

ဘာပဲလုပ္လုပ္ ပြင့္လင္းတာေကာင္းတယ္ဆုိေပမယ့္လည္း အိမ္သာတက္ရင္ေတာ့ တံခါးပိတ္ရတာပဲမလား။ အဲဒီေတာ့ အသိခံလုိ႔မျဖစ္တဲ့ တခ်ိဳ႕ဟာေတြကုိ စကီေလးေရွ႕မွာ တုတ္ထုိးအုိးေပါက္သြားေျပာရင္ေတာ့ ေရႊစိတ္ေတာ္ညိွဳးၿပီး အရစ္ေတာ္ခံမွာ ေသခ်ာၿပီမွတ္။ အဲဒီေတာ့ ဘယ္လုိစကားမ်ိဳးေတြကုိ ဒိုင္လ်ွိဳထားရမလဲဆုိတာကုိ တစ္ခုခ်င္းေျပာျပမယ္ဗ်၊ စာအုပ္နဲ႔ေသခ်ာလုိက္မွတ္၊ ဒါပဲ။

၁။ ရည္းစားေဟာင္းအေၾကာင္း မထိေကာင္း။

စကီေလးေရွ႕မွာ ကုိယ့္ရည္းစားေဟာင္းအေၾကာင္းေတြကုိ ေယာင္လုိ႔မွ မဟမိေစနဲ႔ေနာ္။ ကုိယ့္ထားခဲ့တဲ့ ရည္းစားေတြက အမ်ိဳးသမီးလက္ေရြးစင္တစ္သင္းစာေလာက္ ရွိေနပါေစ၊ စကီေလးေရွ႕မွာေတာ့ “သူငယ္ႏွပ္စား” ပုံစံေနျပလုိက္။ ဒီလုိမွ မဟုတ္ရင္ေတာ့ “ခုိခုိ အရင္ရည္းစားတုန္းက ေတာ္ေတာ္ခ်စ္ခဲ့တာလား၊ ဘယ္ေလာက္ၾကာေအာင္ တြဲခဲ့တာလဲ၊ ဘယ္အဆင့္ထိ ေရာက္ခဲ့ေသးလဲ၊ ေခးနဲ႔သူ  ဘယ္သူ႕ပုိခ်စ္တာလဲ ဟင့္ဟင့္ ေျပာေနာ္ ဟီးအီးအီး” ဆုိၿပီး ခြ်ဲေနရင္ ကုိယ့္မွာ ေခ်ာ့ေနရတာနဲ႔တင္ ေမာၿပီသာမွတ္။

၂။ ေက်ာသား ရင္သားခြဲျခားပါ။

စကီေလးေရွ႕မွာ တျခားေကာင္မေလးရဲ႕အေၾကာင္းကုိ “အဲေကာင္မေလးက ဘယ္လုိေတာ္တာ၊ အရြယ္နဲ႔ေတာင္ မလုိက္ဖူး” ဆုိၿပီး သြားမေျပာမိေစနဲ႔။ မနာလုိျဖစ္တဲ့ေနရာမွာေတာ့ ေက်ာသားရင္သား ခြဲျခားတာ မဟုတ္ဖူး။ “ ခုိခုိက သူ႕ကုိ ခ်ီးက်ဴးေနတာဆုိေတာ့ အ့ဲေကာင္မနဲ႔ေခးဆုိ ဘယ္သူ႕ကုိ ေရြးမွာလဲ” ဆုိၿပီး မဆီမဆုိင္ရစ္ပါေလေရာ။

၃။ ကုိယ့္ေပါင္ ကုိယ္လွန္မေထာင္းပါနဲ႔။

တစ္ခါတစ္ေလက်ေတာ့ “ကုိယ့္ဂုဏ္ကုိယ္ေဖာ္ မသူေတာ္” လုပ္တာက “ကုိယ့္ေပါင္ကုိယ္လွန္ေထာင္း” သလုိပဲဗ်။ “ခုိခုိ ေက်ာင္းတက္တုန္းကဆုိရင္ အတန္းထဲက ေကာင္မေလးေတြက အရမ္းၾကည္ၾကတာ၊ ခုိခုိ အတန္းထဲဝင္လာရင္ ဝုိင္းၾကည့္ၾကတာ” ဆုိၿပီး ငယ္က်ိဳးငယ္နာေတြကုိ ၾကြားလုံးေတြထုတ္မိရင္ေတာ့ ေသၿပီသာမွတ္။

၄။ စကီသာလ်င္ ပထမ။

စကီေလးနဲ႔ေတြ႕တုန္းခဏမွာ ၾကည္ႏူးစရာအေၾကာင္းေတြကုိပဲ အဓိကထားၿပီး ေျပာသင့္တာပါ။ အလုိက္ကန္းဆုိးမသိဘဲ အလုပ္ကိစၥေတြကုိပဲ ေျပာေနၿပီး ဖြင့္ေနက်ဓာတ္ေျပာင္းေဟာင္းႀကီးက အပ္ေၾကာင္းထပ္ေနရင္ေတာ့ သူ႕ကုိ ဂရုမစုိက္ဖူးထင္သြားမွာေနာ္။ “ခုိခုိက ေခးနဲ႔ေတြ႕တုိင္းလည္း အလုပ္ကိစၥေတြပဲ ေျပာေနတာခ်ည္းပဲ။ Laptop ႀကီးလည္း ပိတ္ထားပါဦး၊ ဘာလဲ . . ေခးထက္ အလုပ္ကုိ ပုိဦးစားေပးတာလား၊ ေခးကုိ မခ်စ္ေတာ့ဘူးလား၊ ခုိခုိပဲ ေခးကုိ ခ်စ္တယ္ဆုိ” ဆုိၿပီး ေရႊစိတ္ေတာ္ဆုိးမွာေနာ္။ အဲဒီေတာ့ စကီေလးနဲ႔ေတြ႕ရင္ အလုပ္ကိစၥကုိ ယာယီေမ့ထားလုိက္။

၅။ ဝတာက လွတာပါ။

စကီေလးေတြက ခႏၶာကုိယ္ကသာ စည္ပုိင္းေလာက္ႀကီးရွိေနပါေစ၊ သူတုိ႔ကုိ ဝလာတယ္လုိ႔လာေျပာရင္ မႀကိဳက္ၾကဘူးဗ်။ အထူးသျဖင့္ သူတုိ႔ရည္းစားက ေျပာလာရင္ ပုိဆုိး။ အဲဒီေတာ့ “ေခး ဝလာတယ္သိလား” ဆုိၿပီး အာမေခ်ာင္မိေစနဲ႔။ “အသံေၾကာင့္ ဖားေသ” ဆုိသလုိ “ကုိယ့္အတတ္နဲ႔ ကုိယ့္စူး” ျဖစ္ေနမယ္ေနာ္။

စကီေလးေရွ႕မွာ ဒိုင္လ်ွိဳထားရမယ့္ စကားလုံးေတြကုိ အလ်ဥ္းသင့္သလုိ ေဖာ္ျပလုိက္ပါၿပီ။ အတန္တန္တားထားသားနဲ႕ ေျပာမိရင္ေတာ့ ကုိယ့္ေသတြင္း ကုိယ္တူးတာပဲေလ။ ဒုိင္လ်ွိဳစရာက်န္ေသးရင္လည္း Comment မွာေရးေပးပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စကီလေး မသိအောင် ဒါတွေကို လျှိုထားလိုက်ပါ

ဘာပဲလုပ်လုပ် ပွင့်လင်းတာကောင်းတယ်ဆိုပေမယ့်လည်း အိမ်သာတက်ရင်တော့ တံခါးပိတ်ရတာပဲမလား။ အဲဒီတော့ အသိခံလို့မဖြစ်တဲ့ တချို့ဟာတွေကို စကီလေးရှေ့မှာ တုတ်ထိုးအိုးပေါက်သွားပြောရင်တော့ ရွှေစိတ်တော်ညှိုးပြီး အရစ်တော်ခံမှာ သေချာပြီမှတ်။ အဲဒီတော့ ဘယ်လိုစကားမျိုးတွေကို ဒိုင်လျှိုထားရမလဲဆိုတာကို တစ်ခုချင်းပြောပြမယ်ဗျ၊ စာအုပ်နဲ့သေချာလိုက်မှတ်၊ ဒါပဲ။

၁။ ရည်းစားဟောင်းအကြောင်း မထိကောင်း။

စကီလေးရှေ့မှာ ကိုယ့်ရည်းစားဟောင်းအကြောင်းတွေကို ယောင်လို့မှ မဟမိစေနဲ့နော်။ ကိုယ့်ထားခဲ့တဲ့ ရည်းစားတွေက အမျိုးသမီးလက်ရွေးစင်တစ်သင်းစာလောက် ရှိနေပါစေ၊ စကီလေးရှေ့မှာတော့ “သူငယ်နှပ်စား” ပုံစံနေပြလိုက်။ ဒီလိုမှ မဟုတ်ရင်တော့ “ခိုခို အရင်ရည်းစားတုန်းက တော်တော်ချစ်ခဲ့တာလား၊ ဘယ်လောက်ကြာအောင် တွဲခဲ့တာလဲ၊ ဘယ်အဆင့်ထိ ရောက်ခဲ့သေးလဲ၊ ခေးနဲ့သူ  ဘယ်သူ့ပိုချစ်တာလဲ ဟင့်ဟင့် ပြောနော် ဟီးအီးအီး” ဆိုပြီး ချွဲနေရင် ကိုယ့်မှာ ချော့နေရတာနဲ့တင် မောပြီသာမှတ်။

၂။ ကျောသား ရင်သားခွဲခြားပါ။

စကီလေးရှေ့မှာ တခြားကောင်မလေးရဲ့အကြောင်းကို “အဲကောင်မလေးက ဘယ်လိုတော်တာ၊ အရွယ်နဲ့တောင် မလိုက်ဖူး” ဆိုပြီး သွားမပြောမိစေနဲ့။ မနာလိုဖြစ်တဲ့နေရာမှာတော့ ကျောသားရင်သား ခွဲခြားတာ မဟုတ်ဖူး။ “ ခိုခိုက သူ့ကို ချီးကျူးနေတာဆိုတော့ အဲ့ကောင်မနဲ့ခေးဆို ဘယ်သူ့ကို ရွေးမှာလဲ” ဆိုပြီး မဆီမဆိုင်ရစ်ပါလေရော။

၃။ ကိုယ့်ပေါင် ကိုယ်လှန်မထောင်းပါနဲ့။

တစ်ခါတစ်လေကျတော့ “ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်” လုပ်တာက “ကိုယ့်ပေါင်ကိုယ်လှန်ထောင်း” သလိုပဲဗျ။ “ခိုခို ကျောင်းတက်တုန်းကဆိုရင် အတန်းထဲက ကောင်မလေးတွေက အရမ်းကြည်ကြတာ၊ ခိုခို အတန်းထဲဝင်လာရင် ဝိုင်းကြည့်ကြတာ” ဆိုပြီး ငယ်ကျိုးငယ်နာတွေကို ကြွားလုံးတွေထုတ်မိရင်တော့ သေပြီသာမှတ်။

၄။ စကီသာလျင် ပထမ။

စကီလေးနဲ့တွေ့တုန်းခဏမှာ ကြည်နူးစရာအကြောင်းတွေကိုပဲ အဓိကထားပြီး ပြောသင့်တာပါ။ အလိုက်ကန်းဆိုးမသိဘဲ အလုပ်ကိစ္စတွေကိုပဲ ပြောနေပြီး ဖွင့်နေကျဓာတ်ပြောင်းဟောင်းကြီးက အပ်ကြောင်းထပ်နေရင်တော့ သူ့ကို ဂရုမစိုက်ဖူးထင်သွားမှာနော်။ “ခိုခိုက ခေးနဲ့တွေ့တိုင်းလည်း အလုပ်ကိစ္စတွေပဲ ပြောနေတာချည်းပဲ။ Laptop ကြီးလည်း ပိတ်ထားပါဦး၊ ဘာလဲ . . ခေးထက် အလုပ်ကို ပိုဦးစားပေးတာလား၊ ခေးကို မချစ်တော့ဘူးလား၊ ခိုခိုပဲ ခေးကို ချစ်တယ်ဆို” ဆိုပြီး ရွှေစိတ်တော်ဆိုးမှာနော်။ အဲဒီတော့ စကီလေးနဲ့တွေ့ရင် အလုပ်ကိစ္စကို ယာယီမေ့ထားလိုက်။

၅။ ဝတာက လှတာပါ။

စကီလေးတွေက ခန္ဓာကိုယ်ကသာ စည်ပိုင်းလောက်ကြီးရှိနေပါစေ၊ သူတို့ကို ဝလာတယ်လို့လာပြောရင် မကြိုက်ကြဘူးဗျ။ အထူးသဖြင့် သူတို့ရည်းစားက ပြောလာရင် ပိုဆိုး။ အဲဒီတော့ “ခေး ဝလာတယ်သိလား” ဆိုပြီး အာမချောင်မိစေနဲ့။ “အသံကြောင့် ဖားသေ” ဆိုသလို “ကိုယ့်အတတ်နဲ့ ကိုယ့်စူး” ဖြစ်နေမယ်နော်။

စကီလေးရှေ့မှာ ဒိုင်လျှိုထားရမယ့် စကားလုံးတွေကို အလျဉ်းသင့်သလို ဖော်ပြလိုက်ပါပြီ။ အတန်တန်တားထားသားနဲ့ ပြောမိရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲလေ။ ဒိုင်လျှိုစရာကျန်သေးရင်လည်း Comment မှာရေးပေးပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။