[Zawgyi]

ေဟာလီးဝုဒ္ဆယ္လီေတြႀကိဳက္နွစ္သက္တဲ့ ေဘာလီးဝုဒ္သရုပ္ေဆာင္မ်ား

ေဘာလီးဝုဒ္ မင္းသားမင္းသမီးေတြရဲ ႔ ပရိသတ္ျဖစ္ၾကတဲ့ ေဟာလီးဝုဒ္ဆယ္လီေတြကိုေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

Kristen Stewart ကေတာ့ ေဘာလီးဝုဒ္မင္းသားေခ်ာ Hrithik Roshan ရဲ ႔ ပရိသတ္တစ္ေယာက္ျဖစ္ပါတယ္။ Just Dance (2011) ၊ Krrish (2006)၊ Dhoom 2 (2006) အစရွိတဲ့ နာမည္ႀကီး ဇာတ္ကားေတြ ကိုရိုက္ကူးခဲ့တဲ့မင္းသားတစ္လက္ျဖစ္ပါတယ္။

မင္းသားမွာထူးျခားခ်က္ အေနနဲ႔ ညာဘက္လက္မမွာ လက္မပြားေလးတစ္ခုအပိုပါေနတာကိုလည္းေတြ႕ရပါတယ္။

Gerard Butler ကေတာ့ ေဘာလီးဝုဒ္မင္းသမီးေတြထဲမွာ သူႀကိဳက္နွစ္သက္သူက Priyanka Chopra ျဖစ္ပါတယ္တဲ့။

Kaminey(2009)၊ 7 Khoon Maaf (2011)၊ Barfi(2012)၊ MaryKom(2014)ဆိုတဲ့ဇာတ္ကားေတြကိုရို္က္ကူး ခဲ့ဖူးတဲ့မင္းသမီးတစ္လက္ျဖစ္ၿပီး အခုဆိုရင္ ေဘာလီးဝုဒ္တင္မကဘဲ ေဟာလီးဝုဒ္မွာပါေနရာယူထားတဲ့ မင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။

Jackie Chan ကေတာ့သူႀကိဳက္နွစ္သက္တဲ့ မင္းသမီးက Mallika Sherawatပဲျဖစ္တယ္လို႔ေျပာပါတယ္။ သူမကိုေမြးဖြားခဲ့တာ ၁၉၇၆ ခုနွစ္မွာျဖစ္လို႔ အခုဆိုရင္ သူမရဲ ႔အသက္ဟာ ၄၁ နွစ္ရွိၿပီျဖစ္ပါတယ္။

သူမရိုက္ကူးခဲ့ဖူးတဲ့ဇာတ္ကားေတြကေတာ့ Double Dhamaal(2011)၊ Hisss(2010)၊ Politics of Love (2011)စတာတို႔ပဲျဖစ္ပါတယ္။

Salman Khan

မင္းသားႀကီး Jean-Claude Van Damme ကေတာ့ ေဘာလီးဝုဒ္မင္းသမီး Aishwarya Rai ရဲ ႔ Fan တစ္ေယာက္ပါလို႔ ဆိုပါတယ္။ေဟာလီးဝုဒ္ရဲ ႔ အေၾကာ္အေမာ္တစ္ဦးျဖစ္တဲ့ Kim Kardashian ကလည္း ေဘာလီးဝုဒ္မင္းသားေတြထဲ က Salman Khan ကိုႀကိဳက္တယ္လို႔ေျပာပါတယ္။Robert Pattinson ကေတာ့ သူႀကိဳက္တဲ့ေဘာလီးဝုဒ္နာမည္ႀကီးသရုပ္ေဆာင္နွစ္ေယာက္ရွိပါတယ္။ သူတို႕ေတြကေတာ့ Shah Rukh Khan နဲ႔ Kajol တုိ႔ပဲျဖစ္ပါတယ္။ Sylvester Stallone ကေတာ့သူဟာ ေဘာလီးဝုဒ္မင္းသားေခ်ာ Salman Khan ရဲ ႔တကယ့္ ပရိသတ္ပါလို႔ေျပာပါတယ္။

Tom Cruise ၾကိဳက္တဲ့ မင္းသမီးSonam Kapoor

မင္းသား Tom Cruise ကေတာ့ ေဘာလီးဝုဒ္မင္းသမီးေတြထဲမွာဆိုရင္ Sonam Kapoor ကိုခ်စ္တယ္လို႔ေျပာထားတာေတြ႕ဖူးပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:Style Craze

www.akhayar.com
[Unicode]

ဟောလီးဝုဒ်ဆယ်လီတွေကြိုက်နှစ်သက်တဲ့ ဘောလီးဝုဒ်သရုပ်ဆောင်များ

ဘောလီးဝုဒ် မင်းသားမင်းသမီးတွေရဲ့ ပရိသတ်ဖြစ်ကြတဲ့ ဟောလီးဝုဒ်ဆယ်လီတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Kristen Stewart ကတော့ ဘောလီးဝုဒ်မင်းသားချော Hrithik Roshan ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပါတယ်။ Just Dance (2011) ၊ Krrish (2006)၊ Dhoom 2 (2006) အစရှိတဲ့ နာမည်ကြီး ဇာတ်ကားတွေ ကိုရိုက်ကူးခဲ့တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။

မင်းသားမှာထူးခြားချက် အနေနဲ့ ညာဘက်လက်မမှာ လက်မပွားလေးတစ်ခုအပိုပါနေတာကိုလည်းတွေ့ရပါတယ်။

Gerard Butler ကတော့ ဘောလီးဝုဒ်မင်းသမီးတွေထဲမှာ သူကြိုက်နှစ်သက်သူက Priyanka Chopra ဖြစ်ပါတယ်တဲ့။

Kaminey(2009)၊ 7 Khoon Maaf (2011)၊ Barfi(2012)၊ MaryKom(2014)ဆိုတဲ့ဇာတ်ကားတွေကိုရိုက်ကူး ခဲ့ဖူးတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး အခုဆိုရင် ဘောလီးဝုဒ်တင်မကဘဲ ဟောလီးဝုဒ်မှာပါနေရာယူထားတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

Jackie Chan ကတော့သူကြိုက်နှစ်သက်တဲ့ မင်းသမီးက Mallika Sherawatပဲဖြစ်တယ်လို့ပြောပါတယ်။ သူမကိုမွေးဖွားခဲ့တာ ၁၉၇၆ ခုနှစ်မှာဖြစ်လို့ အခုဆိုရင် သူမရဲ့အသက်ဟာ ၄၁ နှစ်ရှိပြီဖြစ်ပါတယ်။

သူမရိုက်ကူးခဲ့ဖူးတဲ့ဇာတ်ကားတွေကတော့ Double Dhamaal(2011)၊ Hisss(2010)၊ Politics of Love (2011)စတာတို့ပဲဖြစ်ပါတယ်။

Salman Khan

မင်းသားကြီး Jean-Claude Van Damme ကတော့ ဘောလီးဝုဒ်မင်းသမီး Aishwarya Rai ရဲ့ Fan တစ်ယောက်ပါလို့ ဆိုပါတယ်။ဟောလီးဝုဒ်ရဲ့ အကြော်အမော်တစ်ဦးဖြစ်တဲ့ Kim Kardashian ကလည်း ဘောလီးဝုဒ်မင်းသားတွေထဲ က Salman Khan ကိုကြိုက်တယ်လို့ပြောပါတယ်။Robert Pattinson ကတော့ သူကြိုက်တဲ့ဘောလီးဝုဒ်နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်ရှိပါတယ်။ သူတို့တွေကတော့ Shah Rukh Khan နဲ့ Kajol တို့ပဲဖြစ်ပါတယ်။ Sylvester Stallone ကတော့သူဟာ ဘောလီးဝုဒ်မင်းသားချော Salman Khan ရဲ့တကယ့် ပရိသတ်ပါလို့ပြောပါတယ်။

Tom Cruise ကြိုက်တဲ့ မင်းသမီးSonam Kapoor

မင်းသား Tom Cruise ကတော့ ဘောလီးဝုဒ်မင်းသမီးတွေထဲမှာဆိုရင် Sonam Kapoor ကိုချစ်တယ်လို့ပြောထားတာတွေ့ဖူးပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Style Craze

www.akhayar.com