[Zawgyi]

ေမာ္တင္ဟို Moutinho ကို ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့တဲ့ ဝုလ္ဗ္အသင္း

ျပင္သစ္လီဂူးကလပ္ မိုနာကိုအသင္းရဲ႕ ေပၚတူဂီဝါရင့္ကြင္းလယ္လူ ေမာ္တင္ဟို Moutinho ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္တန္းတက္ ဝုလ္ဗ္အသင္း သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ ေမာ္တင္ဟို Moutinho အတြက္ ဝုလ္ဗ္အသင္းက ေပါင္ (၅)သန္းနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး မိုနာကိုအသင္းက ကမ္းလွမ္းမႈကို လက္ခံခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက လိဂ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ကို တန္းတက္လာခဲ့တဲ့ ဝုလ္ဗ္အသင္းက အသက္ (၃၁)ႏွစ္အရြယ္ရွိ ကြင္းလယ္လူ ေမာ္တင္ဟို Moutinho ကို တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုသြားေတာ့မွာျဖစ္ၿပီး (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္သြားဖို႔ရွိေနပါတယ္။

Portugal-midfielder-Joao-Moutinho

Portugal-midfielder-Joao-Moutinho

ေမာ္တင္ဟို Moutinho အေနနဲ႔ ယူရုိ-၂၀၁၆ ၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းကို ခ်န္ပီယံျဖစ္ေအာင္ အဓိကေနရာက စြမ္းေဆာင္ေပးခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ႏိုင္ငံအသင္းအတြက္ တတိယေျမာက္ ပြဲအမ်ားဆံုး ကစားေပးထားတဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ထားတာပါပဲ။ စီေရာ္နယ္လ္ဒို (၁၅၄ ပြဲ)နဲ႔ ဖီဂို (၁၂၇ ပြဲ)တို႔ရဲ႕ေနာက္မွာ ေမာ္တင္ဟို Moutinho က ႏိုင္ငံတကာပြဲေပါင္း (၁၁၃)ပြဲအထိ ကစားေပးခဲ့ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို တန္းတက္လာတဲ့ ဝုလ္ဗ္အသင္းဟာ ေပၚတူဂီလူမ်ိဳးနည္းျပ ဆန္းတို Santo ရဲ႕ လက္ထက္မွာ ေပၚတူဂီကစားသမားေတြ အစြမ္းနဲ႔ ေျခစြမ္းျပေနတဲ့ အသင္းတစ္သင္းျဖစ္ၿပီး လာမယ့္ရက္ပိုင္းအတြင္း ေမာ္တင္ဟို Moutinho ရဲ႕ အေျပာင္းအေရႊ႕ကို အၿပီးသတ္သြားဖို႔ ရွိေနခဲ့ပါတယ္။

Monaco-midfielder-Joao-Moutinho

Monaco-midfielder-Joao-Moutinho

ေမာ္တင္ဟို Moutinho ရဲ႕ ကစားသမားဘဝ ေအာင္ျမင္မႈမ်ား

Sporting
Taça de Portugal: 2006–07, 2007–08
Supertaça Cândido de Oliveira: 2007, 2008
UEFA Cup: Runner-up 2004–05
Taça da Liga: Runner-up 2007–08, 2008–09
Porto
Primeira Liga: 2010–11, 2011–12, 2012–13
Taça de Portugal: 2010–11
Supertaça Cândido de Oliveira: 2010, 2011, 2012
UEFA Europa League: 2010–11
UEFA Super Cup: Runner-up 2011
Taça da Liga: Runner-up 2012–13
Monaco
Ligue 1: 2016–17
Coupe de la Ligue: Runner-up 2016–17, 2017–18

Portugal
UEFA European Championship: 2016FIFA
Confederations Cup: Third place 2017
UEFA European Under-17 Championship: 2003

REF:BBC Sports, Wikipedia
Photo:Metro, Roma Press, Scorewiki
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မော်တင်ဟို Moutinho ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ဝုလ်ဗ်အသင်း

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းရဲ့ ပေါ်တူဂီဝါရင့်ကွင်းလယ်လူ မော်တင်ဟို Moutinho ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်တန်းတက် ဝုလ်ဗ်အသင်း သဘောတူညီမှု ရရှိခဲ့ပါတယ်။ မော်တင်ဟို Moutinho အတွက် ဝုလ်ဗ်အသင်းက ပေါင် (၅)သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မိုနာကိုအသင်းက ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ဝုလ်ဗ်အသင်းက အသက် (၃၁)နှစ်အရွယ်ရှိ ကွင်းလယ်လူ မော်တင်ဟို Moutinho ကို တရားဝင်စာချုပ်ချုပ်ဆိုသွားတော့မှာဖြစ်ပြီး (၂)နှစ်စာချုပ်ချုပ်သွားဖို့ရှိနေပါတယ်။

Portugal-midfielder-Joao-Moutinho

Portugal-midfielder-Joao-Moutinho

မော်တင်ဟို Moutinho အနေနဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ချန်ပီယံဖြစ်အောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံအသင်းအတွက် တတိယမြောက် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားတာပါပဲ။ စီရော်နယ်လ်ဒို (၁၅၄ ပွဲ)နဲ့ ဖီဂို (၁၂၇ ပွဲ)တို့ရဲ့နောက်မှာ မော်တင်ဟို Moutinho က နိုင်ငံတကာပွဲပေါင်း (၁၁၃)ပွဲအထိ ကစားပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်လာတဲ့ ဝုလ်ဗ်အသင်းဟာ ပေါ်တူဂီလူမျိုးနည်းပြ ဆန်းတို Santo ရဲ့ လက်ထက်မှာ ပေါ်တူဂီကစားသမားတွေ အစွမ်းနဲ့ ခြေစွမ်းပြနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း မော်တင်ဟို Moutinho ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်သွားဖို့ ရှိနေခဲ့ပါတယ်။

Monaco-midfielder-Joao-Moutinho

Monaco-midfielder-Joao-Moutinho

မော်တင်ဟို Moutinho ရဲ့ ကစားသမားဘဝ အောင်မြင်မှုများ

Sporting
Taça de Portugal: 2006–07, 2007–08
Supertaça Cândido de Oliveira: 2007, 2008
UEFA Cup: Runner-up 2004–05
Taça da Liga: Runner-up 2007–08, 2008–09
Porto
Primeira Liga: 2010–11, 2011–12, 2012–13
Taça de Portugal: 2010–11
Supertaça Cândido de Oliveira: 2010, 2011, 2012
UEFA Europa League: 2010–11
UEFA Super Cup: Runner-up 2011
Taça da Liga: Runner-up 2012–13
Monaco
Ligue 1: 2016–17
Coupe de la Ligue: Runner-up 2016–17, 2017–18

Portugal
UEFA European Championship: 2016FIFA
Confederations Cup: Third place 2017
UEFA European Under-17 Championship: 2003

REF:BBC Sports, Wikipedia
Photo:Metro, Roma Press, Scorewiki
Aung Kyaw Wai (Akhayar)
www.akhayar.com