[Zawgyi]

၀ုလ္ဗ္အသင္းကို ေျပာင္းေရႊ႕ဖို႔သေဘာတူညီမႈ ရရိွခဲ႔တဲ႔ ဇင္ခ်န္ကို Zinchenko

မန္စီးတီးအသင္းရဲ႕ လူငယ္ကြင္းလယ္ကစားသမား ဇင္ခ်န္ကို Zinchenko ဟာ ပရီးမီးယားလိဂ္တန္းတက္ ကလပ္ ၀ုလ္ဗ္ဗာဟန္တန္အသင္းကို ေျပာင္းေရႊ႕ဖို႔သေဘာတူညီမႈ ရရိွခဲ႔ပါတယ္။ ဇင္ခ်န္ကို Zinchenko ဟာ ေျပာင္းေရႊ႕ေၾကး ေပါင္(၁၆)သန္းနဲ႔ ေျပာင္းေရႊ႕ဖို႔သေဘာတူညီမႈရရိွခဲ႔တာပါ။

Zinchenko

Zinchenko

ဇင္ခ်န္ကို Zinchenko ကို အလားအလာရိွတဲ႔ လူငယ္ကစားသမားတစ္ဦးလို႔ သတ္မွတ္ထားၾကေပမယ္႔ မန္စီးတီးအသင္းမွာေတာ႔ ပံုမွန္ေနရာအတြက္ တိုက္ပြဲ၀င္ေနရသူပါ။ မန္စီးတီးအသင္းရဲ ကြင္းလယ္ပိုင္းဟာ ေတာင္႔တင္းလြန္းတာေၾကာင္႔ ဇင္ခ်န္ကို Zinchenko အတြက္ခက္ခဲေနတာပဲျဖစ္ပါတယ္။ ဒီလိုအေျခအေန ေၾကာင္႔ ဇင္ခ်န္ကို Zinchenko ဟာ ကလပ္အသင္းအခ်ိဳ႕မွာ အဌားနဲ႔သြားေရာက္ကစားခဲ႔ရပါတယ္။

ဇင္ခ်န္ကို Zinchenko ဟာ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက မန္စီးတီးအသင္းအတြက္ လိဂ္ပြဲ(၈)ပြဲအပါအ၀င္ ျပိဳင္ပြဲစံု ပြဲေပါင္း(၁၄)ပြဲ ကစားခြင္႔ရရိွခဲ႔ပါတယ္။ အသက္(၂၁)အရြယ္ရိွျပီျဖစ္သူ ဇင္ခ်န္ကို Zinchenko ဟာ ႏိုင္ငံအသင္းျဖစ္တဲ႔ ယူကရိန္းအသင္းအတြက္ လက္ရိွအခ်ိန္ထိ ပြဲေပါင္း(၁၇)ပြဲ ကစားထားျပီး သြင္းဂိုး(၁)ဂိုးသြင္းယူထားသူျဖစ္ပါတယ္။

REF: Sky Sports
Photo: Futbolgrad , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဝုလ်ဗ်အသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီမှု ရရှိခဲ့တဲ့ ဇင်ချန်ကို Zinchenko

မန်စီးတီးအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား ဇင်ချန်ကို Zinchenko ဟာ ပရီးမီးယားလိဂ်တန်းတက် ကလပ် ဝုလ်ဗ်ဗာဟန်တန်အသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဇင်ချန်ကို Zinchenko ဟာ ပြောင်းရွှေ့ကြေး ပေါင်(၁၆)သန်းနဲ့ ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့တာပါ။

Zinchenko

Zinchenko

ဇင်ချန်ကို Zinchenko ကို အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးလို့ သတ်မှတ်ထားကြပေမယ့် မန်စီးတီးအသင်းမှာတော့ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်နေရသူပါ။ မန်စီးတီးအသင်းရဲ ကွင်းလယ်ပိုင်းဟာ တောင့်တင်းလွန်းတာကြောင့် ဇင်ချန်ကို Zinchenko အတွက်ခက်ခဲနေတာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေ ကြောင့် ဇင်ချန်ကို Zinchenko ဟာ ကလပ်အသင်းအချို့မှာ အဌားနဲ့သွားရောက်ကစားခဲ့ရပါတယ်။

ဇင်ချန်ကို Zinchenko ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းအတွက် လိဂ်ပွဲ(၈)ပွဲအပါအဝင် ပြိုင်ပွဲစုံ ပွဲပေါင်း(၁၄)ပွဲ ကစားခွင့်ရရှိခဲ့ပါတယ်။ အသက်(၂၁)အရွယ်ရှိပြီဖြစ်သူ ဇင်ချန်ကို Zinchenko ဟာ နိုင်ငံအသင်းဖြစ်တဲ့ ယူကရိန်းအသင်းအတွက် လက်ရှိအချိန်ထိ ပွဲပေါင်း(၁၇)ပွဲ ကစားထားပြီး သွင်းဂိုး(၁)ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

REF: Sky Sports
Photo: Futbolgrad , The Independent
Ko Kyue(Akhayar)
www.akhayar.com