[Zawgyi]

WLC:KNOCKOUT WAR ၿပိဳင္​ပြဲႀကီးကုိ ဇြန္​လ ၂ရက္​​ေန႔တြင္ ေနျပည္ေတာ္မွာ က်င္းပမည္

WLC:KNOCKOUT WAR ၿပိဳင္​ပြဲ ဇြန္​လ ၂ရက္​​ေန႔ ​ေနျပည္​​ေတာ္​တြင္​က်င္​းပမည့္​ KNOCKOUT WAR ဟု အမည္​​ေပးထား​ေသာ WLC-5 ၿပိဳင္​ပြဲကုိ လာမည္​့ဇြန္​လ ၂ရက္​​ေန႔တြင္​ ​ေနျပည္​​ေတာ္​ ဝဏၰသိဒၵိအားကစားကြင္​းႀကီးတြင္​ စည္​ကားသိုက္​ၿမိဳက္​စြာ က်င္​းပျပဳလုပ္​သြားမည္​ျဖစ္​ပါသည္​။

အဆိုပါ KNOCKOUT WAR ၿပိဳင္​ပြဲတြင္​ Main Event (​ေခါင္​ပြဲ) အျဖစ္​ ျမန္​မာ့လက္​​ေဝွ့​ေက်ာ္​ ​ေစာဘဦး(​ေတာင္​က​ေလး) ႏွင့္ ပုိလန္ႏုိင္​ငံသား အာသာဆာလာဒိုက္​တို႔ ယွဥ္​ျပဳိင္​ၾကမည္​ျဖစ္​သည္​။ ​ေစာဘဦး(ျမန္​မာ)ႏွင္​့ အာသာဆာလာဒုိက္တုိ႔ လုိက္မစ္​ဒယ္​ဝိတ္​တန္​း(၆၇-၇၁ကီလို) ကမၻာ့လက္​​ေဝွ့ခ်န္​ပီယံခါးပတ္​လုပြဲအျဖစ္ ​ယွဥ္​ၿပိဳင္​ၾကမည္​ျဖစ္သည္​။

Co-Main Event (ဒု-​ေခါင္​ပြဲ)အျဖစ္​ ၿပီးခဲ့သည္​့ ဇန္​နဝါရီ္​လ က က်င္​းပခဲ့​ေသာ WLC-4 ၿပိဳင္​ပြဲတြင္​ ႏိုင္​ပြဲရခဲ့ၾကသည္​့ ​ေစာဒါဝိတ္​ (​ေတာင္​က​ေလး) ႏွင္​့ ​ေက်ာ္​ဇင္​လတ္​(​ကုိး​ေရႊသထုံ) တို႔မွာ လိုက္​ဝယ္​တာဝိတ္​တန္​း(၆၀-၆၃.၅ကီလို) ျမန္​မာျပည္​ခ်န္​ပီယံခါးပတ္​လုပြဲ ယွဥ္​ျပဳိင္​ၾကမည္​ျဖစ္​သည္​။ ဇြန္​လ ၂ရက္​​ေန႔တြင္​ ​ေနျပည္​​ေတာ္​ ဝဏၰသိဒၵိအားကစားကြင္​း၌ က်င္​းပမည္​့ WLC:KNOCKOUT WAR ၿပိဳင္​ပြဲတြင္​ တြဲဆိုုင္​း ၇ဆိုင္​းပါဝင္​ယွဥ္​ၿပိဳင္​ၾကမည္​ျဖစ္​ၿပီး ျမန္​မာျပည္​လက္​​ေဝွ့​ေက်ာ္​မ်ားျဖစ္​သည့္ ေစာငမန္း၊ သ​ေျပညိဳ၊ မိုက္​႐ုိင္​း တို႔ပါဝင္​မည္​ျဖစ္​ကာ တြဲဆိုင္​းစာရင္​းအ​ေသးစိတ္​ကုိ မၾကာမီထုတ္​ျပန္​​ေၾကညာသြားပါမည္​။

အခရာ

www.akhayar.com 

[Unicode]

WLC:KNOCKOUT WAR ပြိုင်ပွဲကြီးကို ဇွန်လ ၂ရက်နေ့တွင် နေပြည်တော်မှာ ကျင်းပမည်

WLC:KNOCKOUT WAR ပြိုင်ပွဲ ဇွန်လ ၂ရက်နေ့ နေပြည်တော်တွင်ကျင်းပမည့် KNOCKOUT WAR ဟု အမည်ပေးထားသော WLC-5 ပြိုင်ပွဲကို လာမည့်ဇွန်လ ၂ရက်နေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဒိအားကစားကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါ KNOCKOUT WAR ပြိုင်ပွဲတွင် Main Event (ခေါင်ပွဲ) အဖြစ် မြန်မာ့လက်ဝှေ့ကျော် စောဘဦး(တောင်ကလေး) နှင့် ပိုလန်နိုင်ငံသား အာသာဆာလာဒိုက်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ စောဘဦး(မြန်မာ)နှင့် အာသာဆာလာဒိုက်တို့ လိုက်မစ်ဒယ်ဝိတ်တန်း(၆၇-၇၁ကီလို) ကမ္ဘာ့လက်ဝှေ့ချန်ပီယံခါးပတ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Co-Main Event (ဒု-ခေါင်ပွဲ)အဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ်လ က ကျင်းပခဲ့သော WLC-4 ပြိုင်ပွဲတွင် နိုင်ပွဲရခဲ့ကြသည့် စောဒါဝိတ် (တောင်ကလေး) နှင့် ကျော်ဇင်လတ်(ကိုးရွှေသထုံ) တို့မှာ လိုက်ဝယ်တာဝိတ်တန်း(၆၀-၆၃.၅ကီလို) မြန်မာပြည်ချန်ပီယံခါးပတ်လုပွဲ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဇွန်လ ၂ရက်နေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဒိအားကစားကွင်း၌ ကျင်းပမည့် WLC:KNOCKOUT WAR ပြိုင်ပွဲတွင် တွဲဆိုုင်း ၇ဆိုင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာပြည်လက်ဝှေ့ကျော်များဖြစ်သည့် စောငမန်း၊ သပြေညို၊ မိုက်ရိုင်း တို့ပါဝင်မည်ဖြစ်ကာ တွဲဆိုင်းစာရင်းအသေးစိတ်ကို မကြာမီထုတ်ပြန်ကြေညာသွားပါမည်။

အခရာ

www.akhayar.com