[Zawgyi]

စိန္​​ေခၚသူ ယူကရိန္​းႏိုင္​ငံသားကို အႏိုင္​ယူၿပီး ခ်န္​ပီယံဘြဲ႔ကို တူးတူးကာကြယ္​

WLC 4 မစ္​ဒယ္​ဝိတ္​တန္​းခ်န္​ပီယံလုပြဲမွာတူးတူးက ယူကရိန္​းႏိုင္​ငံသား ဆို႐ိုကင္​ကိုအမွတ္​နဲ႔ အႏိုင္​ယူၿပီး ခ်န္​ပီယံဘြဲ႔ကို ကာကြယ္​ႏိုင္​ခဲ့ပါတယ္​။တူးတူးနဲ႔ ဆို႐ိုကင္​တို႔ပြဲဟာ အမွား​ေစာင္​့ကစား​ေနလို႔ ​အနည္​းငယ္​ပြဲ​ေအးခဲ့ပါတယ္​။ တူးတူးကတန္​ျပန္​တိုက္​စစ္​​ေတြနဲ႔ ထိုးသတ္​ခဲ့ၿပီး ​ေနာက္​ဆံုးအမွတ္​နဲ႔ အႏိုင္​ရခဲ့တာပါပဲ။ က်န္​အဓိကပြဲဆိုင္​းတစ္​ခုမွာ ​ေစာဘဦးက သ​ေျပညိဳကို အသာစီးထိုးၿပီး အမွတ္​နဲ႔ အႏိုင္​ရခဲ့ပါတယ္​။

ခ်န္ပီယံဘြဲ႕ကို ကာကြယ္ခဲ့သူ တူးတူး

ခ်န္ပီယံဘြဲ႕ကို ကာကြယ္ခဲ့သူ တူးတူး

လိုက္ဝယ္တာ ဝိတ္တန္း ဆီးမီးဖိုင္နယ္မွာ ေစာဒါဝိတ္က ပတ္ေက်ာ္လင္းႏိုင္ကိုပထမအခ်ီမွာပင္အလဲထိုးျဖင့္အႏိုင္ရခဲ႔ျပီး ေက်ာ္ဇင္လတ္ကဗထူးေမာင္ကိုတတိယအခ်ီမွာအလဲထိုးကာအႏိုင္ရခဲ႔ပါတယ္​။ ေစာဒါဝိတ္နဲ႔ ေက်ာ္ဇင္လတ္တို႕ဟာ လာမယ္​့WLC-5မွာလိုက္ဝယ္တာဝိတ္တန္းခ်န္ပီယံဆုအတြြက္ယွဥ္ျပိဳင္ထိုးသတ္ရပါမယ္​။

အျခားပြဲစဥ္မ်ား​ေတြအျဖစ္​ အမ်ိဳးသမီးဖယ္သာဝိတ္တန္းမွာေနာင္ဆရီေပါ့ (ကေမၻာဒီးယား)က ေရႊစင္မင္း(ျမန္မာ)ကိုအမွတ္နဲ႔အႏိုင္ရခဲ႔ျပီး လိုက္ဝယ္တာဝိတ္တန္းအမ်ိဳးသားပြဲစဥ္​ေတြမွာ လက္သီးမိုးက ေသြးသစ္ေမာင္ကို အမွတ္နဲ႔အႏုုိင္၊လိုက္ဝိတ္အမ်ိဳးသားတြဲဆိုင္းမွာ ခ်စ္ေမာင္ေမာင္က စည္သူကို အမွတ္နဲ႔ အသီးသီးအႏိုင္ရခဲ႔ပါတယ္​။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စိန်ခေါ်သူ ယူကရိန်းနိုင်ငံသားကို အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို တူးတူးကာကွယ်

WLC 4 မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲမှာတူးတူးက ယူကရိန်းနိုင်ငံသား ဆိုရိုကင်ကိုအမှတ်နဲ့ အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။တူးတူးနဲ့ ဆိုရိုကင်တို့ပွဲဟာ အမှားစောင့်ကစားနေလို့ အနည်းငယ်ပွဲအေးခဲ့ပါတယ်။ တူးတူးကတန်ပြန်တိုက်စစ်တွေနဲ့ ထိုးသတ်ခဲ့ပြီး နောက်ဆုံးအမှတ်နဲ့ အနိုင်ရခဲ့တာပါပဲ။ ကျန်အဓိကပွဲဆိုင်းတစ်ခုမှာ စောဘဦးက သပြေညိုကို အသာစီးထိုးပြီး အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့သူ တူးတူး

ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့သူ တူးတူး

လိုက်ဝယ်တာ ဝိတ်တန်း ဆီးမီးဖိုင်နယ်မှာ စောဒါဝိတ်က ပတ်ကျော်လင်းနိုင်ကိုပထမအချီမှာပင်အလဲထိုးဖြင့်အနိုင်ရခဲ့ပြီးကျော်ဇင်လတ်ကဗထူးမောင်ကိုတတိယအချီမှာအလဲထိုးကာအနိုင်ရခဲ့ပါတယ်။ စောဒါဝိတ်နဲ့ ကျော်ဇင်လတ်တို့ဟာ လာမယ့်WLC-5မှာလိုက်ဝယ်တာဝိတ်တန်းချန်ပီယံဆုအတွက်ယှဉ်ပြိုင်ထိုးသတ်ရပါမယ်။

အခြားပွဲစဉ်များတွေအဖြစ် အမျိုးသမီးဖယ်သာဝိတ်တန်းမှာနောင်ဆရီပေါ့ (ကမ္ဘောဒီးယား)က ရွှေစင်မင်း(မြန်မာ)ကိုအမှတ်နဲ့အနိုင်ရခဲ့ပြီး လိုက်ဝယ်တာဝိတ်တန်းအမျိုးသားပွဲစဉ်တွေမှာ လက်သီးမိုးကသွေးသစ်မောင်ကို အမှတ်နဲ့အနိုုင်၊လိုက်ဝိတ်အမျိုးသားတွဲဆိုင်းမှာ ချစ်မောင်မောင်က စည်သူကို အမှတ်နဲ့ အသီးသီးအနိုင်ရခဲ့ပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။