[Zawgyi]

ထန်းပင်ရေရှည်တည်တံ့ခိုင်မြဲအောင် ပါဝင်ဆွေးနွေးခဲ့တဲ့ ဝတ်မှုန်ရွှေရည်











ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ထန်းပင်များရည်ရှည်တည်တံံ့ခိုင်မြဲအောင် ပါဝင်ဆွေးနွေးခဲ့တဲ့ဝတ်မှုန်ရွှေရည်

အညာဒေသမှာ အသုံးဝင်တဲ့ ထန်းနဲ့ဝါးဆိုင်ရာအသိပေးဟောပြောပွဲ မှာ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကလည်း ပါဝင်ဆွေးနွေးပေးခဲ့တယ်လို့သိရပါတယ်။ထန်းပင် နဲ့ ထန်းရွက်တို့ရဲ့အရေးပါပုံတွေကို ပြောပြခဲ့တဲ့ အပြီးမှာတော့ ထန်းပင်တွေကိုရေရှည်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းသင့်တယ်ဆိုတာတွေကို အခုလိုသူမရဲ့လူမှုကွန်ရက်မှာဖော်ပြထားတာလည်း ဖြစ်ပါတယ်။

အညာဒေသကို ရောက်နေတဲ့ဝတ်မှုန်ရွှေရည်

အညာဒေသကို ရောက်နေတဲ့ဝတ်မှုန်ရွှေရည်

“ဒီနေ့ ကျောက်ပန်းတောင်းမြို့မှာ ‘ထန်းနှင့်ဝါးဆိုင်ရာအသိပေးဟောပြောပွဲနှင့်ထန်းတောင်သူဘဝမြှင့်တင်ရေးဆိုင်ရာ အဆင့်မြင့်လက်မှူပညာသင်တန်းဖွင့်အခမ်းအနား ‘🌴🌴🌴
အညာဒေသတွင် ရှေးနှစ်ပေါင်းများစွာ ကပင် မြန်မာနိုင်ငံတွင်ရှေးလူကြီး များက နေထိုင်ရန်အတွက် အမိုးအကာဖြစ်ထန်းရွက် ကို အသုံးပြုခဲ့ကြသည်။ ထန်းရွက်နှင့်ပြုလုပ်သောရဟန်းတော်များ အသုံးပြု ကိုင်ဆောင်သော ယပ်အဖြစ် အသုံးပြုခြင်း ပေစာများ ဇာတာများရေးဖွဲ့ကြသည် ။
ထန်းပင်မှ ရသော ထန်းနို့နှင့် ပြုလုပ်သော ထန်းလျက် သည်လည်း မြန်မာလူမျိုးအများစု သည် ထမင်းစားပီးသည့်ချိန်တွင် စားလေ့စားထ ရှိသည် ။ထန်းလျက် ကိုအသုံးပြုပီး မြန်မာမုန့်မျိုးစုံ လု ပ်ရာတွင်လည်း ထန်းလျက်ကို အသုံးပြုသည်။ မုန့်လုံးရေပေါ မုန့်လက်ကောက် ထန်းသီးမုန့် မုန့်ကြာစီ မုန်လက်ဆောင်း မုန့်ကျွဲသဲ ပြုလုပ်စားသုံး ရာတွင်လည်း မပါမဖြစ်တွဲဖက် စားသုံးရသည်။

ပါဝင်ဆွေးနွေးပေးခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ပါဝင်ဆွေးနွေးပေးခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ကျန်းမာရေးနှင့်ပက်သတ်သော မြန်မာဆေး များ ဖော်စပ် ရာတွင်လည်း ထန်းပင်မှရသော ထန်းလျက်ဖြင့်လည်း ပြုလုပ်ရသည်။
ယခု အခါတွင် နိုင်ငံတကာမှ လာရောက် လေ့လာအပန်းဖြေ သော ဧည့်သည် များ အမြောက်အများရှိနေ သဖြင့် ဒေသဂုဏ်ဆောင်သောထန်းပင်များလည်းခေါဆိုနိုင်ပီး တနည်းအားဖြင့် နိုင်ငံသဘာဝအလှတရားများကို လည်းဖော်ပြနေတဲ့တွက် ထန်းပင်များကို မခုတ်သင့် မရောင်းသင့်ပါ ။

ထန်းပင်တွေကိုထိန်းသိမ်းဖို့ပါဝင်ဆွေးနွေးပေးခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ထန်းပင်တွေကိုထိန်းသိမ်းဖို့ပါဝင်ဆွေးနွေးပေးခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ဒေသခံများအနေဖြင့်လည်း ထန်းပင်မှရသော အသီးအရွက် များဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဖြင့် မိသားစု စားဝတ်နေရေး ရပ်တည်နိုင်ပီး ဖြစ်သည် ။
စားသောက်ကုန်မျိုးစုံ လူသုံးကုန်အချို့ပြုလုပ်ရန် အသုံးချနိုင် သဖြင့်ထန်းပင် ရေရှည် တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းစာင့်ရှောက် သင့်ပါသည်”လို့ဖော်ပြခဲ့တာဖြစ်ပါတယ်။

Photo Credit: Witt Hmone Shwe Yi Facebook

ကြည်သာ (Akhayar)

www.akhayar.com