[Zawgyi]

ေဆာင္းဝင္ျပီေလ…အသားမပပ္ေအာင္ ကာကြယ္ၾကပါစုိ႔

ေအာက္တုိဘာလ ၈ ရက္ ဒီေန႔မနက္မွာေတာ့ ေဆာင္းရဲ႕ အမွတ္တရ ေျမာက္ျပန္ေလေလး တုိက္ခတ္လာတာကို စသတိထားလိုက္မိပါျပီ။ သဘာဝကို ၾကည္ႏူးခံစားတာေတာ့ ခံစားတာေပ့ါေလ၊ ဒါေပမယ့္ အသားေျခာက္တဲ့သူေတြအတြက္ကေတာ့ ေဆာင္းတြင္းဟာ ေျခာက္အိပ္မက္ပါပဲ။

အဆီျပန္တဲ့သူေတြအတြက္ မေထာင္းသာလွေပမယ့္ အသားေျခာက္တဲ့သူေတြ ဆုိရင္ အသားေတြ ပက္ၾကားအက္ျပီး ယားယံတာမ်ိဳးထိ ျဖစ္တတ္ပါတယ္။ မ်က္ႏွာၾကီးက တင္းျပီး ေနရထုိင္ရခက္နဲ႔။ အဆီျပန္တဲ့သူေတြလည္း ေဆာင္းတြင္းဆိုရင္ ႏႈတ္ခမ္းေလာက္ကေတာ့ ကြဲတာပါပဲ။ ဒါေတြကို ဘယ္လို ကာကြယ္ၾကမလဲ။ အမာ်းစုက သိျပီးသားနည္းေတြ ဆိုေပမယ့္ ေသခ်ာသိရေအာင္ အခရာက စုစည္းေဖာ္ျပလိုက္ပါတယ္။

ေရေႏြးနဲ႔ ခ်ိဳးတာနဲ႔ ေရအၾကာၾကီး ခ်ိဳးတာ ေရွာင္ပါ

ေရေႏြးနဲ႔ အၾကာၾကီးခ်ိဳးတာဟာ အေၾကာအျခင္ေတြ ေျပေစတယ္ဆိုေပမယ့္ ေရဓာတ္ခနး္ေျခာက္မႈလည္း ျဖစ္ေစပါတယ္။ ေရေႏြးဟာ ခႏၶာကုိယ္ရဲ႕ သဘာဝအဆီေတြကို  ဖယ္ရွားေပးတဲ့အတြက္ ေဆာင္းတြင္းမွာ ေရေႏြးနဲ႔ ခ်ိဳး္မယ္ဆုိလညး္ အခ်ိန္ဆြဲမခ်ိဳးဘဲ ျမန္ျမန္ခ်ိဳးတာမ်ိဳး လုပ္သင့္သလို ေရသုတ္ရင္လည္း ၾကမ္းၾကမ္းတမ္းတမ္း ပြတ္တုိက္သုတ္တာ မဟုတ္ဘဲနဲ႔ ဖြဖြပဲ သုတ္သင့္ပါတယ္။

ဆပ္ျပာေပ်ာ့ေပ်ာ့သံုးပါ

Antibacterial ဆပ္ျပာတို႔ ေမႊးရနံ႔ျပင္းတဲ့ဆပ္ျပာစတာေတြကို ေဆာင္းတြင္းမွာ သံုးရင္ ေကာင္းျခင္းထက္ ဆိုးျခင္းက ပိုေစပါတယ္။ သူတို႔ဟာ ခႏၶာကိုယ္ရဲ႕ ပိုေနတဲ့ အဆီေတြကို ဖယ္ရွားေပးတဲ့အတြက္ ဆပ္ျပာေပ်ာ့ေပ်ာ့နဲ႔ အနံ႔သိပ္မရွိတဲ့ ဆပ္ျပာေတြကိုပဲ ေဆာင္းတြင္းမွာ သံုးေပးပါ။

Moisturizer သံုးပါ

ေျခာက္ေသြ႔ေနတဲ့ အသားအေရအတြက္ အေကာငး္ဆံုးကေတာ့ Moisturizer သံုးေပးတာပါပဲ။ တကယ္လို႔ ကုိယ့္အသားအေရက အဆီျပန္တတ္တယ္ဆိုရင္ေတာင္ Moisturizer သံုးေပးဖို႔ လိုအပ္ပါတယ္။

အေမႊးအမွ်င္ေတြ ရိတ္တဲ့အခါ သတိထားပါ

ေျခာက္ေသြ႔တဲ့ ေဆာင္းတြင္းမွာ အေမႊးအမွ်င္ရိိတ္ျခင္းဟာ အသားအေရကို က်ိန္းစပ္ေစပါတယ္။ဒါေၾကာင့္ အေမႊးရိတ္တဲ့အခါ Shaving Cream သံုးျဖစ္ေအာင္ သံုးပါ၊ ရိတ္စက္ထဲက ဓားေတြကို မၾကာခဏလဲလွယ္အသံုးျပဳေပးျခင္းနဲ႔ သက္သာေစပါတယ္။

Sunscreen သံုးပါ

ဘယ္ေလာက္ပဲ ျမဴထူထူ၊ ႏွင္းက်က် ေနေရာင္ျခည္ဟာ အသားေပၚကို က်ေရာက္ႏုိင္ပါေသးတယ္ေနာ္။ ဒါေၾကာင့္ ေဆာင္းရာသီမွာလည္း Sunscreen ကို သံုးေပးရပါမယ္။

ႏႈတ္ခမ္းေတြ ကြဲတာကိုေရာ ဘယ္လိုလုပ္ရမလဲ

Close-Up of a Woman Applying Lip Balm

ႏႈတ္ခမ္းမွာ အဆီဂလင္းေတြ မရွိတဲ့အတြက္ ေဆာင္းတြင္းမွာ ႏႈတ္ခမ္းက အလြယ္တကူေျခာက္ေသြ႔အက္ကြဲတာ ျဖစ္ပါတယ္။ ဒီလို ျဖစ္တဲ့အခါ

  • လွ်ာနဲ႔ မလ်က္ပါနဲ႔၊ ႏႈတ္ခမ္းေျခာက္လာလို႔ လွ်ာနဲ႔ ျပန္သပ္လုိက္ရင္ ႏႈတ္ခမ္းကို ပိုေျခာက္ေသြ႔ျခင္းကို ပိုျဖစ္ေစမွာမို႔လို႔ပါ။
  • အစိုဓာတ္ျဖည့္ပါ၊ ႏႈတ္ခမ္းကို ဆိုးေဆးအျမဲဆိုးထားေပးပါ။ ေယာက်ာ္းေလးေတြအတြက္လည္း အေရာင္မပါတဲ့ Lip Balm ေတြရွိတဲ့အတြက္ ေယာက်ာ္းျဖစ္ျဖစ္၊ မိန္းမျဖစ္ျဖစ္ ဒါေတြနဲ႔ ႏႈတ္ခမ္းကြဲျခင္းကို ကာကြယ္ႏုိင္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : webmd.com
[Unicode]

ဆောင်းဝင်ပြီလေ…အသားမပပ်အောင် ကာကွယ်ကြပါစို့

အောက်တိုဘာလ ၈ ရက် ဒီနေ့မနက်မှာတော့ ဆောင်းရဲ့ အမှတ်တရ မြောက်ပြန်လေလေး တိုက်ခတ်လာတာကို စသတိထားလိုက်မိပါပြီ။ သဘာဝကို ကြည်နူးခံစားတာတော့ ခံစားတာပေ့ါလေ၊ ဒါပေမယ့် အသားခြောက်တဲ့သူတွေအတွက်ကတော့ ဆောင်းတွင်းဟာ ခြောက်အိပ်မက်ပါပဲ။

အဆီပြန်တဲ့သူတွေအတွက် မထောင်းသာလှပေမယ့် အသားခြောက်တဲ့သူတွေ ဆိုရင် အသားတွေ ပက်ကြားအက်ပြီး ယားယံတာမျိုးထိ ဖြစ်တတ်ပါတယ်။ မျက်နှာကြီးက တင်းပြီး နေရထိုင်ရခက်နဲ့။ အဆီပြန်တဲ့သူတွေလည်း ဆောင်းတွင်းဆိုရင် နှုတ်ခမ်းလောက်ကတော့ ကွဲတာပါပဲ။ ဒါတွေကို ဘယ်လို ကာကွယ်ကြမလဲ။ အမာျးစုက သိပြီးသားနည်းတွေ ဆိုပေမယ့် သေချာသိရအောင် အခရာက စုစည်းဖော်ပြလိုက်ပါတယ်။

ရေနွေးနဲ့ ချိုးတာနဲ့ ရေအကြာကြီး ချိုးတာ ရှောင်ပါ

ရေနွေးနဲ့ အကြာကြီးချိုးတာဟာ အကြောအခြင်တွေ ပြေစေတယ်ဆိုပေမယ့် ရေဓာတ်ခန်းခြောက်မှုလည်း ဖြစ်စေပါတယ်။ ရေနွေးဟာ ခန္ဓာကိုယ်ရဲ့ သဘာဝအဆီတွေကို  ဖယ်ရှားပေးတဲ့အတွက် ဆောင်းတွင်းမှာ ရေနွေးနဲ့ ချိုးမယ်ဆိုလည်း အချိန်ဆွဲမချိုးဘဲ မြန်မြန်ချိုးတာမျိုး လုပ်သင့်သလို ရေသုတ်ရင်လည်း ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်သုတ်တာ မဟုတ်ဘဲနဲ့ ဖွဖွပဲ သုတ်သင့်ပါတယ်။

ဆပ်ပြာပျော့ပျော့သုံးပါ

Antibacterial ဆပ်ပြာတို့ မွှေးရနံ့ပြင်းတဲ့ဆပ်ပြာစတာတွေကို ဆောင်းတွင်းမှာ သုံးရင် ကောင်းခြင်းထက် ဆိုးခြင်းက ပိုစေပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်ရဲ့ ပိုနေတဲ့ အဆီတွေကို ဖယ်ရှားပေးတဲ့အတွက် ဆပ်ပြာပျော့ပျော့နဲ့ အနံ့သိပ်မရှိတဲ့ ဆပ်ပြာတွေကိုပဲ ဆောင်းတွင်းမှာ သုံးပေးပါ။

Moisturizer သုံးပါ

ခြောက်သွေ့နေတဲ့ အသားအရေအတွက် အကောင်းဆုံးကတော့ Moisturizer သုံးပေးတာပါပဲ။ တကယ်လို့ ကိုယ့်အသားအရေက အဆီပြန်တတ်တယ်ဆိုရင်တောင် Moisturizer သုံးပေးဖို့ လိုအပ်ပါတယ်။

အမွှေးအမျှင်တွေ ရိတ်တဲ့အခါ သတိထားပါ

ခြောက်သွေ့တဲ့ ဆောင်းတွင်းမှာ အမွှေးအမျှင်ရိတ်ခြင်းဟာ အသားအရေကို ကျိန်းစပ်စေပါတယ်။ဒါကြောင့် အမွှေးရိတ်တဲ့အခါ Shaving Cream သုံးဖြစ်အောင် သုံးပါ၊ ရိတ်စက်ထဲက ဓားတွေကို မကြာခဏလဲလှယ်အသုံးပြုပေးခြင်းနဲ့ သက်သာစေပါတယ်။

Sunscreen သုံးပါ

ဘယ်လောက်ပဲ မြူထူထူ၊ နှင်းကျကျ နေရောင်ခြည်ဟာ အသားပေါ်ကို ကျရောက်နိုင်ပါသေးတယ်နော်။ ဒါကြောင့် ဆောင်းရာသီမှာလည်း Sunscreen ကို သုံးပေးရပါမယ်။

နှုတ်ခမ်းတွေ ကွဲတာကိုရော ဘယ်လိုလုပ်ရမလဲ

Close-Up of a Woman Applying Lip Balm

နှုတ်ခမ်းမှာ အဆီဂလင်းတွေ မရှိတဲ့အတွက် ဆောင်းတွင်းမှာ နှုတ်ခမ်းက အလွယ်တကူခြောက်သွေ့အက်ကွဲတာ ဖြစ်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ

  • လျှာနဲ့ မလျက်ပါနဲ့၊ နှုတ်ခမ်းခြောက်လာလို့ လျှာနဲ့ ပြန်သပ်လိုက်ရင် နှုတ်ခမ်းကို ပိုခြောက်သွေ့ခြင်းကို ပိုဖြစ်စေမှာမို့လို့ပါ။
  • အစိုဓာတ်ဖြည့်ပါ၊ နှုတ်ခမ်းကို ဆိုးဆေးအမြဲဆိုးထားပေးပါ။ ယောကျာ်းလေးတွေအတွက်လည်း အရောင်မပါတဲ့ Lip Balm တွေရှိတဲ့အတွက် ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဒါတွေနဲ့ နှုတ်ခမ်းကွဲခြင်းကို ကာကွယ်နိုင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : webmd.com