ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာတော့ ရင်ခုန်စရာ အပြောင်းအရွှေ့တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဖြစ်သင့်တဲ့ အပြောင်းအရွှေ့တွေကိုမြင်တွေ့ခဲ့ရသလို ဖြစ်လာမယ်ထင်ပြီး မဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့တွေလည်းရှိခဲ့ပါတယ်။ အခု ဒီ Article မှာတော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ရဲ့ Winners နဲ့ Losers တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Winners

CONTE

Winners စာရင်းရဲ့ ထိပ်ဆုံးမှာတော့ အင်တာမီလန်အသင်းနည်းပြ ကွန်တီ Conte ကို ထည့်သွင်းရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို တစ်ဆင့်မြင့်တက်စေပြီး အားကိုးရလောက်မယ့် ကစားသမားကောင်းတွေဖြစ်တဲ့ ဂိုဒင် Godín ၊ လူကာကူ Lukaku နဲ့ ဆန်းချက်ဇ် Sánchez တို့ကိုခေါ်ယူနိုင်ခဲ့လို့ပါပဲ။ လက်ရှိအချိန်မှာတော့ နည်းပြကွန်တီ ရဲ့ ဦးဆောင်မှုနဲ့ အတူ အင်တာမီလန်အသင်းဟာ ရလဒ်ကောင်းတွေဆက်တိုက်ရယူနေပြီး စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်ထားတာကြောင့် အင်တာမီလန်အသင်းရဲ့ အချိန်တွေပြန်လာတော့မလားဆိုတာ စိတ်ဝင်စားစရာပါ။ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူးသစ် လူကာကူ ကလည်း အီတလီမြေမှာ မြန်မြန်ဆန်ဆန်အထိုင်ကျသွားပြီး အသင်းအတွက်(၂)ပွဲကစား (၂)ဂိုးသွင်းယူထားပါတယ်။

ATLETICO MADRID

အက်သလက်တီကိုအသင်းကတော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား အ၀င်အထွက်ကြမ်းခဲ့ပါတယ်။ အသင်းကထွက်သွားတဲ့ ကစားသမားတွေကလည်း အဓိကကစားသမားတွေဖြစ်တာကြောင့် အရင်လိုပုံစံပြန်ဖြစ်ပါ့မလားဆိုတာ စိုးရိမ်ဖို့ကောင်းခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုအသင်းရဲ့ အ၀င်စာရင်းမှာလည်း ကစားသမားကောင်းတွေကို ပြန်လည်ခေါ်ယူခဲ့ပြီး ယာအိုဖိလစ် Joao Felix ကို ခေါ်ယူနိုင်ခဲ့တာကတော့ အကောင်းဆုံး အခြေအနေတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိ အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်ပိုင်းဟာ ဒီယေဂိုကော်စတာ Diego Costa ၊ မိုရာတာ Morata ၊ ယာအိုဖိလစ် တို့နဲ့ တောင့်တင်းနေသလို လာလီဂါမှာလည်း ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ရှေ့ဆက်နေပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

LOSERS

POGBA & ZIDANE

LOSERS စာရင်းမှာတော့ ပေါ့ဘာ Pogba နဲ့ ဇီဒန်း Zidane ကို တူတူထားရမှာပါ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ သူတို့ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရလို့ပါပဲ။ အားလုံးသိတဲ့အတိုင်း ပေါ့ဘာ က ရီးယဲလ်အသင်းကို ပြောင်းချင်တာဖြစ်ပြီး ဇီဒန်းကတော့ ပေါ့ဘာ ကို ရီးယဲလ်အသင်းဆီ ခေါ်ယူချင်ခဲ့တာပါ။ ဖြစ်ချင်တာတွေ မဖြစ်ခဲ့ကြပေမယ့် လက်ရှိမှာတော့ သူတို့(၂)ဦးလုံးဟာ ဘောလုံးရာသီကို အကောင်းဆုံးပေးဆပ်မှုတွေနဲ့ ဖြတ်သန်းနေကြပါတယ်။

NEYMAR

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ရဲ့ LOSERS အဖြစ်ဆုံးက နေမာ Neymar လို့ ပြောရင်လွန်မယ်မထင်ပါဘူး။ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်ပြောင်းချင်လွန်းလို့ လက်ရှိကလပ် PSG အသင်းအပေါ် ပရော်ဖက်ရှင်နယ်မဆန်ဘဲ စကားနဲ့ ရော အပြုအမူတွေနဲ့ပါ အမှားတွေလုပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေကြောင့် PSG အသင်း ပရိသတ်တွေရဲ့ အမုန်းတရားကို ခံခဲ့ရပြီး ဘာစီလိုနာအသင်းကလည်း မခေါ်ယူနိုင်ခဲ့တာကြောင့် ကြားထဲကနေ ငထွားခါးနာအဖြစ်မျိုးဖြစ်ခဲ့ရပါတယ်။

Ref: Goal.com
Photo: Bleacher Report Football , Sports Illustrated ,Stadium Astro ,talkSPORT
Ko Kyue(Akhayar)
www.akhayar.com