[Zawgyi]

Nissan Buy & Win Contest ေရြးခ်ယ္ပြဲႀကီးမွ ကံထူးရွင္ေတြရဲ႕ အျပံဳးပုံရိပ္မ်ား

Tan Chong Motor Holdings Bhd (Malaysia) ရဲ႕ ကုမၸဏီခြဲတစ္ခုျဖစ္တဲ့ ျမန္မာနိုင္ငံရဲ႕တစ္ဦးတည္း Nissan ကားမ်ားျဖန္႕ခ်ိေရး Tan Chong Motor Myanmar ကုမၸဏီက Nissan Buy & Win Contest ရဲ႕ Grand Final Lucky Draw ပြဲႀကီးကို မၾကာေသးခင္က က်င္းပျပဳလုပ္ျပီး ကံထူးရွင္ေတြကုိ ေရြးခ်ယ္ေပးခဲ့ပါတယ္။ ဒီကံထူးရွင္ေရြးခ်ယ္ပြဲဟာ ၂၀၁၇ ေအာက္တိုဘာလမွ ၂၀၁၈ မတ္လ ၃၁ ရက္ေန႕အတြင္း Nissan ကားေတြကုိ ဝယ္ယူထားတဲ့ Customers ေတြအားလံုး ပါ၀င္ဆင္ႏြဲခဲ့တဲ့ ပြဲေလးျဖစ္ပါတယ္။

ေန႕လယ္တစ္နာရီအခ်ိန္မွာ စတင္ျပဳလုပ္ခဲ့တဲ့ Grand Final Lucky Draw မွာေတာ့ ဧည့္သည္ေတာ္ေတြဟာ ၾကိဳတင္ေရာက္ရွိေနၾကျပီး တျခားဆုေတြျဖစ္တဲ့  Home Theatre System ၊ LED TVs နဲ႕ လစဥ္ဆုမဲမ်ားျဖစ္တဲ့ Microwave Ovens ေတြအတြက္ ဆုရရွိသူေတြကုိ ေၾကညာေနတဲ့အခ်ိန္မွာပဲ Grand Prize Nissan Sunny ကားသစ္အတြက္ ၾကိဳတင္ရင္ခုန္ေစာင့္စားေနၾကပါတယ္။

ဒုတိယဆု ၅၅လက္မ LED TV ကိုေတာ့ ေဒၚခင္ခင္စိန္က ဆြတ္ခူးသြားျပီး တတိယဆု ၄၀လက္မ TV ကိုေတာ့ ဦးေဇာ္ေဇာ္ထြန္းက ရရွိသြားပါတယ္။ ႏွစ္သိမ့္ဆု Home Theatre System သုံးလံုးကိုေတာ့ ဦးခိုင္မိုး၊ ဦးဥာဏ္၀င္းေအာင္နဲ႔ ဦးေက်ာ္ထင္၀င္းတို႕က ကံထူးသြားပါတယ္။ အဲဒီေနာက္ Tan Chong Motor Myanmar ကေန ပါ၀င္ေပးခဲ့ၾကတဲ့ Customers အားလံုးကို အထူးေက်းဇူးတင္ရွိေၾကာင္းနဲ႔ Final Grand Draw နဲ႔ ၿပိဳင္ပြဲကာလ ေျခာက္လစာအတြင္း လစဥ္ဆုမဲမ်ားဆြတ္ခူးခဲ့တဲ့ ကံထူးရွင္ေတြအတြက္ အထူး၀မ္းေျမာက္ဂုဏ္ယူေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တျခားသတင္းအခ်က္အလက္ေတြနဲ႔ ျမန္မာနိုင္ငံရဲ႕ Nissan ေမာ္ဒယ္ကားေတြရဲ႕ ေနာက္ဆံုးေပၚ ပရိုမိုးရွင္းေတြကုိ သိရွိႏုိင္ေစဖုိ႔ Nissan Myanmar ရဲ႕ Website (nissan.com.mm) နဲ႔ Nissan Myanmar’s Facebook Page (fb.com/NissanMyanmar) ကို Like လုပ္ထားၿပီး ၀င္ေရာက္ၾကည့္ရႈနိင္ပါတယ္။

Tan Chong Motor Myanmar ကုမၸဏီဟာ ၂၀၁၃ခုႏွစ္ ေမလမွာ စတင္တည္ေထာင္ခဲ့ပါတယ္။ ပထမဆံုး 3S Outlet ကို ရန္ကုန္ျမိဳ႕ ကမာရြတ္ျမိဳ႕နယ္မွာ စတင္ဖြင့္လွစ္ခဲ့ျပီး ၀န္ေဆာင္မႈအျပည့္အ၀ေပးခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္ ၾသဂုတ္လ ၁၅ရက္ေန႕မွာ  ျမန္မာ့ ရင္ႏွီးျမွဳပ္ႏွံမႈေကာ္မရွင္မွ Nissan Motor ကုမၸဏီနဲ႔ Tan Chong Group ကို  Nissan ေမာ္ေတာ္ယာဥ္ထုတ္လုပ္ျဖန္႕ခ်ိေရး လိုင္စင္ခ်ေပးခဲ့ပါတယ္။ ဒါ့အျပင္ အစိုးရနဲ႔ ေဆာင္ရြက္ေနတဲ့ စက္ရံုအသစ္မွာေတာ့ အရည္အခ်င္းျပည့္ဝတဲ့ ျမန္မာနိုင္ငံသားေတြကုိ အလုပ္ခန္႕အပ္ေပးၿပီး ႏုိင္ငံရဲ႕စီးပြားေရးကုိ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳေပးပါတယ္။ ဒါ့အျပင္ Tan Chong Motor Myanmar ကုမၸဏီဟာ ျမန္မာနိုင္ငံရဲ႕ ဖြံ႕ၿဖိဳးလာမယ့္ အနာဂတ္ေစ်းကြက္အတြက္လည္း Training ေပးျခင္းေတြကို ျပင္ဆင္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

“ကြ်န္ေတာ္တုိ႔ဟာ စားသုံးသူေတြကုိ အထူးအေလးထားျပီး ျမန္မာႏုိင္ငံအတြက္ ျပည္သူေတြ စိတ္ၾကိဳက္ ျဖစ္ေစမယ့္ က်ယ္၀န္းမႈ၊ သက္ေတာင့္သက္သာျဖစ္ေစမႈနဲ႔ ေစ်းႏႈန္းသင့္တင့္မႈ စတဲ့အရည္အေသြးေတြ ျပည့္စုံၿပီး ျပည္တြင္းမွာပဲ တပ္ဆင္ျပဳလုပ္တဲ့ ဂ်ပန္နိုင္ငံရဲ႕ Brand အေကာင္းဆံုး Nissan စလြန္းကားကို အမ်ိဳးအစားေတြကုိ ထုတ္လုပ္ထားပါတယ္” လုိ႔ Tan Chong Motor Myanmar ရဲ႕ Managing Director Mr.Wong Seap Hong က ေျပာၾကားခဲ့ပါတယ္။

“အခုလိုမ်ိဳး Nissan Lucky Draw အစီအစဥ္ကို စီစဥ္ျပဳလုပ္ေပးတဲ့အတြက္ Tan Chong Motor Myanmar ကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္။ အရမ္းလည္းေပ်ာ္ရႊင္ပါတယ္” လုိ႔ ကားမဲကံထူးရွင္ ဦးေဌး၀င္းကဆုိပါတယ္။ Nissan Sunny ကားသစ္ၾကီးကို ဆြတ္ခူးသြားတဲ့ ကံထူးရွင္ဦးေဌး၀င္းနဲ႔ Tan Chong Motor Myanmar ရဲ႕ Head Of Operation Mr.Ivan Ten တို႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လက္ဆြဲႏႈတ္ဆက္ေနၾကတဲ့ ျမင္ကြင္းေတြကုိ ေဖာ္ျပလုိက္ပါတယ္။

အခရာ

www.akhayar.com 

[Unicode]

Nissan Buy & Win Contest ရွေးချယ်ပွဲကြီးမှ ကံထူးရှင်တွေရဲ့ အပြုံးပုံရိပ်များ

Tan Chong Motor Holdings Bhd (Malaysia) ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့တစ်ဦးတည်း Nissan ကားများဖြန့်ချိရေး Tan Chong Motor Myanmar ကုမ္ပဏီက Nissan Buy & Win Contest ရဲ့ Grand Final Lucky Draw ပွဲကြီးကို မကြာသေးခင်က ကျင်းပပြုလုပ်ပြီး ကံထူးရှင်တွေကို ရွေးချယ်ပေးခဲ့ပါတယ်။ ဒီကံထူးရှင်ရွေးချယ်ပွဲဟာ ၂၀၁၇ အောက်တိုဘာလမှ ၂၀၁၈ မတ်လ ၃၁ ရက်နေ့အတွင်း Nissan ကားတွေကို ဝယ်ယူထားတဲ့ Customers တွေအားလုံး ပါဝင်ဆင်နွဲခဲ့တဲ့ ပွဲလေးဖြစ်ပါတယ်။

နေ့လယ်တစ်နာရီအချိန်မှာ စတင်ပြုလုပ်ခဲ့တဲ့ Grand Final Lucky Draw မှာတော့ ဧည့်သည်တော်တွေဟာ ကြိုတင်ရောက်ရှိနေကြပြီး တခြားဆုတွေဖြစ်တဲ့  Home Theatre System ၊ LED TVs နဲ့ လစဉ်ဆုမဲများဖြစ်တဲ့ Microwave Ovens တွေအတွက် ဆုရရှိသူတွေကို ကြေညာနေတဲ့အချိန်မှာပဲ Grand Prize Nissan Sunny ကားသစ်အတွက် ကြိုတင်ရင်ခုန်စောင့်စားနေကြပါတယ်။

ဒုတိယဆု ၅၅လက်မ LED TV ကိုတော့ ဒေါ်ခင်ခင်စိန်က ဆွတ်ခူးသွားပြီး တတိယဆု ၄၀လက်မ TV ကိုတော့ ဦးဇော်ဇော်ထွန်းက ရရှိသွားပါတယ်။ နှစ်သိမ့်ဆု Home Theatre System သုံးလုံးကိုတော့ ဦးခိုင်မိုး၊ ဦးဉာဏ်ဝင်းအောင်နဲ့ ဦးကျော်ထင်ဝင်းတို့က ကံထူးသွားပါတယ်။ အဲဒီနောက် Tan Chong Motor Myanmar ကနေ ပါဝင်ပေးခဲ့ကြတဲ့ Customers အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ Final Grand Draw နဲ့ ပြိုင်ပွဲကာလ ခြောက်လစာအတွင်း လစဉ်ဆုမဲများဆွတ်ခူးခဲ့တဲ့ ကံထူးရှင်တွေအတွက် အထူးဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

တခြားသတင်းအချက်အလက်တွေနဲ့ မြန်မာနိုင်ငံရဲ့ Nissan မော်ဒယ်ကားတွေရဲ့ နောက်ဆုံးပေါ် ပရိုမိုးရှင်းတွေကို သိရှိနိုင်စေဖို့ Nissan Myanmar ရဲ့ Website (nissan.com.mm) နဲ့ Nissan Myanmar’s Facebook Page (fb.com/NissanMyanmar) ကို Like လုပ်ထားပြီး ဝင်ရောက်ကြည့်ရှုနိင်ပါတယ်။

Tan Chong Motor Myanmar ကုမ္ပဏီဟာ ၂၀၁၃ခုနှစ် မေလမှာ စတင်တည်ထောင်ခဲ့ပါတယ်။ ပထမဆုံး 3S Outlet ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဝန်ဆောင်မှုအပြည့်အဝပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၅ရက်နေ့မှာ  မြန်မာ့ ရင်နှီးမြှုပ်နှံမှုကော်မရှင်မှ Nissan Motor ကုမ္ပဏီနဲ့ Tan Chong Group ကို  Nissan မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ချိရေး လိုင်စင်ချပေးခဲ့ပါတယ်။ ဒါ့အပြင် အစိုးရနဲ့ ဆောင်ရွက်နေတဲ့ စက်ရုံအသစ်မှာတော့ အရည်အချင်းပြည့်ဝတဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်ခန့်အပ်ပေးပြီး နိုင်ငံရဲ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင် Tan Chong Motor Myanmar ကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးလာမယ့် အနာဂတ်ဈေးကွက်အတွက်လည်း Training ပေးခြင်းတွေကို ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ စားသုံးသူတွေကို အထူးအလေးထားပြီး မြန်မာနိုင်ငံအတွက် ပြည်သူတွေ စိတ်ကြိုက် ဖြစ်စေမယ့် ကျယ်ဝန်းမှု၊ သက်တောင့်သက်သာဖြစ်စေမှုနဲ့ ဈေးနှုန်းသင့်တင့်မှု စတဲ့အရည်အသွေးတွေ ပြည့်စုံပြီး ပြည်တွင်းမှာပဲ တပ်ဆင်ပြုလုပ်တဲ့ ဂျပန်နိုင်ငံရဲ့ Brand အကောင်းဆုံး Nissan စလွန်းကားကို အမျိုးအစားတွေကို ထုတ်လုပ်ထားပါတယ်” လို့ Tan Chong Motor Myanmar ရဲ့ Managing Director Mr.Wong Seap Hong က ပြောကြားခဲ့ပါတယ်။

“အခုလိုမျိုး Nissan Lucky Draw အစီအစဉ်ကို စီစဉ်ပြုလုပ်ပေးတဲ့အတွက် Tan Chong Motor Myanmar ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ အရမ်းလည်းပျော်ရွှင်ပါတယ်” လို့ ကားမဲကံထူးရှင် ဦးဌေးဝင်းကဆိုပါတယ်။ Nissan Sunny ကားသစ်ကြီးကို ဆွတ်ခူးသွားတဲ့ ကံထူးရှင်ဦးဌေးဝင်းနဲ့ Tan Chong Motor Myanmar ရဲ့ Head Of Operation Mr.Ivan Ten တို့ ပျော်ပျော်ရွှင်ရွှင် လက်ဆွဲနှုတ်ဆက်နေကြတဲ့ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။

အခရာ

www.akhayar.com