[Zawgyi]













ချစ်လှစွာသော

FoodieEi (Akhayar)

[Uniocode]

Wine လေယာဉ်ကြီး တငြိမ့်ငြိမ့်စီးခဲ့ရတဲ့ ကမ္ဘာတလွှားက ဝိုင်တို့စုရာငြိမ့်ညောင်းညောင်းည

ရန်ကုန်မှာ ညနေခင်းကို Wine ချည်းသီးသန့်နဲ့ Chill Out လုပ်ရင်း ဖြတ်သန်းချင်သူတွေအတွက် သိပ်မကြာသေးခင်ကာလကမှပေါ်လာတဲ့ Wine Link Myanmar ဆိုတဲ့ Wine Restaurant တစ်ခုကတော့ မြို့ပေါ်က Wine ချစ်သူတွေချည်း စုစည်းကြတဲ့ ရီဝေဝေညနေခင်းတိုင်းကို ဖန်တီးပေးနေပါပြီ။

Chili ၊ France ၊ Italy နဲ့ တခြားနိုင်ငံတကာက အရည်အသွေးမြင့် Wine တွေကို သေချာစနစ်တကျသိုလှောင်ထားပြီး အမျိုးမျိုးသော လိုက်ဖက်ဖွယ်ဟင်းလျာတွေ၊အစားအစာတွေနဲ့ လျှာပါးထိလှုပ်ခတ် Wine နဲ့ အစာ ပနံရဖို့ နာမည်ကျော်စားဖိုမှုးကြီးတွေနဲ့ပါ သေချာချက်ပြုတ်ပြင်ဆင်ပေးနေတဲ့ Restaurant ပါ။

ဒါ့ကြောင့် အချိန်တိုတိုလေးအတွင်း ကမ္ဘာအေးလမ်းမပေါ်က Marina Residence ထဲမှာ ရှိတဲ့ Wine Link Myanmar ဟာ Local တွေနဲ့ Foreigner တွေ ပျားပန်းခတ်တမျှ ပြုံကျစည်ကားရာ ပျော်စရာညတွေနဲ့ ပြည့်နေပါပြီ။

လွန်ခဲ့တဲ့ စနေနေ့ ၁၇၊ နိုဝင်ဘာ ညချမ်းမှာတော့ Wine Link ဟာ နာမည်ကြီး Wine Consultant တစ်ဦးဖြစ်တဲ့ Mr.Renato ရဲ့ အသေးစိတ်ရှင်းပြချက်တွေနဲ့အတူ နာမည်ကျော် Chile၊ France နဲ့ Italy Wine တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ Wine Flight ခရီးစဉ်လေးကို စတင်ဖန်တီးခဲ့ပါတယ်။

ကမ္ဘာကျော် Wine ၃ မျိုးကို တစ်ဆင့်ချင်းဆီ အဆင့်ဆင့် ဖြည်းဖြည်းချင်း လျှာဖျားပေါ်အရသာခံရင်း စားဖိုမှုးကြီး Mr.Kevin Cape ပြင်ပေးတဲ့ Cheese ၄ မျိုးနဲ့ တွဲဖက်စားခဲ့ရတဲ့ Wine Flight ကတော့ တကယ့်ကို Quality Night လေးကို ပုံဖော်ခွင့်ပေးခဲ့ပါတယ်။

ပထမဆုံး Autoritas Chardonnay ကနေ ဒုတိယ Villa Cavarena Valpolicella နဲ့ နောက်ဆုံး Chateau Vieux Robin ဆိုတဲ့ Wine ၃မျိုး ၃စားကို ခပ်ဖျော့ဖျော့ Wine ဖြူကနေ အဝင်ချောမွေ့မပြင်းမပျော့အနေအထား ဝိုင်နီထိ တဆင့်စီသောက်ပြီး နောက်ဆုံး ပြင်းရှကျန်ငြိခဲ့တဲ့ Wine တစ်မော့အပြီးမှာတော့ စိတ်ထဲက ခံစားချက်မြူးမြူးလေးနဲ့ Wine Flight ကြီးတငြိမ့်ငြိမ့်စီးလိုက်ရသလိုပါပဲ။

Cheddar Cheese ၊ Blue Cheese ၊ အစရှိတဲ့ Cheese အမျိုးအစား ၄မျိုးပါတဲ့ Cheese Fondue လေးနဲ့ ပြင်းရှရှ ရနံ့မွှေးမွှေး Wine အရသာ ၃မျိုးကို တဆင့်ပြီးတဆင့်ဖြတ်သန်းပြီးသွားတဲ့ အချိန်မှာတော့ တကယ့် Wine ခင်းတွေထဲဖြတ်သန်းသွားရသလို တသိမ့်သိမ့်နဲ့ မြူးတဲ့ ခံစားချက်လေးရလာတာတော့ ပျော်စရာပါပဲ။

အဲ့ဒီ Wine Flight ကိုတော့ Wine ၃မျိုးနဲ့ Cheese ၄မျိုးပါတဲ့ Cheese Fondue အပါအပြီးအစီး ၁၉၀၀၀ကျပ်++ နဲ့ ညနေ ၆နာရီနောက်ပိုင်းကစလို့ Wine Link မှာရနိုင်နေပြီလို့ဆိုပါတယ်။

တခြားစားဖွယ်သောက်စရာ Menu တွေကိုလှန်ကြည့်လိုက်တော့ Wine Link ဆိုတဲ့ Wine Restaurant ကြီးနဲ့မလိုက်အောင်ဘဲ ဈေးနှုန်းချိုသာတာတွေ့ရပါတယ်။ အခရာအနေနဲ့ကတော့ ကိုယ့်ပရိသတ်တွေအတွက် နောက်တခါနောက်တခေါက် အစားအသောက်အကြောင်း သီးသန့် လာရေးချင်စိတ်တွေတဖွားဖွားဖြစ်မိတဲ့ထိကို ဈေးနှုန်းက ထင်သလောက်မကြီးတဲ့ထဲပါပါတယ်။

တစ်ခါလောက် ချီလီ ၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေကို စိတ်ကူးထဲကနေ ဝိုင်သောက်ပြီးဖြတ်သန်းချင်ရင်တော့ Wine Link Myanmar က Wine Flight ကို Must Try ပါလို့ Recommend ပေးပါရစေ။

လိပ်စာကတော့- အမှတ် ၈၊ ကမ္ဘာအေးဘုရားလမ်း ၊ Marina Residence ထဲက Wine Link Myanmar ပါ။ မနက် ၁၁ နာရီကနေ ည ၁၀ နာရီထိ ဖွင့်ပါတယ်။ တစ်ခါလောက် ဝိုင်အရသာကောင်းခံစားဖို့ သွားကြည့်ပါဦးလို့။

ချစ်လှစွာသော

FoodieEi (Akhayar)