Microsoft က အခုႏွစ္အေစာပိုင္း ဧျပီလတုန္းက Windows 10 အတြက္ ဒီႏွစ္ရဲ႕ ပထမဆံုး Major Update ကို ထုတ္ေပးထားတာပဲျဖစ္ပါတယ္။ အဆုိပါ Update ထုတ္ျပီး Microsoft ကေန Insider Version ေတြမွာ Windows Explorer ေတြကို ေျပာင္းလဲေစႏုိင္တဲ့ Tabs ေတြကို Windows တစ္ခုထဲမွာ စုထားႏုိင္တဲ့ Sets လုိ႔နာမည္ေပးထားတဲ့ Feature တစ္ခုကို စတင္ စမ္းသပ္ေနခဲ့တာပဲျဖစ္ပါတယ္။

Windows Explorer Sets Feature

အဆုိပါ Sets Feature ဟာ Windows Explorer Tabs ေတြ အမ်ားအျပားပြင့္ေနတာကို ေျဖရွင္းႏုိင္တဲ့ Feature တစ္ခုျဖစ္လာျပီးေတာ့ Insider ေတြကိုယ္တုိင္ကလည္း အေကာင္းဘက္ကေန Feedback ျပန္လည္ရရွိထားတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ အဆိုပါ Sets Feature ဟာ လာမယ့္ လပိုင္းအတြင္းမွာ ထြက္ရွိလာမယ့္ ဒုတိယေျမာက္ Major Update မွာ ပါလာမယ္လုိ႔ ခန္႔မွန္းထားၾကတာပဲျဖစ္ပါတယ္။

ဒါေပမယ့္ Microsoft ကေတာ့ အခု Feature က လာမယ့္ Windows 10 ရဲ႕ Major Update မွာ Microsoft Office နဲ႔ Microsoft Edge ကိုပါ အခု Sets Feature ထဲကို ထည့္သြင္းဖုိ႔ ျပဳလုပ္ေနတဲ့အတြက္ ထည့္သြင္းဖုိ႔ကို ဆိုင္းငံ့ထားဦးမယ္လုိ႔ သိရပါတယ္။

Windows 10 Multitasking

တစ္ခုရွိတာက အခုေျပာၾကားမႈက ဆိုင္းငံ့ထားတာျဖစ္ျပီးေတာ့ Microsoft ကိုယ္တုိင္က လာမယ့္ Major Update မွာ မပါဝင္ေတာ့ဘူးလုိ႔ ေျပာၾကားခဲ့တာမ်ိဳးေတာ့ မဟုတ္ျပန္ပါဘူး။ အဲ့ဒီအတြက္ Windows 10 ရဲ႕ ၾကီးမားတဲ့ေျပာင္းလဲမႈတစ္ခုကို ေနာက္ Major Update မွာ သံုးခ်င္တဲ့သူေတြအတြက္ကေတာ့ စိတ္ပ်က္စရာပါ။

ဘာပဲျဖစ္ျဖစ္ ဒီလာမယ့္ Windows 10 ရဲ႕ Major Update မွာေတာ့ Dark Mode ပဲ သိသိသာသာေျပာင္းလဲတာပဲရွိလာမယ္လုိ႔ ယူဆရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Microsoft က အခုနှစ်အစောပိုင်း ဧပြီလတုန်းက Windows 10 အတွက် ဒီနှစ်ရဲ့ ပထမဆုံး Major Update ကို ထုတ်ပေးထားတာပဲဖြစ်ပါတယ်။ အဆိုပါ Update ထုတ်ပြီး Microsoft ကနေ Insider Version တွေမှာ Windows Explorer တွေကို ပြောင်းလဲစေနိုင်တဲ့ Tabs တွေကို Windows တစ်ခုထဲမှာ စုထားနိုင်တဲ့ Sets လို့နာမည်ပေးထားတဲ့ Feature တစ်ခုကို စတင် စမ်းသပ်နေခဲ့တာပဲဖြစ်ပါတယ်။

Windows Explorer Sets Feature

အဆိုပါ Sets Feature ဟာ Windows Explorer Tabs တွေ အများအပြားပွင့်နေတာကို ဖြေရှင်းနိုင်တဲ့ Feature တစ်ခုဖြစ်လာပြီးတော့ Insider တွေကိုယ်တိုင်ကလည်း အကောင်းဘက်ကနေ Feedback ပြန်လည်ရရှိထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အဆိုပါ Sets Feature ဟာ လာမယ့် လပိုင်းအတွင်းမှာ ထွက်ရှိလာမယ့် ဒုတိယမြောက် Major Update မှာ ပါလာမယ်လို့ ခန့်မှန်းထားကြတာပဲဖြစ်ပါတယ်။

ဒါပေမယ့် Microsoft ကတော့ အခု Feature က လာမယ့် Windows 10 ရဲ့ Major Update မှာ Microsoft Office နဲ့ Microsoft Edge ကိုပါ အခု Sets Feature ထဲကို ထည့်သွင်းဖို့ ပြုလုပ်နေတဲ့အတွက် ထည့်သွင်းဖို့ကို ဆိုင်းငံ့ထားဦးမယ်လို့ သိရပါတယ်။

Windows 10 Multitasking

တစ်ခုရှိတာက အခုပြောကြားမှုက ဆိုင်းငံ့ထားတာဖြစ်ပြီးတော့ Microsoft ကိုယ်တိုင်က လာမယ့် Major Update မှာ မပါဝင်တော့ဘူးလို့ ပြောကြားခဲ့တာမျိုးတော့ မဟုတ်ပြန်ပါဘူး။ အဲ့ဒီအတွက် Windows 10 ရဲ့ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို နောက် Major Update မှာ သုံးချင်တဲ့သူတွေအတွက်ကတော့ စိတ်ပျက်စရာပါ။

ဘာပဲဖြစ်ဖြစ် ဒီလာမယ့် Windows 10 ရဲ့ Major Update မှာတော့ Dark Mode ပဲ သိသိသာသာပြောင်းလဲတာပဲရှိလာမယ်လို့ ယူဆရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com