





Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft ကနေ Windows Insider Fast Ring Update တစ်ခုဖြစ်တဲ့ Windows 10 Version 17666 ကို အခုအချိန်မှာ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Windows 10 Update မှာဆိုရင် Microsoft ရဲ့ နောက်ပိုင်း Windows 10 Major Update မှာ ပါဝင်လာမယ့် Features တွေကိုလည်း တွေ့လာရပါတယ်။

Windows 10 Cloud Clipboard

အခု Window 10 Version 17666 မှာ အဓိက ပြောင်းလဲသွားတာကတော့ Cloud Clipboard Feature ပဲဖြစ်ပြီးတော့ အခု Feature ဟာဆိုရင် ကိုယ် Ctrl + C နဲ့ Copy ကူးယူထားတဲ့ History တွေကို အခြားသော တူညီတဲ့ Account ဝင်ထားတဲ့ Windows PC တွေမှာလည်း ပြန်လည်တွေ့မြင်ရမှာဖြစ်ပါတယ်။ အခု Feature က Windows Timeline Feature လိုမျိုးပဲ အလုပ်လုပ်မယ်လို့ ယူဆရပါတယ်။

Windows 10 Explorer Dark Theme

အခုလိုမျိုး Microsoft ကနေ Cloud Clipboard Feature အပြင် File Explorer ကိုလည်း Dark Theme ကို အသုံးပြုလို့ရလာမှာဖြစ်ပါတယ်။ Microsoft ရဲ့ လက်ရှိ Windows 10 မှာလည်း Dark Mode ကို အသုံးပြုလို့ရနေတယ်ဆိုပေမယ့် Setting မှာပဲ အသုံးပြုနေနိုင်သေးတာဖြစ်ပါတယ်။ ဒါ့အပြင် Windows Explorer Tabs တွေကလည်း Explorer Windows အများကြီး ဖြစ်လာတော့မှာမဟုတ်ပဲ Web Browser ပုံစံ Tabs တွေနဲ့ပဲ မြင်ရတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Tabs View ဖြစ်တဲ့ Alt+Tab Shortcut ကိုပါ ပိတ်ထားလို့ရတော့မှာပါ။

အခု Windows 10 ရဲ့ ပြောင်းလဲမှု ၂ ခုက အခုလောလောဆယ်မှာတော့ Windows Insider Fast Ring မှာပဲ Update ရရှိနေသေးတာဖြစ်ပြီးတော့ ကျန်တဲ့ Windows 10 Stable Version နဲ့ Slow Ring User တွေအနေနဲ့ကတော့ ယခုနှစ်ကုန်မှ Update လုပ်နိုင်တော့မှာဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com