Night Light Mode

ဒီ Night Light ဆိုတာကတော့ ကွန်ပျူတာ အမြဲကြည့်နေရပြီး Blue Light မမြင်ချင်သူတွေအတွက် OS ထဲမှာ Build-in ပါဝင်လာတဲ့ Feature လေးပါ။ Display Setting ထဲသွားပြီး အချိန်ကို ည ၇ နာရီနဲ့မနက် ၇နာရီအထိ ကန့်သတ်နိုင်သလို Blue Light Filter Level ကိုလည်း Adjust လုပ်နိုင်တာမလို့ 3rd Party Application သုံးစရာ မလိုတော့ပါဘူး။

Inactive Windows ကို Scroll လုပ်မယ်

ဒီ feature လေးက Windows ၂ ခု ၃ ခု ဖွင့်ထားတဲ့အချိန်မှာ မသုံးနေတဲ့ Windows ကို Scroll လုပ်နိုင်တယ်ဆိုတာပါ။ ဒါကို Setting ထဲက Devices ပြီးသွားရင် Mouse နေရာမှာ “Scroll inactive windows when I hover over them” ကိုရွေးချယ်လိုက်ပြီး ဘယ်နှစ်ခါ Scroll ချင်လည်းဆိုပြီးရွေးလို့ရပါတယ်။

Audio Source ကိုကြိုက်သလို ပြောင်းမယ်

အရင်က Audio Source ပြောင်းချင်တယ်ဆိုရင် Setting ထဲသွားပြီး လိုက်ရွေးရသလို အခန့်မသင့်ရင် ဖွင့်ထားတဲ့ Application ပါကြောင်သွားတတ်ပါသေးတယ်။ Windows 10 မှာဆိုရင်တော့ တခါထဲ Click နှိပ်လိုက်တာနဲ့ Application မှာပါ Audio Source ပြောင်းသွားမှာဖြစ်လို့ ပိုအသုံးတည့်လာပါပြီ။

7.1 Virtual Surround Sound နားဆင်မယ်

ဒါကတော့ Entertainment အတွက် တကယ့်ကိုအသုံးဝင်ပြီး Audio Setting ထဲမှာပဲ Spatial Sound လို့ခေါ်တဲ့ Windows Sonic For Headphones အသုံးပြုနိုင်ပါတယ်။ ဒီ Feature လေးက 7.1 Virtual Surround နားဆင်နိုင်ပြီး Sound Icon ကို Click ထောက် Spatial Sound ထဲက Windows Sonic for Headphone ကို Select ပေးလိုက်ပါ။

မြန်မြန် Screenshot ယူမယ်

Windows 10 October Update (1809) မှာပါဝင်လာတဲ့ Snip & Sketch ဆိုတဲ့ Feature လေးက Windows + Shift + S နှိပ်လိုက်ရုံနဲ့ Screenshot ရယူနိုင်ပြီး Windows Paint နဲ့ တခြား Editing Software မှာ Paste လုပ်ချလိုက်ရုံပါပဲ။

Ransomware ကို ကာကွယ်မယ်

အခုချိန်မှာ စိတ်ပျက်စရာအကောင်းဆုံးသော Ransomware ကို Windows Security က အကာကွယ်ပေးနေပါပြီ။ နာမည်နဲ့လိုက်အောင်ပဲ Virus ကိုက်မယ် ပြီးရင် Files တွေ Encrypt လုပ်မယ် နောက်ဆုံး Control ယူပြီးဒုက္ခပေးမှာမလို့ Ransom လို့မည့်ထားတာပါ။ ဒါကို ကာကွယ်ချင်တယ်ဆိုရင် Windows Security ထဲက Ransomware ကိုဝင် Controlled Folder Access ကိုဖွင့်ပြီး အသုံးပြုနိုင်ပါတယ်။

Dark Theme သုံးကြမယ်

Android မှာလို ခေတ်စားနေတဲ့ Dark Theme/ Dark Mode သုံးချင်တယ်ဆိုရင် Personalization ထဲက Colour အောက်မှာ Dark ကိုရွေးချယ်လိုက်ရုံပါပဲ။ Dark Mode သုံးချင်တယ်ဆိုရင်တော့ Windows 10 Version 1809 လိုပါလိမ့်မယ်။

Dynamic Lock သုံးပြီး Smartphone နဲ့ ကွန်ပျူတာ Lock ချမယ်

ဒီ Feature လေးက စမတ်ဖုန်းနဲ့ Lock ချနိုင်ပြီး Bluetooth ချိတ်ဆက်မှုကတဆင့် အသုံးပြုနိုင်ပါတယ်။

Windows + L သုံးပြီး Lock ချနိုင်တာမှန်ပေမယ့် Bluetooth ချိတ်ဆက်မှုကျော်လွန်သွားရင်တော့ အလိုလျောက် Lock ချသွားမှာပါ။

Game Bar

Windows 10 Creators Update မှာပါဝင်လာတဲ့ Game Bar Feature လေးက အသင့်တင့်ပဲ စွမ်းဆောင်ရည်ရှိတဲ့ ကွန်ပျူတာတွေအတွက် အသုံးဝင်ပါတယ်။ 3rd Party Apps တွေဖြစ်တဲ့ Nvidia ရဲ့ Shadowplay ၊ MSI Afterburner တွေက အသုံးတည့်တယ်ဆိုမယ့် Processor ၊ Graphics Card အမြင့်ကြီးမသုံးနိုင်သူအတွက်ကျ Game Performance ကျသွားနိုင်တဲ့ အားနည်းချက်ရှိပါတယ်။

Game Bar ကတော့ အဲ့လိုမှဟုတ်ဘဲ Windows+G နှိပ်လိုက်တာနဲ့ အလွယ်တကူ Screen Shot ၊ Video Record နဲ့ Live Streaming လွင့်နိုင်ပါဦးမယ်။ ကွန်ပျူတာ စွမ်းဆောင်ရည် မြင့်မနေလည်း အရည်သွေးကောင်းတဲ့ Video Record လုပ်နိုင်မှာမလို့ အသုံးပြုသင့်တဲ့ Feature ကောင်းတခုပါပဲ။

Per-app GPU Management

ဒီ GPU Management က ကိုယ့်မှာ Gaming Laptop ရှိနေရင်ဖြစ်ဖြစ် Ultrabook ၊ သာမန်ကွန်ပျူတာသုံးနေရင်တောင် ဘက်ထရီသက်တမ်း ဆွဲဆန့်ချင်တယ်ဆိုရင် အသုံးတည့်မယ့် Feature လေးပါ။ ပုံမှန်အတိုင်းသုံးရင် Graphics နဲ့သက်ဆိုင်တဲ့ Application အားလုံးကို Dedicated GPU (Nvidia or AMD) နဲ့ Run မှာဖြစ်လို့ ပါဝါပိုကြိတ်မယ်။

Family နဲ့ Retro ဂိမ်း တော်တော်များများကို Intel ဒါမှမဟုတ် AMD တို့ရဲ့ Built-in Graphics နဲ့ ကစားနိုင်တယ်ဆိုတော့ ဒီ Feature နဲ့ ဘယ်လို Manage လုပ်ပေးမလည်းဆိုရင် သက်ဆိုင်ရာ App ကို Dedicate နဲ့ Run မလား Builit-in နဲ့ Run မလားဆိုပြီး ရွေးချွယ်ပေးမှာပါ။ GPU Management သုံးဖို့ Setting ထဲက System ပြီးသွားရင် Display ကိုရွေးပြီး အောက်ဖက်မှာ Graphics Setting ဆိုတာလေးရှိပါတယ်။

ဒီလိုမလုပ်ချင်ရင် Nvidia ၊ AMD Driver တွေမှာ ကိုယ် Run ချင်တဲ့ ဂိမ်း ၊ Application တွေကို Performance ဒါမှမဟုတ် Balanced ထားပြီး Builit-in နဲ့ သုံးမလား ၊ Dedicated နဲ့သုံးမလားဆိုတာကိုလည်း ရွေးချယ်နိုင်ပါတယ်။

Storage Sense

ဒီ Storage Sense ဆိုတာကတော့ ကွန်ပျူတာထဲက မလိုအပ်တဲ့ Junk ၊ Temporary နဲ့ Recycle Bin ထဲက File မှန်သမျှလိုက်ဖျက်မယ့်ကောင်ပါပဲ။ သူ့ကိုဖွင့်မယ်ဆိုရင် Setting ထဲက System ၊ ပြီးသွားရင် Storage ထဲက Storage Sense ကိုဖွင့်ပေးလိုက်ရုံပါပဲ။

ဒါဆိုရင် Windows ကနေ မလိုအပ်တဲ့ file မှန်သမျှ ဖျက်ပေးသွားမှာဖြစ်ပြီး October Update မှာဆိုရင် အသုံးနည်းတဲ့ Files တွေကိုပါ Auto Delete လုပ်ပေးသွားမှာပါ။ ဒီလိုပဲ OneDrive Cloud ထဲက File ကိုပါ Analyze လုပ်ပြီး ဖျက်ပေးသွားမှာမလို့ စက်လေးပြီး အလုပ်လုပ်ရစိတ်တိုင်းမကျဖြစ်နေသူတွေ၊ Recent Files မရှင်းနိုင်သူတွေအတွက် အသုံးဝင်တဲ့ Feature လေးပါ။

Manage Notifications

Update ရလို့ Notification တက်တာ ကောင်းပေမယ့် တခါတခါကျရင်တော့ စိတ်အနှောက်ယှက်ဖြစ်စရာ ကောင်းလွန်းပါတယ်။ Windows Update ရတာတမျိုး Application တွေက Notify လုပ်တာတမျိုး ကိုယ်တကယ်အလုပ်ရှုပ်နေရင် အာရုံနောက်ရပါတယ်။

ဒီလိုမဖြစ်ရအောင် Notification Setting ကို Manage လုပ်ခွင့်ပေးမှာဖြစ်ပြီး Start Menu ထဲက Setting ပြီးသွားရင် Systems ထဲ Notification and Actions ထဲဝင်ပြီး မလိုအပ်တဲ့ Windows App တွေ Notify ပိတ်ထားမယ်၊ တခြား Senders ကိုပါ ပိတ်ထားနိုင်တာမလို့ အသုံးဝင်တဲ့ Feature လေးပါ။

Start Menu Folder

ဒီ Feature လေးကတော့ October Update မှ ပါဝင်လာတာဖြစ်ပြီး Start Menu ပေါ်က ရှုပ်ပွနေတဲ့ Apps လေးတွေကို Folder နာမည်ပေးပြီး တစုထဲ Organize လုပ်နိုင်မှာဖြစ်ပါတယ်။ အရင်က Category ခွဲပြီး Group အလိုက် နာမည်ပေးတာကနေ သေသေသပ်သပ် ဖြစ်အောင် ပြင်ဆင်ထားပြီ ဖြစ်ပါတယ်။

Troubleshoot

Windows တွေမှာပါနေကြ Troubleshoot လေးက Driver Error တက်တာဖြစ်ဖြစ် System File Crash ဖြစ်လို့ ကမှောက်ကမ ဖြစ်နေရင် ဘာကြောင့်လဲဆိုတဲ့ Reason ကို အဖြေရှာပေးတဲ့ Feature လေးပါ။ ဒါပေမယ့် ဒီကောင့်ကို ဆင့်ခေါ်လို့မရဘဲ Creator Update မှသာ သီးသန့်အသုံးပြုလို့ရတာပါ။ Update & Security ထဲက Troubleshoot ထဲဝင်လိုက်ပြီး ကိုယ့်ကွန်ပျူတာမှာ ဘာ Error ရှိနေမလဲဆိုတာ အလွယ်တကူရှာနိုင်ပါပြီ။

Windows Update ကို တခြား Source ကယူမယ်

အရင်က Update ကို Microsoft ကပဲ တိုက်ရိုက် Download ဆွဲရတယ်ဆိုမယ့် Windows 10 မှာပါဝင်လာတဲ့ Feature အရ အနီးစပ်ဆုံး Dedicated Server ကနေရယူနိုင်မယ် အဲ့လိုမှမဟုတ်ဘဲ Delivery Optimization သုံးပြီး Update ကို Local Network သာမဟုတ်ဘဲ အင်တာနက်ပေါ်က ကွန်ပျူတာတွေကနေ ရယူနိုင်မှာဖြစ်ပါတယ်။

အခုလို Sharing မသုံးချင်ဘူးဆိုရင် Disable လုပ်ထားနိုင်ပါတယ်။ တကယ်လို့ သုံးချင်တယ်ဆိုရင်လည်း Advanced Options ထဲမှာ အင်တာနက် ဘယ်လိုအသုံးပြုပြီး Update ကို Download ဆွဲမယ်၊ ဘယ်လို Sharing လုပ်မလဲဆိုတာကို ရွေးချယ်နိုင်ပါတယ်။

Keyboard Shortcut သုံးကြမယ်

Alt + Tab တွဲနှိပ်ပြီး Windows တခုပြီးတခု Switch လုပ်နိုင်တဲ့ Shortcut မျိုးသိမယ်ထင်ပါတယ်။ Windows + L နှိပ်ပြီး Lock ချနိုင်တဲ့ Shortcut မျိုး Windows 10 မှာ ပြည့်ပြည့်စုံစုံပါဝင်လာပြီမလို့ ဒီကဏ္ဍကို သီးသန့် Article တင်ပြီး ပြည့်ပြည့်စုံစုံ ဖော်ပြသွားပါ့မယ်။

Taskbar ကို ရှင်းရှင်းလင်းလင်းလုပ်ကြမယ်

Windows 10 Taskbar က အနက်ရောင်နဲ့ ကြည့်ကောင်းတယ်ဆိုမယ့် Cortana လို Search Bar နဲ့ People ၊ Taskview တွေက နေရာအရမ်းယူတတ်ပါတယ်။ ဒီကောင်တွေ အသုံးမများဘူးဆိုရင် Taskbar ကို ညာကလစ်ထောက် Show Cortana Icon Only လုပ်မယ်၊ Show People ၊ Show Taskview စတာတွေ အမှန်ခြစ်ဖြုတ်ပြီး အသုံးများတဲ့ Shortcut လောက်ပဲ Taskbar ပေါ်တင်ပြီး သပ်သပ်ရပ်ရပ် သုံးနိုင်ပါတယ်။

 

Cortana ပိတ်ကြမယ်

For WIndows 10 Pro

Cortana Assistant အရေးပါတယ်ဆိုမယ့် ကျွန်တော်တို့ဆီမှာတော့ Support မလုပ်သေးပါဘူး။ အဲ့ဒီတော့ Cortana အစား Windows Search ကို ပြောင်းသုံးနိုင်ပြီး ပိတ်ချင်တယ်ဆိုရင် Windows + R တွဲနှိပ်ပါ။ Run Box ထဲမှာ gpedit.msc လိုရိုက်ပြီး ပေါ်လာတဲ့ Policy Editor ထဲမှာ Computer Configuration ဝင် Administrative Templates ထဲက Windows Component ဆက်သွား ပြီးသွားရင် Search ကိုရွေး ညာဖက်က Panel ထဲမှာ Allow Cortana ကို Disabled လုပ်လိုက်ရင် Icon လေးပျောက်သွားမှာဖြစ်ပါတယ်။

For Windows 10 Home Edition

Windows 10 Home Edition တွက်ဆိုရင်တော့ Registry Editor ထဲဝင်ရမှာဖြစ်ပြီး လုပ်ဆောင်ရမှာက WIndows + R နှိပ် ပေါ်လာတဲ့ Run Box မှာ regedit.msc လို့ရိုက်ရမှာပါ။ ဒုတိယအဆင့်အနေနဲ့ HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows အထိသွားပြီး WIndows Search ဆိုတာကို ရှာကြည့်ပါ။

မတွေ့ရင် “Windows” ကို Right-click ထောက်ပြီး Select>New လုပ်၊ နာမည်ကို Windows Search လို့ရိုက်ပါ။

ဒီ Windows Search ကိုထောက်လိုက်ရင် ညာဖက် Panel မှာဖြစ်ပြီး Right-click ထပ်ထောက်ပါ။ Select New>DWORD (32-bit) Value ကိုထပ်ရွေးပါ။

ဒီကောင့်ကိုပဲ AllowCortana လို့ နာမည်ထပ်ပေးပြီး Value ကို 0 လို့ထားလိုက်ပါ။ ဒီအဆင့်ထိ ပြီးသွားရင် Computer ကို Restart ချလိုက်ပါ။ Cortana နေရာမှာ Search Icon လေး နေရာယူနေတာ တွေ့ပါလိမ့်မယ်။

Credit: Ewtnet
2B (Akhayar)
www.akhayar.com