Wi-Fi ကနေ တစ်ဆင့် ဖုန်းထဲက ဓါတ်ပုံတွေကို Windows 10 ကို အလွယ်ကူဆုံး Import ပြုလုပ်နိုင်ပြီ






Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft ရဲ့ Windows 10 ကို အသုံးပြုနေတယ်ဆိုရင် ဖုန်းထဲက ဓါတ်ပုံတွေကို ကွန်ပျူတာကိုပေးပို့ဖို့အတွက် ကြိုးနဲ့ ချိတ်ပြီး Copy ယူစရာမလိုအပ်ပဲ Microsoft က အခုထုတ်ပေးလိုက်တဲ့ Application တစ်ခုရှိတာနဲ့တင် အလွယ်တကူပြုလုပ်လို့ရသွားပြီဖြစ်ပါတယ်။

Microsoft ရဲ့ အခု Application ကတော့ Photo Companion လို့ နာမည်ပေးထားပြီးတော့ Android အတွက် Google Play Store နဲ့ iOS အတွက်ဆိုရင် App Store ကနေ Download ရယူနိုင်မယ်လို့ သိရပါတယ်။

အခု Application ကို အသုံးပြုဖို့အတွက် ကိုယ်အသုံးပြုနေတဲ့ ကွန်ပျူတာကလည်း Windows 10 ဖြစ်နေဖို့ လိုအပ်မှာဖြစ်ပြီးတော့ Windows Photos App ရဲ့ Setting – Preview အောက်မှာ “Help Microsoft test the mobile import over Wi-Fi feature” ဆိုတဲ့ Setting ကို On ထားပေးရမှာဖြစ်ပြီး ပုံမှန် Home Interface မှာရှိတဲ့ Import – From Mobile Over Wi-Fi ကို နှိပ်လိုက်တာနဲ့ QR Code ပေါ်လာမှာဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ အခုနက ဖုန်းမှာသွင်းထားတဲ့ Photo Companion App ကနေ Windows 10 က QR Code ကို Scan ဖတ်ပြီးတော့ ပေးပို့ချင်တဲ့ ဓါတ်ပုံတွေကိုရွေးချယ်ပေးလိုက်ရုံပါပဲ။ အခု Feature အလုပ်လုပ်ဖို့အတွက် Wi-Fi Network အတူတူအသုံးပြုနေဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

Microsoft Windows 10 ရဲ့ Photos App ဟာ ဖုန်းက OneDrive App ကနေ ဓါတ်ပုံတွေကို Auto Backup လုပ်ထားတယ်ဆိုရင် ကွန်ပျူတာမှာလည်း အဆိုပါ ဓါတ်ပုံတွေကိုဖော်ပြပေးတယ်ဆိုပေမယ့် Auto Backup Feature ကို အသုံးမပြုတဲ့သူတွေအတွက်ကတော့ ယခု Feature က အသုံးဝင်မယ်လို့ ယူဆရပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com