








Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Microsoft ရဲ့ Windows 10 Operating System ဟာ အခုဆိုရင် Device ပေါင်း သန်း ၇၀၀ ကျော်မှာ အသုံးပြုနေပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Microsoft ကနေ ဒီနှစ်အတွက် ဒုတိယမြောက် Major Update ဖြစ်တဲ့ Windows 10 October Update ကို အသုံးပြုသူတွေအတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Windows 10 October 2018 Update

အဲ့ဒီအတွက် အခုအချိန်ကစတင်ပြီးတော့ Windows 10 October Update ကို လက်ရှိ Windows 10 အသုံးပြုနေတဲ့သူတွေအားလုံးအနေနဲ့ Settings – Windows Update ကနေ Update ပြုလုပ်နိုင်ပြီဖြစ်သလို Microsoft Website ကနေ Windows Update Assistant Tool ကို Download ပြုလုပ်ပြီး Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခု Windows 10 October 2018 Update ဟာ Feature Update တွေအများအပြားပါဝင်လာတဲ့အတွက် Windows 10 သုံးတဲ့သူတွေအတွက် မဖြစ်မနေ Update ပြုလုပ်သင့်တဲ့ Update တစ်ခုလည်းဖြစ်ပါတယ်။

Windows 10 October 2018 Update

Windows 10 October 2018 Update မှာ အသစ်ပါဝင်လာတဲ့ Feature အသေးစိတ်ကိုတော့ ယခု Link မှာ ဖတ်ရှုနိုင်မှာဖြစ်ပြီးတော့ Windows Explorer Dark Theme ၊ Universal Clipboard History နဲ့ Your Phone App တွေလိုမျိုး သိသိသာသာပြောင်းလဲသွားတဲ့ Feature တွေအများအပြားပါဝင်လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီထဲက Your Phone Feature ဟာဆိုရင် အခုအချိန်မှာ Android ဖုန်းမှာရှိတဲ့ ဓါတ်ပုံတွေနဲ့ SMS တွေကို ကွန်ပျူတာမှာ ကြည့်ရှုနိုင်ပြီဖြစ်သလို နောက်ပိုင်းမှာ Android App တွေပါ အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။

Windows 10 October 2018 Update

Microsoft အနေနဲ့တော့ အခုလိုမျိုး October 2018 Major Update ကို ထုတ်ပေးလိုက်ပြီဖြစ်တဲ့အတွက် နောက်နှစ် မတ်လဝန်းကျင်လောက်မှာ အသစ်ထွက်ရှိလာမယ်လို့ ခန့်မှန်းထားတဲ့ Codename 19H1 ကို စတင်ဆောင်ရွက်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Windows Update အသစ်မှာ ဘယ်လို Feature တွေပါဝင်ဦးမလဲဆိုတာကတော့ အခုအချိန်မှာ ထုတ်ပြောခြင်းမရှိသေးပါဘူး။

Microsoft Surface Laptop

ဘာပဲဖြစ်ဖြစ် Windows 10 အသုံးပြုနေတဲ့သူတွေဆိုရင်တော့ အခု Windows 10 October Update ကို မဖြစ်မနေ Update ပြုလုပ်လိုက်ပါဦး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com