
Windows 10 Blue Screen






Ref : Forbes

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft ကနေ ဒီနှစ်အတွက် ဒုတိယမြောက် Major Update တစ်ခုဖြစ်တဲ့ Windows 10 October Update ကို မကြာခင်မှာ Update လုပ်နိုင်တော့မှာပါ။ အခု October 2018 Update ဟာ Feature တွေအများအပြားပါလာမှာဖြစ်ပေမယ့် ပြဿနာတစ်ခုရှိနေပါတယ်။

Windows 10 Blue Screen

အခု ပြဿနာကတော့ Storage ပိုင်းဖြစ်ပြီးတော့ တကယ်လို့ Update ပြုလုပ်တဲ့အချိန်မှာ Windows C: Partition ပိုင်းမှာ Storage မလောက်ဘူးဆိုရင် Error တက်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပိုဆိုးတာက Windows 10 October Update ဟာ Update မပြုလုပ်ခင်မှာလည်း Storage လောက်မလောက်ကို စစ်ဆေးမှာမဟုတ်ပါဘူး။

Windows 10 Storage Sense

အဲ့ဒီအတွက် မကြာခင်မှာ Update ရရှိတော့မယ့် Windows 10 October Update ကို Update လုပ်ဖို့ဆိုရင် ကိုယ့်ရဲ့ ကွန်ပျူတာမှာ အနည်းဆုံး 20GB နဲ့ အထက်ကို နေရာလွတ်နေဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒီအချက်က အရေးကြီးတဲ့အတွက် Update မနှိပ်ခင်မှာ သေချာစစ်ဆေးဖို့ လိုအပ်မှာပါ။

Windows 10 Storage Sense

တကယ်လို့ Windows 10 ကနေ Update လုပ်မယ်ဆိုရင် PC – Settings – Storage ထဲမှာရှိတဲ့ Storage Sense ကနေ မလိုအပ်တဲ့ Files တွေကို အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခု Storage Sense ဟာ Windows 10 မှာ ပါဝင်လာတဲ့တော်တော်လေးကို ကောင်းမွန်တဲ့ Storage Cleaner လို့တောင်ပြောလို့ရပါတယ်။

Ref : Forbes

Zawyè (Akhayar) 

www.akhayar.com