Microsoft ကေန အခုေနာက္ပိုင္းမွာ Windows Operating System အသစ္ကို ေဆာင္ရြက္ျခင္းမရွိေတာ့ဘဲ Windows 10 ကိုပဲ ၾကီးမားတဲ့ ေျပာင္းလဲမႈေတြ ဆက္တုိက္လုပ္လာခဲ့တာျဖစ္ပါတယ္။ Microsoft ကေတာ့ တစ္ႏွစ္ကို အခုလုိမ်ိဳး Major Update ၂ ၾကိမ္ျပဳလုပ္သြားမွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Windows 10 File Explorer Dark Theme

အဲ့ဒီအတိုင္းပဲ ျပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဧျပီလမွာ Microsoft ကေန ဒီႏွစ္အတြက္ ပထမဆံုး Major Update ကို ထုတ္ေပးခဲ့ျပီး အဆိုပါ Update ကို Windows 10 April 2018 Update လုိ႔ ေခၚဆုိခဲ့တာျဖစ္ပါတယ္။ အခုလုိမ်ိဳး Update ထုတ္ေပးတဲ့ လနဲ႔ ႏွစ္နာမည္ကို ယူျပီး သတ္မွတ္တာကလည္း ပထမဆံုးျဖစ္ခဲ့ျပီးေတာ့ ယခင္တုန္းက Windows 10 Creator Update နဲ႔ Fall Creator Update ဆုိျပီး ေခၚဆိုတာကေန ေျပာင္းလဲသြားတာျဖစ္ပါတယ္။

Windows 10 Timeline Feature

ယခုအခ်ိန္မွာလည္း Microsoft က လာမယ့္ Windows 10 Major Update အတြက္ နာမည္ကို အတည္ျပဳလုိက္ျပီး ေအာက္တိုဘာလမွာ ထြက္ရွိမွာျဖစ္တဲ့အတြက္ “Windows 10 October 2018 Update” လုိ႔ နာမည္ေပးခဲ့တာျဖစ္ပါတယ္။

အခုလာမယ့္ ေအာက္တိုဘာလမွာ ရရွိမယ့္ Major Update ဟာ အဓိကေျပာင္းလဲမႈအေနနဲ႔ File Explorer ကို ပံုမွန္ျမင္ေနၾက အျဖဳေရာင္အစား Dark Theme နဲ႔ ျမင္ေတြ႕ရမွာျဖစ္သလုိ Microsoft Account Sign-in ဝင္ေရာက္ထားတဲ့ Devices ေတြအကုန္လံုးမွာ Sync ျပဳလုပ္ႏုိင္တဲ့ Universal Clipboard Feature လည္း ရရွိလာမွာျဖစ္ပါတယ္။ အခု Feature ေတြအျပင္ Update ျပဳလုပ္ထားတဲ့ Snipping Tool ၊ Microsoft Edge Improvement ေတြနဲ႔ Xbox Game Bar ေတြပါဝင္လာမွာပါ။

Windows 10 Dark Theme

ဘာပဲျဖစ္ျဖစ္ လာမယ့္ ေအာက္တိုဘာလၾကရင္ေတာ့ Windows 10 အသံုးျပဳသူေတြ ေမွ်ာ္လင့္ေနၾကတဲ့ File Explorer Dark Theme ကို ရရွိလာေတာ့မွာပဲျဖစ္ပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Microsoft ကနေ အခုနောက်ပိုင်းမှာ Windows Operating System အသစ်ကို ဆောင်ရွက်ခြင်းမရှိတော့ဘဲ Windows 10 ကိုပဲ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်လာခဲ့တာဖြစ်ပါတယ်။ Microsoft ကတော့ တစ်နှစ်ကို အခုလိုမျိုး Major Update ၂ ကြိမ်ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Windows 10 File Explorer Dark Theme

အဲ့ဒီအတိုင်းပဲ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလမှာ Microsoft ကနေ ဒီနှစ်အတွက် ပထမဆုံး Major Update ကို ထုတ်ပေးခဲ့ပြီး အဆိုပါ Update ကို Windows 10 April 2018 Update လို့ ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Update ထုတ်ပေးတဲ့ လနဲ့ နှစ်နာမည်ကို ယူပြီး သတ်မှတ်တာကလည်း ပထမဆုံးဖြစ်ခဲ့ပြီးတော့ ယခင်တုန်းက Windows 10 Creator Update နဲ့ Fall Creator Update ဆိုပြီး ခေါ်ဆိုတာကနေ ပြောင်းလဲသွားတာဖြစ်ပါတယ်။

Windows 10 Timeline Feature

ယခုအချိန်မှာလည်း Microsoft က လာမယ့် Windows 10 Major Update အတွက် နာမည်ကို အတည်ပြုလိုက်ပြီး အောက်တိုဘာလမှာ ထွက်ရှိမှာဖြစ်တဲ့အတွက် “Windows 10 October 2018 Update” လို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။

အခုလာမယ့် အောက်တိုဘာလမှာ ရရှိမယ့် Major Update ဟာ အဓိကပြောင်းလဲမှုအနေနဲ့ File Explorer ကို ပုံမှန်မြင်နေကြ အဖြုရောင်အစား Dark Theme နဲ့ မြင်တွေ့ရမှာဖြစ်သလို Microsoft Account Sign-in ဝင်ရောက်ထားတဲ့ Devices တွေအကုန်လုံးမှာ Sync ပြုလုပ်နိုင်တဲ့ Universal Clipboard Feature လည်း ရရှိလာမှာဖြစ်ပါတယ်။ အခု Feature တွေအပြင် Update ပြုလုပ်ထားတဲ့ Snipping Tool ၊ Microsoft Edge Improvement တွေနဲ့ Xbox Game Bar တွေပါဝင်လာမှာပါ။

Windows 10 Dark Theme

ဘာပဲဖြစ်ဖြစ် လာမယ့် အောက်တိုဘာလကြရင်တော့ Windows 10 အသုံးပြုသူတွေ မျှော်လင့်နေကြတဲ့ File Explorer Dark Theme ကို ရရှိလာတော့မှာပဲဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com