Microsoft ကတော့ အလန်းစား Features တွေနဲ့ ထူးခြားတဲ့ Update တွေပါဝင်လာတဲ့ May Update (1903) ကို တရားဝင်ဖြန့်ချိနေပါပြီ။ ဆိုတော့ Update မလုပ်ခင် ရေပန်းစားနေတဲ့ Features ၁၀ မျိုးကို အမြည်းအနေနဲ့စုစည်းဖော်ပြပေးလိုက်ပါတယ်။

Light Theme

အုခုချိန်မှာ “Dark Theme” က Popular အဖြစ်ဆုံးဆိုပေမယ့် Microsoft ကတော့ တမျိုးတဖုံ ဆွဲဆောင်မှုရှိတဲ့ Light Theme ကို 1903 မှာ ထည့်သွင်းထားပါတယ်။ ကျနော့်အနေနဲ့တော့ Light Theme ကို Windows နဲ့အလိုက်ဆုံးလို့မြင်ပြီး White Backgrounds ကိုပဲအသုံးပြုနေတဲ့ Microsoft Apps တွေနဲ့ပိုကြည့်ကောင်းပါတယ်။ အဲ့ဒါကြောင့် Windows 10 Wallpaper ကိုတောင် Light Theme နဲ့လိုက်အောင် Tweak လုပ်ထားပြီမို့ Update ရတာနဲ့ စမ်းသုံးကြည့်ပါဦး။

Photo: Vox Cdn

Windows Sandbox

Sandbox ဆိုတာကတော့ Unknown Apps တွေကို Isolated Windows အနေနဲ့ သီးသန့် စမ်းသုံးကြည့်လို့ရမယ်၊ Sandbox ကို လုံခြုံမှုရှိအောင်နဲ့ ချက်ချင်းဖျက်လို့ရအောင် ဒီဇိုင်းဆွဲထားတဲ့အတွက် Application သုံးကြည့်ပြီးတာနဲ့ Sandbox ကို တခါထဲ ဖျက်ပစ်ရုံပါပဲ။

Photo: Vox Cdn

ဒီလိုအသုံးပြုနိုင်ဖို့ Bios Setting မှာ Virtualization Capability ဖွင့်ထားရမှာဖြစ်ပြီး Windows 10 Pro ၊ 10 Enterprise မှာပဲ ပါဝင်လာမှာဖြစ်ပါတယ်။ Boot သပ်သပ်ရိုက်၊ ISO တွေ Mount လုပ်ပြီးသုံးစရာမလိုတဲ့အတွက် Business သမား Power User တွေအတွက် ပိုအသုံးတည့်တဲ့ Feature လို့ပြောရမှာပါ။

Built-in Apps တွေဖြုတ်ပစ်မယ်

Windows 10 နဲ့ တခါထဲတွဲပါလာတဲ့ Groove Music ၊ Mail ၊ Calendar နဲ့ Movies စတဲ့ Built-in Apps တွေကို 1903 မှာ အသုံးမလိုရင် Uninstall လုပ်နိုင်တော့မှာဖြစ်ပါတယ်။

Photo: Vox Cdn

Cortana နဲ့ Search ကိုခွဲပစ်လိုက်ပြီ

Cortana က ကျနော်တို့ဆီမှာ အလုပ်မဖြစ်ဘူးဆိုတော့ ပါနေလဲ မထူးပါဘူး။ Microsoft ကတော့ Search ကို Voice နဲ့ Text ၂ မျိုးခွဲပစ်လိုက်သလို Cortana နဲ့ Widnows Search ဆိုပြီး သီးသန့်ရှာဖို့ 1903 မှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

Photo: Vox Cdn

Windows Search မှာတော့ အသုံးများဆုံး Apps ၊ Recent Activities ၊ Files တွေနဲ့ Web Result ကို ဖော်ပြပေးတော့မယ်၊ ရှာလို့ရတော့မှာ ဖြစ်ပါတယ်။ Cortana ကိုတော့ Voice Assist အနေနဲ့ သုံးနိုင်မှာဖြစ်ပြီး လာမယ့် Update တွေမှာ ပိုပြီး Powerful ဖြစ်တဲ့ Microsoft Search ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

Start Menu

Windows တင်ပြီးလို့ တခါထဲတွဲပါလာတဲ့ Bloatware Apps တွေနဲ့ Pinned Apps တွေက အရမ်းအာရုံနောက်ပါတယ်။ 1903 Update မှာတော့ ဒီအချက်တွေ လျှော့ပါးလိုက်ပြီဖြစ်တဲ့အတွက် ရိုးရှင်းပြီး Customize လုပ်နိုင်တဲ့ Start Menu အဖြစ်မြင်ရတော့မှာပါ။

Brightness Slider

ဒီ Update မှာ Minor ဖြစ်နေတယ်ဆိုမယ့် Brightness Control ကတော့ ပိုအားရစရာကောင်းလာပြီလို့ ပြောရမှာပါ။ အရင် Default ပါနေတဲ့ Brightness Setting က Cycle ၄ မျိုး (25 ၊ 50 ၊ 75 ၊ 100) ပဲ ထောက်ပံ့တဲ့အတွက် 35 တို့ 64 တို့ထားချင်ရင် Display Setting ထဲသွားပြောင်းနေရတာ အာရုံနောက်ပါတယ်။ Brightness Slider မှာတော့ ကိုယ်ထားချင်တဲ့ Brightness Level ကို ပြောင်းထားနိုင်မှာဖြစ်ပါတယ်။

Kaomoji

Microsoft ကတော့ Windows 10 PC တွေကနေ Face Characters တွေပို့လို့ပိုလွယ်အောင် Kaomoji အသစ်ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ခါတိုင်းလိုပဲ Win+Period (Emoji Shortcut) ကနေပဲ အသုံးပြုရမှာဖြစ်လို့ Chatting တွက် ပိုပြည့်စုံလာတယ် ဆိုရမှာပါ။

Windows Mixed Reality

ဒီအချက်ကတော့ VR သုံးပြီး Windows App တွေဖြစ်တဲ့ Spofify ၊ Visual Studio Code နဲ့ Photoshop တို့ကို Windows Mixed Reality နဲ့ ကောင်းကောင်းအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အရင်က Steam VR Games နဲ့ Universal Windows App တွေပဲသုံးလို့ရခဲ့တာဖြစ်လို့ ပိုလန်းလာတယ်ဆိုရမှာပါ။

Windows Update ကို ရပ်လို့ရပြီ

1903 ကစပြီး Windows Update ကို ရပ်ထားလို့ရပြီဆိုတော့ စိတ်အနှောက်ယှက် သက်သာသွားပြီဆိုရမှာပါ။ အဲ့ဒါထက် နောက်ဆုံးထွက် Major Update တွေကို တင်သုံးချင်သလား ဒါမှမဟုတ် Monthly Update တွေကိုပဲ သုံးမလားရွေးချယ်နိုင်မှာဖြစ်လို့ Storage အလုံလောက် မရှိသူတွေအတွက် Update တင်ဖို့ အခက်ခဲ နည်းသွားမှာဖြစ်ပါတယ်။

Password မလိုဘဲ သုံးနိုင်တော့မယ်

ပြီးခဲ့တဲ့ Update အထိ Windows တင်ပြီးတာနဲ့ Security Password အရင်ဆုံးတောင်းတာ သိပြီးသားဖြစ်မှာပါ။ ပြီးမှ Microsoft Account တောင်း အလုပ်ဆက်လုပ်ရတာမလို့ Password မရှိရင် ဘာမှဆက်လုပ်လို့မရတဲ့ သဘောဖြစ်နေခဲ့ပါတယ်။

1903 မှာတော့ ဖုန်းနံပါတ်ရှိရုံနဲ့ Log in ဝင်နိုင်မှာဖြစ်ပြီး Password လည်းမလိုတော့ပါဘူး။ နောက်ပြီး Microsoft Account ကိုလည်း ဖုန်းနံပါတ်နဲ့ပဲ လုပ်နိုင်မှာဖြစ်တဲ့အတွက် ပိုလွယ်သွားပါတယ်၊ ဝင်တာနဲ့ ဖုန်းထဲကို Code ပို့လိုက်မှာဖြစ်လို့ Password မေ့တတ်တဲ့လူတွေအတွက် ပိုအသုံးတည့်တယ် ဆိုရဦးမှာပါ။

Credit: The Verge
2B (Akhayar)
www.akhayar.com