



Windows 10



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Microsoft ရဲ့ အသစ်ထွက်လာမယ့် Windows 10 Version ကို Codename – Redstone 5 လို့ နာမည်ပေးထားတာပဲဖြစ်ပါတယ်။ အခု Redstone 5 Version မှာဆိုရင် နောက်ထပ် Edition တစ်ခုထပ်ထွက်လာဦးမှာပဲဖြစ်ပါတယ်။

Windows 10 Lean Edition

အခုထပ်မံထွက်လာမယ့် Windows 10 Version အသစ်ကိုတော့ Windows 10 Lean Edition လို့ နာမည်ပေးထားပြီးတော့ အဓိကအနေနဲ့ Storage နည်းပါးတဲ့ Devices တွေမှာ အသုံးပြုဖို့အတွက် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။

Storage နည်းပါးတဲ့ Devices တွေလို့ ပြောတာကတော့ 128GB Storage SSD လိုမျိုးပါတဲ့ Devices တွေတင်မကပဲ Netbook တွေနဲ့ Tablets တွေလိုမျိုး Storage 16GB ပါဝင်တဲ့ Devices တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Install ပြုလုပ်တဲ့ ISO File ကလည်း 2GB ဝန်းကျင်ပဲရှိမှာဖြစ်ပြီးတော့ သာမန်အားဖြင့် မလိုအပ်တဲ့ Application တွေနဲ့ Internet Explorer လို Feature တွေပါဝင်မှာမဟုတ်ပါဘူး။

Windows 10

Twitter အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ Lucan ကတွေ့ရှိခဲ့တာကတော့ အခု Windows 10 Lean Editon ဟာ လက်ရှိ Windows 10 Skip Ahead Build 17650 မှာစတင် ပါဝင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Microsoft က အခုလိုမျိုး Windows 10 ကို Storage နည်းပါးတဲ့ Devices တွေကို Windows 10 Lean Edition ထပ်မံထုတ်ပေးနေတာက နောက်ပိုင်းမှာ Windows 10 Lean Edition ကို အသုံးပြုလာတဲ့ Tablets တွေရှိလာနိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com