Winamp ဆုိတာက Windows အသံုးျပဳေနတဲ့သူေတြဆိုရင္ မသိတဲ့သူမရွိသေလာက္ကို ျဖစ္ခဲ့တဲ့ Music Player တစ္ခုျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Winamp ကို ယခင္တုန္းက ျမင္ခဲ့ရတဲ့ Music Player ထက္ ပိုတဲ့ Application တစ္ခုအေနနဲ႔ ျမင္ရေတာ့မွာပါ။

Winamp

Winamp ဟာ ဟုိးယခင္ ၁၉၉၇ ခုႏွစ္ထဲက ထြက္ရွိခဲ့တဲ့ Music Player တစ္ခုျဖစ္ျပီးေတာ့ အဲ့ဒီအခ်ိန္ထဲက Music Format ေပါင္းစံုနဲ႔ Custom Skin ေတြေၾကာင့္ ေအာင္ျမင္လာခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ AOL က ၂၀၀၂ ခုႏွစ္မွာ ဝယ္ယူလိုက္ျပီး ၂၀၁၄ ခုႏွစ္မွာ Radionomy ကို ျပန္လည္ေရာင္းစားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ကစျပီး Winamp ဟာ ေပ်ာက္ကြယ္သြားျပီး ျပီးခဲ့တဲ့ ၂၀၁၃ ခုႏွစ္တုန္းက Update လုပ္ခဲ့တာကေနာက္ဆံုးေသာ Update ျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Winamp ကို ျပန္လည္ျမင္ရေတာ့မွာပဲျဖစ္ပါတယ္။ အခုေနာက္ဆံုးအေနနဲ႔ Radionomy ရဲ႕ CEO ျဖစ္တဲ့ Alexandre Saboundjian က Winamp ကို ေနာက္ႏွစ္မွာ လံုးဝ Version ကိုေျပာင္းလဲလုိက္ေတာ့မယ္လုိ႔ သိရပါတယ္။ ဒါကလည္း ယခင္တုန္းက Winamp ကို လူသိမ်ားေစခဲ့တဲ့ ပံုစံကိုလည္း ဆက္လက္ထိန္းသိမ္းထားဦးမယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Winamp

အခုလုိမ်ိဳး ေျပာင္းလဲလာမယ့္ Winamp ဟာ ပံုမွန္ Music File ေတြကို ဖြင့္ႏုိင္မယ့္အျပင္ Cloud Music ေတြ၊ Podcast ေတြ၊ Radio Station ေတြကိုပါ နားေထာင္ႏုိင္မွာျဖစ္ပါတယ္။ အခု Winamp Update က Mobile Version အျပင္ Desktop Version မွာပါ Update ရရွိမွာျဖစ္ပါတယ္။ ဒါေပမယ့္ အခုလုိမ်ိဳး Streaming နားေထာင္ႏုိင္မယ့္ေနရာမွာ Apple Music ၊ Spotify နဲ႔ တျခားေသာ Audio Platform ေတြနဲ႔ပါ ခ်ိတ္ဆက္လုိ႔ ရမရကိုေတာ့ ေျပာၾကားထားျခင္းမရွိေသးပါဘူး။

အခုလုိမ်ိဳး Winamp ဟာ ေျပာင္းလဲေတာ့မွာေပမယ့္ မၾကာခင္မွာ Bugs Fix နဲ႔ Compatibility Issue ေတြအတြက္ပဲ Version 5.8 Update ကို ထုတ္ေပးသြားမွာျဖစ္ျပီး တကယ့္ Major Change ေတြရရွိလာမယ့္ Winamp Version 6 ကိုေတာ့ လာမယ့္ ၂၀၁၉ ခုႏွစ္မွာမွျမင္ရမွာျဖစ္ပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Winamp ဆိုတာက Windows အသုံးပြုနေတဲ့သူတွေဆိုရင် မသိတဲ့သူမရှိသလောက်ကို ဖြစ်ခဲ့တဲ့ Music Player တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ Winamp ကို ယခင်တုန်းက မြင်ခဲ့ရတဲ့ Music Player ထက် ပိုတဲ့ Application တစ်ခုအနေနဲ့ မြင်ရတော့မှာပါ။

Winamp

Winamp ဟာ ဟိုးယခင် ၁၉၉၇ ခုနှစ်ထဲက ထွက်ရှိခဲ့တဲ့ Music Player တစ်ခုဖြစ်ပြီးတော့ အဲ့ဒီအချိန်ထဲက Music Format ပေါင်းစုံနဲ့ Custom Skin တွေကြောင့် အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ AOL က ၂၀၀၂ ခုနှစ်မှာ ဝယ်ယူလိုက်ပြီး ၂၀၁၄ ခုနှစ်မှာ Radionomy ကို ပြန်လည်ရောင်းစားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး Winamp ဟာ ပျောက်ကွယ်သွားပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက Update လုပ်ခဲ့တာကနောက်ဆုံးသော Update ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Winamp ကို ပြန်လည်မြင်ရတော့မှာပဲဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ Radionomy ရဲ့ CEO ဖြစ်တဲ့ Alexandre Saboundjian က Winamp ကို နောက်နှစ်မှာ လုံးဝ Version ကိုပြောင်းလဲလိုက်တော့မယ်လို့ သိရပါတယ်။ ဒါကလည်း ယခင်တုန်းက Winamp ကို လူသိများစေခဲ့တဲ့ ပုံစံကိုလည်း ဆက်လက်ထိန်းသိမ်းထားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

Winamp

အခုလိုမျိုး ပြောင်းလဲလာမယ့် Winamp ဟာ ပုံမှန် Music File တွေကို ဖွင့်နိုင်မယ့်အပြင် Cloud Music တွေ၊ Podcast တွေ၊ Radio Station တွေကိုပါ နားထောင်နိုင်မှာဖြစ်ပါတယ်။ အခု Winamp Update က Mobile Version အပြင် Desktop Version မှာပါ Update ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး Streaming နားထောင်နိုင်မယ့်နေရာမှာ Apple Music ၊ Spotify နဲ့ တခြားသော Audio Platform တွေနဲ့ပါ ချိတ်ဆက်လို့ ရမရကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။

အခုလိုမျိုး Winamp ဟာ ပြောင်းလဲတော့မှာပေမယ့် မကြာခင်မှာ Bugs Fix နဲ့ Compatibility Issue တွေအတွက်ပဲ Version 5.8 Update ကို ထုတ်ပေးသွားမှာဖြစ်ပြီး တကယ့် Major Change တွေရရှိလာမယ့် Winamp Version 6 ကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်မှာမှမြင်ရမှာဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com