[ZawGyi]

စမ္းေခ်ာင္း ကၽြန္းေတာလမ္းေပၚက ဝင္းဝင္းမုန္႔တီဆိုင္သစ္ေလးသို႔ တစ္ေခါက္

လတ္တေလာေခတ္စားေနတဲ့ Trend အရ ရန္ကုန္သူ ရန္ကုန္သားေတြက ျမန္မာျပည္အလယ္ပုိင္းအစားအစာေတြကုိ ဓာတ္က်လို႔ ေနပါတယ္။ ဒီထဲမွာ မုန္႔တီတို႔၊ ျမီးရွည္တို႔၊ ေရႊေတာင္ေခါက္ဆြဲတို႔ ပါသေပါ့ေလ။ ခုလည္း နာမည္ၾကီး ဝင္းဝင္းမံုရြာမုန္႔တီက စမ္းေခ်ာင္းေရာက္လာျပန္ျပီဆုိေတာ့ ဝင္းဝင္းဆီ တစ္ေခါက္ေရာက္ခဲ့ျပန္ေပ့ါ။ ဆုိင္ကေတာ့ စမ္းေခ်ာင္းကၽြန္းေတာလမ္းေပၚ၊ မအူပင္လမ္းထိပ္မွာပါ၊ ရွာရလြယ္ေအာင္လို႔ အဲဒီနားမွာ ေရႊအိုးေဆးဆိုင္ဆုိျပီး ဆုိင္အၾကီးၾကီး ရွိပါတယ္။

ဆိုင္အ၀။

ဆိုင္ေလးကေတာ့ တုိက္ခန္းေျမညီထပ္မွာ ဖြင့္ထားျပီး အျပင္အဆင္ကေတာ့ သံစားပြဲခံုနဲ႔ ပန္ကာနဲ႔ ရိုးရိုးေလးပါပဲ။ စားပြဲဝုိင္း ၇ ဝုိင္း၊ ၈ဝိုင္းေလာက္ခင္းထားပါတယ္။ မုန္႔ပြဲျပင္တဲ့ ေနရာကိုလည္း လွမ္းျမင္ရတဲ့အတြက္ ကုိယ္တုိင္ၾကည့္ရႈလို႔ ရပါတယ္။ Air-con နဲ႔ မဟုတ္၊ ဆိုင္ႀကီးေနရာႀကီးမဟုတ္လို႔ စားရတာေတာ့ ဇိမ္က်က်နဲ႔ စိတ္ေက်နပ္မႈအျပည့္ရေစမွာ မဟုတ္ပါဘူး။ ဆိုင္က မနက္ ၆နာရီကေန ၁၂ နာရီအထိ ဖြင့္တယ္လို႔ ဆုိပါတယ္။ ေရာက္သြားတဲ့အခ်ိန္က ၉ခြဲ၊ ၁၀နာရီေလာက္ဆုိေတာ့ ခုိေတာင္ေတာ့ မရေတာ့ဘူး၊ ကုန္သြားတဲ့အတြက္ သူတို႔ရဲ႕ Signature ျဖစ္တဲ့ မုန္႔တီကို နန္းၾကီးနဲ႔မွာတာ နန္းၾကီးကုန္ေတာ့မွာမို႔ နန္းလတ္နဲ႔ ေရာျပီး ေရာက္လာပါတယ္။ ဟင္းရည္ကို ေခါက္ဆြဲၾကြတ္ေျခာက္ေလးေတြ ျဖဴးျပီး လာခ်ေပးပါတယ္။ ေရေႏြးေတာင္းလို႔ ရတာလည္း ဒီဆုိင္ရဲ့ အားသာခ်က္ပါ။ ဝင္းဝင္းမုန္႔တီစားခ်င္ရင္ေတာ့ ေစာေစာသြားဖို႔ တစ္ခ်က္မွတ္ထားမွရမယ္။

ပထမဆံုး ခ်ီးက်ဴးရမွာက နန္းၾကီး၊ နန္းလတ္အသားပါပဲ။ မုန္႔သားက တကယ့္ကို အိေနတာပဲ။ အသုပ္လက္ရာကေတာ့ အညာစတုိင္ ဆီရႊဲရႊဲ၊ ပဲမုန္႔မ်ားမ်ား ပ်စ္ပ်စ္အိအိပါ။ အရည္ကေတာ့ ငါးဖယ္လံုးျပဳတ္ရည္။ ငါးျပဳတ္ရည္ အရသာမ်ိဳးျဖစ္ျပီး ေလးေလးခ်ိဳခ်ိဳေလးမို႔ ေသာက္ေကာင္းလွပါတယ္။ မုန္႔တီလက္ရာကိုေတာ့ အညာလက္ရာစစ္ေပမယ့္ ပံုမွန္အရသာလို႔ပဲ ေျပာပါရေစ။ အတူပါတဲ့ သူငယ္ခ်င္းက ေရႊေတာင္ေခါက္ဆြဲမွာတဲ့အတြက္ သူ႔ဆီက ေရႊေတာင္ေခါက္ဆြဲျမည္းၾကည့္လိုက္ေတာ့ ေရႊေတာင္ေခါက္ဆြဲက မုန္႔တီထက္ေတာင္ ပိုေကာင္းပါေသးတယ္။ အုန္းႏုိ႔ရည္က တကယ့္ကို ခ်ိဴခ်ိဳေမႊးေမႊးနဲ႔ ေရႊေတာင္လက္ရာအတုိင္းပါပဲ။

တျခားဘာေတြ ရေသးလဲလို႔ တီးေခါက္ၾကည့္ေတာ့ ဆီထမင္းနဲ႔ အေၾကာ္စံုေလးပါရတယ္ဆိုလို႔ မွာလိုက္ပါေသးတယ္။ ကံဆိုးခ်င္ေတာ့ အေၾကာ္စံုကုန္သြားျပီဆုိေတာ့ ဆီထမင္းၾကီးပဲ စားခဲ့ရတယ္္ေပါ့။ ဆီထမင္းေလးလည္း လက္ရာမဆိုးပါဘူး..အိအိိေလးပါပဲ။ ဒါေပမယ့္ မုန္႔တီတို႔ ၊ ေရႊေတာင္ေခါက္ဆြဲတို႔ မစားတတ္တဲ့ သူမ်ိဳးပါရင္စားလို႔ ရေအာင္ပဲဆုိေတာ့ အရမ္းၾကီးေတာ့ ဂြတ္ရွယ္မျဖစ္ဘူးဆုိရမွာေပ့ါ။ သူနဲ႔ တြဲစားဖို႔ မတ္ပဲေၾကာ္ရယ္၊ ဘူးသီးေၾကာ္ရယ္ ရတယ္ဆုိပါတယ္။

စားျပီးရင္ေတာ့ သူတို႔ဆီမွာ လက္ဖက္ရည္ေရာ၊ ႏွပ္ေကာ္ဖီေရာ ရေတာ့ အစားပိတ္ေလး ျငိမ့္ရုံပဲ။ လက္ဖက္ရည္အရသာက ေသာက္ေပ်ာ္တဲ့အတြက္ မနက္ခင္းကို မုန္႔တီေကာင္းေကာင္းတစ္ပြဲ၊ လက္ဖက္ရည္တစ္ခြက္နဲ႔ ႏွပ္လို႔ ရပါတယ္။ သူတို႔ဆီက မွာရင္ ခုလို ဘူးေလးေတြနဲ႔ သပ္သပ္ရပ္ရပ္ထည့္ေပးတဲ့အတြက္ ရံုးသမား၊ ေက်ာင္းသမားေတြ သယ္လို႔ ေကာင္းမွာပါ။ ဘူးဖိုးေတာ့ ၂၀၀ ပိုေပးရပါတယ္။

မုန္႔ပြဲက တစ္ပြဲကို ၁၅၀၀ ဆုိတဲ့အတြက္ မုန္႔တီေကာင္းၾကိဳက္တဲ့သူေတြအတြက္ စားေပ်ာ္ပါတယ္။ Parking ေနရာ နည္းနည္းခက္ႏုိင္ျပီး အဲကြန္းနဲ႔ မဟုတ္လို႔ ဇိမ္ဆြဲစားခ်င္သူေတြထက္ မနက္စာေကာင္းေကာင္းကို ျမန္ျမန္စားခ်င္သူေတြအတြက္ ပိုသင့္ေတာ္မွာပါ။ ဝင္းဝင္းရဲ႕ နန္းႀကီးသုပ္ကို သိပ္အားမရေပမယ့္ ေရႊေတာင္ေခါက္ဆြဲေလးေတာ့ စားေကာင္းခဲ့တာမို႔ ေရႊေတာင္အရသာစစ္စစ္ေလးစားခ်င္တဲ့သူေတြ၊ ေစ်းႏႈန္းအသင့္အတင့္နဲ႔ ဝင္းဝင္းလက္ရာႀကိဳက္တဲ့သူေတြ၊ စမ္းေခ်ာင္းနားေနတဲ့သူေတြ သြားစားႀကည့္သင့္တဲ့ဆိုင္ေလးပါ။ မနက္ ၆ ကေန ၁၂ အထိပဲ ဖြင့္မွာမို႔ မနက္စာကို မုန္႔တီေကာင္းေကာင္းစားခ်င္သူေတြအတြက္ စမ္းေခ်ာင္းထဲမွာ ဝင္းဝင္းမုန္႔တီ ဆုိင္ေလးရွိေနပါျပီလို႔။

strong>[Unicode]

စမ်းချောင်း ကျွန်းတောလမ်းပေါ်က ဝင်းဝင်းမုန့်တီဆိုင်သစ်လေးသို့ တစ်ခေါက်

လတ်တလောခေတ်စားနေတဲ့ Trend အရ ရန်ကုန်သူ ရန်ကုန်သားတွေက မြန်မာပြည်အလယ်ပိုင်းအစားအစာတွေကို ဓာတ်ကျလို့ နေပါတယ်။ ဒီထဲမှာ မုန့်တီတို့၊ မြီးရှည်တို့၊ ရွှေတောင်ခေါက်ဆွဲတို့ ပါသပေါ့လေ။ ခုလည်း နာမည်ကြီး ဝင်းဝင်းမုံရွာမုန့်တီက စမ်းချောင်းရောက်လာပြန်ပြီဆိုတော့ ဝင်းဝင်းဆီ တစ်ခေါက်ရောက်ခဲ့ပြန်ပေ့ါ။ ဆိုင်ကတော့ စမ်းချောင်းကျွန်းတောလမ်းပေါ်၊ မအူပင်လမ်းထိပ်မှာပါ၊ ရှာရလွယ်အောင်လို့ အဲဒီနားမှာ ရွှေအိုးဆေးဆိုင်ဆိုပြီး ဆိုင်အကြီးကြီး ရှိပါတယ်။

ဆိုင်အဝ။

ဆိုင်လေးကတော့ တိုက်ခန်းမြေညီထပ်မှာ ဖွင့်ထားပြီး အပြင်အဆင်ကတော့ သံစားပွဲခုံနဲ့ ပန်ကာနဲ့ ရိုးရိုးလေးပါပဲ။ စားပွဲဝိုင်း ၇ ဝိုင်း၊ ၈ဝိုင်းလောက်ခင်းထားပါတယ်။ မုန့်ပွဲပြင်တဲ့ နေရာကိုလည်း လှမ်းမြင်ရတဲ့အတွက် ကိုယ်တိုင်ကြည့်ရှုလို့ ရပါတယ်။ Air-con နဲ့ မဟုတ်၊ ဆိုင်ကြီးနေရာကြီးမဟုတ်လို့ စားရတာတော့ ဇိမ်ကျကျနဲ့ စိတ်ကျေနပ်မှုအပြည့်ရစေမှာ မဟုတ်ပါဘူး။ ဆိုင်က မနက် ၆နာရီကနေ ၁၂ နာရီအထိ ဖွင့်တယ်လို့ ဆိုပါတယ်။ ရောက်သွားတဲ့အချိန်က ၉ခွဲ၊ ၁၀နာရီလောက်ဆိုတော့ ခိုတောင်တော့ မရတော့ဘူး၊ ကုန်သွားတဲ့အတွက် သူတို့ရဲ့ Signature ဖြစ်တဲ့ မုန့်တီကို နန်းကြီးနဲ့မှာတာ နန်းကြီးကုန်တော့မှာမို့ နန်းလတ်နဲ့ ရောပြီး ရောက်လာပါတယ်။ ဟင်းရည်ကို ခေါက်ဆွဲကြွတ်ခြောက်လေးတွေ ဖြူးပြီး လာချပေးပါတယ်။ ရေနွေးတောင်းလို့ ရတာလည်း ဒီဆိုင်ရဲ့ အားသာချက်ပါ။ ဝင်းဝင်းမုန့်တီစားချင်ရင်တော့ စောစောသွားဖို့ တစ်ချက်မှတ်ထားမှရမယ်။

ပထမဆုံး ချီးကျူးရမှာက နန်းကြီး၊ နန်းလတ်အသားပါပဲ။ မုန့်သားက တကယ့်ကို အိနေတာပဲ။ အသုပ်လက်ရာကတော့ အညာစတိုင် ဆီရွှဲရွှဲ၊ ပဲမုန့်များများ ပျစ်ပျစ်အိအိပါ။ အရည်ကတော့ ငါးဖယ်လုံးပြုတ်ရည်။ ငါးပြုတ်ရည် အရသာမျိုးဖြစ်ပြီး လေးလေးချိုချိုလေးမို့ သောက်ကောင်းလှပါတယ်။ မုန့်တီလက်ရာကိုတော့ အညာလက်ရာစစ်ပေမယ့် ပုံမှန်အရသာလို့ပဲ ပြောပါရစေ။ အတူပါတဲ့ သူငယ်ချင်းက ရွှေတောင်ခေါက်ဆွဲမှာတဲ့အတွက် သူ့ဆီက ရွှေတောင်ခေါက်ဆွဲမြည်းကြည့်လိုက်တော့ ရွှေတောင်ခေါက်ဆွဲက မုန့်တီထက်တောင် ပိုကောင်းပါသေးတယ်။ အုန်းနို့ရည်က တကယ့်ကို ချိူချိုမွှေးမွှေးနဲ့ ရွှေတောင်လက်ရာအတိုင်းပါပဲ။

တခြားဘာတွေ ရသေးလဲလို့ တီးခေါက်ကြည့်တော့ ဆီထမင်းနဲ့ အကြော်စုံလေးပါရတယ်ဆိုလို့ မှာလိုက်ပါသေးတယ်။ ကံဆိုးချင်တော့ အကြော်စုံကုန်သွားပြီဆိုတော့ ဆီထမင်းကြီးပဲ စားခဲ့ရတယ်ပေါ့။ ဆီထမင်းလေးလည်း လက်ရာမဆိုးပါဘူး..အိအိလေးပါပဲ။ ဒါပေမယ့် မုန့်တီတို့ ၊ ရွှေတောင်ခေါက်ဆွဲတို့ မစားတတ်တဲ့ သူမျိုးပါရင်စားလို့ ရအောင်ပဲဆိုတော့ အရမ်းကြီးတော့ ဂွတ်ရှယ်မဖြစ်ဘူးဆိုရမှာပေ့ါ။ သူနဲ့ တွဲစားဖို့ မတ်ပဲကြော်ရယ်၊ ဘူးသီးကြော်ရယ် ရတယ်ဆိုပါတယ်။

စားပြီးရင်တော့ သူတို့ဆီမှာ လက်ဖက်ရည်ရော၊ နှပ်ကော်ဖီရော ရတော့ အစားပိတ်လေး ငြိမ့်ရုံပဲ။ လက်ဖက်ရည်အရသာက သောက်ပျော်တဲ့အတွက် မနက်ခင်းကို မုန့်တီကောင်းကောင်းတစ်ပွဲ၊ လက်ဖက်ရည်တစ်ခွက်နဲ့ နှပ်လို့ ရပါတယ်။ သူတို့ဆီက မှာရင် ခုလို ဘူးလေးတွေနဲ့ သပ်သပ်ရပ်ရပ်ထည့်ပေးတဲ့အတွက် ရုံးသမား၊ ကျောင်းသမားတွေ သယ်လို့ ကောင်းမှာပါ။ ဘူးဖိုးတော့ ၂၀၀ ပိုပေးရပါတယ်။

မုန့်ပွဲက တစ်ပွဲကို ၁၅၀၀ ဆိုတဲ့အတွက် မုန့်တီကောင်းကြိုက်တဲ့သူတွေအတွက် စားပျော်ပါတယ်။ Parking နေရာ နည်းနည်းခက်နိုင်ပြီး အဲကွန်းနဲ့ မဟုတ်လို့ ဇိမ်ဆွဲစားချင်သူတွေထက် မနက်စာကောင်းကောင်းကို မြန်မြန်စားချင်သူတွေအတွက် ပိုသင့်တော်မှာပါ။ ဝင်းဝင်းရဲ့ နန်းကြီးသုပ်ကို သိပ်အားမရပေမယ့် ရွှေတောင်ခေါက်ဆွဲလေးတော့ စားကောင်းခဲ့တာမို့ ရွှေတောင်အရသာစစ်စစ်လေးစားချင်တဲ့သူတွေ၊ ဈေးနှုန်းအသင့်အတင့်နဲ့ ဝင်းဝင်းလက်ရာကြိုက်တဲ့သူတွေ၊ စမ်းချောင်းနားနေတဲ့သူတွေ သွားစားကြည့်သင့်တဲ့ဆိုင်လေးပါ။ မနက် ၆ ကနေ ၁၂ အထိပဲ ဖွင့်မှာမို့ မနက်စာကို မုန့်တီကောင်းကောင်းစားချင်သူတွေအတွက် စမ်းချောင်းထဲမှာ ဝင်းဝင်းမုန့်တီ ဆိုင်လေးရှိနေပါပြီလို့။