[Zawgyi]

ကမၻာ႔ဖလားအတြက္ အဂၤလန္အသင္းလူစာရင္းမွာ ေရြးခ်ယ္ခံရသင့္တယ္လုိ႔ ေ၀ဖန္ခဲ့တဲ့ ၀ဲလ္႐ိႈင္းယား Wilshere

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ထုတ္ျပန္ခဲ့တဲ့ အဂၤလန္အသင္းလူစာရင္းမွာ မပါ၀င္ခဲ့တာေၾကာင့္ အာဆင္ နယ္ကြင္းလယ္လူ ၀ဲလ္႐ႈိင္းယား Wilshere ဟာ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ Southgate ကုိ လူမႈကြန္ယက္စာမ်က္ႏွာကေန ေ၀ဖန္ျပစ္တင္မႈ ျပဳလုပ္ခဲ့ပါတယ္။ ေဆာက္ဂိတ္ဟာ အဂၤလန္အသင္းလူစာရင္း မထုတ္ျပန္ခင္ အဂၤါေန႔က ၀ဲလ္႐ိႈင္းယားဆီ ဖုန္းဆက္ၿပီး သူ႔ကုိ ေရြးခ်ယ္မွာ မဟုတ္ဘူးလုိ႔ ႀကိဳတင္အသိေပးခဲ့တာပါ။ ၀ဲလ္႐ႈိင္းယားအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ဒဏ္ရာျပႆနာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ဒဏ္ရာက ျပန္လာၿပီးေနာက္ပုိင္း ဒီရာသီမွာ အာဆင္နယ္အသင္းအတြက္ ပုံမွန္ကစားခြင့္ရခဲ့ၿပီး ေျခစြမ္း ျပကစားႏုိင္ခဲ့ေပမယ့္ ေဆာက္ဂိတ္က သူ႔ကုိ ခ်န္လွပ္ခဲ့တာေၾကာင့္ အံ့အားသင့္စရာျဖစ္ခဲ့ရတယ္။

၀ဲလ္႐ႈိင္းယားဟာ ၿပီးခဲ့တဲ့ ယူ႐ုိ-၂၀၁၆ ၿပိဳင္ပဲြကတည္းက အဂၤလန္အသင္းနဲ႔ေ၀းကြာခဲ့ၿပီး ဒီႏွစ္၊ မတ္လတုန္းက အီတလီ၊ နယ္သာလန္တို႔နဲ႔ကစားခဲ့တဲ့ေျခစမ္းပဲြအတြက္ လူစာရင္းမွာ ေရြးခ်ယ္ခံခဲ့ရေပမယ့္ ပဲြထြက္ ကစားခြင့္ေတာ့ မရခဲ့ဘူး။ ၀ဲလ္႐ိႈင္းယားအေနနဲ႔ လာမယ့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အဂၤလန္အသင္းနဲ႔ အတူ ပါ၀င္ဆင္ႏႊဲဖုိ႔ အားခဲထားေပမယ့္လည္း သူ႔ေမွ်ာ္လင့္ခ်က္က အဆုံးသတ္သြားခဲ့ရပါၿပီ။ ဒါေၾကာင့္ ၀ဲလ္႐ႈိင္းယားက သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ “တကယ္လုိ႔သာ ကၽြန္ေတာ့္ကုိ အခြင့္အေရးေပးရင္ အသင္း အတြက္ အက်ိဳးရွိေအာင္ စြမ္းေဆာင္ႏုိင္မွာပါ။ ဒါေပမဲ့ နည္းျပရဲ႕ဆုံးျဖတ္ခ်က္ကုိ ေလးစားရမွာျဖစ္ၿပီး လာမယ့္ၿပိဳင္ပဲြမွာ အဂၤလန္အသင္း ေအာင္ျမင္မႈရပါေစလုိ႔ ဆုေတာင္းပါတယ္။ ကၽြန္ေတာ္ဟာ အၿမဲတမ္း အဂၤလန္အသင္း ပရိသတ္တစ္ဦးျဖစ္ၿပီး အသင္းက ကစားသမားေတြကုိလည္း အားေပးသြားမွာပါ” လုိ႔ ေရးသားခဲ့သလုိ မိနစ္ပုိင္းအၾကာမွာပဲ” အဂၤလန္ လူစာရငး္မွာ မပါ၀င္ခဲ့တဲ့အတြက္ အရမ္းစိတ္ပ်က္မိပါတယ္။ ဒီတစ္ရာသီလုံး ကၽြန္ေတာ္ဟာ ႀက့ံခုိင္မႈ၊ ေျခစြမ္းပုိင္း အားလုံး ေကာင္းမြန္ခဲ့တာေၾကာင့္ အဂၤလန္အသငး္မွာ ေရြးခ်ယ္ခံခဲ့ရသင့္ပါတယ္” လုိ႔ ေပါက္ကဲြခဲ့ပါတယ္။ ၀ဲလ္႐ႈိင္းယားအတြက္ စိတ္မေကာင္းျဖစ္႐ုံက လဲြၿပီး ဘာမွ မတတ္ႏုိင္ေတာ့ပါဘူး . . .

REF:Daily Mail
Photo: Standard.co.uk
Naing Linn (Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံရသင့်တယ်လို့ ဝေဖန်ခဲ့တဲ့ ဝဲလ်ရှိုင်းယား Wilshere

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ မပါဝင်ခဲ့တာကြောင့် အာဆင် နယ်ကွင်းလယ်လူ ဝဲလ်ရှိုင်းယား Wilshere ဟာ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ် Southgate ကို လူမှုကွန်ယက်စာမျက်နှာကနေ ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းလူစာရင်း မထုတ်ပြန်ခင် အင်္ဂါနေ့က ဝဲလ်ရှိုင်းယားဆီ ဖုန်းဆက်ပြီး သူ့ကို ရွေးချယ်မှာ မဟုတ်ဘူးလို့ ကြိုတင်အသိပေးခဲ့တာပါ။ ဝဲလ်ရှိုင်းယားအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း ဒဏ်ရာက ပြန်လာပြီးနောက်ပိုင်း ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပုံမှန်ကစားခွင့်ရခဲ့ပြီး ခြေစွမ်း ပြကစားနိုင်ခဲ့ပေမယ့် ဆောက်ဂိတ်က သူ့ကို ချန်လှပ်ခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရတယ်။

ဝဲလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲကတည်းက အင်္ဂလန်အသင်းနဲ့ဝေးကွာခဲ့ပြီး ဒီနှစ်၊ မတ်လတုန်းက အီတလီ၊ နယ်သာလန်တို့နဲ့ကစားခဲ့တဲ့ခြေစမ်းပွဲအတွက် လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ပွဲထွက် ကစားခွင့်တော့ မရခဲ့ဘူး။ ဝဲလ်ရှိုင်းယားအနေနဲ့ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ အတူ ပါဝင်ဆင်နွှဲဖို့ အားခဲထားပေမယ့်လည်း သူ့မျှော်လင့်ချက်က အဆုံးသတ်သွားခဲ့ရပါပြီ။ ဒါကြောင့် ဝဲလ်ရှိုင်းယားက သူ့ရဲ့ Twitter စာမျက်နှာမှာ “တကယ်လို့သာ ကျွန်တော့်ကို အခွင့်အရေးပေးရင် အသင်း အတွက် အကျိုးရှိအောင် စွမ်းဆောင်နိုင်မှာပါ။ ဒါပေမဲ့ နည်းပြရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာဖြစ်ပြီး လာမယ့်ပြိုင်ပွဲမှာ အင်္ဂလန်အသင်း အောင်မြင်မှုရပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော်ဟာ အမြဲတမ်း အင်္ဂလန်အသင်း ပရိသတ်တစ်ဦးဖြစ်ပြီး အသင်းက ကစားသမားတွေကိုလည်း အားပေးသွားမှာပါ” လို့ ရေးသားခဲ့သလို မိနစ်ပိုင်းအကြာမှာပဲ” အင်္ဂလန် လူစာရင်းမှာ မပါဝင်ခဲ့တဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်။ ဒီတစ်ရာသီလုံး ကျွန်တော်ဟာ ကြံ့ခိုင်မှု၊ ခြေစွမ်းပိုင်း အားလုံး ကောင်းမွန်ခဲ့တာကြောင့် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရသင့်ပါတယ်” လို့ ပေါက်ကွဲခဲ့ပါတယ်။ ဝဲလ်ရှိုင်းယားအတွက် စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး . . .

REF:Daily Mail
Photo: Standard.co.uk
Naing Linn (Akhayar)
www.akhayar.com