[Zawgyi]

ေငြ ၉၀၀၀ ဝန္းက်င္နဲ႔ သံုးထပ္သားကင္ BBQ အဝတစ္မုန္းစားပစ္မယ္

ေခါင္းစဥ္ၾကည့္ၿပီး စိတ္ဝင္စားသြားၿပီမလား? အဟုတ္ဗ်ား ေငြတေသာင္းမျပည့္တဲ့ ၉၈၀၀ အသားတင္နဲ႔ ဝက္သား သံုးထပ္သားရယ္၊ ဝက္ဂုတ္သားကို ျပန္လွည့္မၾကည့္ခ်င္ေလာက္ေအာင္ အဝတစ္မုန္းႀကီး စားလို႔ရမယ္ဆို….???

ဟိုတေလာက သူငယ္ခ်င္းတစ္ေယာက္က ကိုရီးယားသြားလည္တုန္း ကိုရီးယားကားထဲကလို ဝက္သံုးထပ္သားေတြကို ရွဲခနဲျမည္ေအာင္ အေငြ႕တေထာင္းေထာင္းကင္စားၾကတာ အရသာဘယ္လိုေနလဲ ေမးေတာ့ ျပည္တြင္းက ဝက္သားထက္ ပိုစားေကာင္းၿပီး ျပန္ျပန္စားခ်င္စိတ္ေတာင္ျဖစ္မိသတဲ့။

ကိုရီးယား BBQ ဆိုတာကလည္း သူတို႔႐ုပ္ရွင္ေတြထဲၾကည့္ရံုနဲ႔တင္သားေရက်ၿပီးစားခ်င္လာတာမ်ိဳးေလ။ အသားဆို လတ္ဆတ္ေနတဲ့ အဆီပါးပါးအသားထူထူ သံုးထပ္သားေလးကို အိုးပူပူေပၚကင္၊ မႂကြပ္တႂကြပ္ရဲလာတဲ့အခ်ိန္ေလး ပါးစပ္ထဲထည့္ အသားႂကြပ္ႂကြပ္ကို တဂြ်တ္ဂြ်တ္ျမည္ေအာင္ ဝါးစားရတာ အာဂလွ်ာစည္းစိမ္ပဲမို႔လား?

ဒီေတာ့ကာ ရန္ကုန္က ငါေလးလည္း အားက်မခံ ရန္ကုန္တၿမိဳ႕လံုးေမႊေႏွာက္ရွာၿပီး Korea BBQ စားမဟဲ့ဆိုၿပီး ျပင္တုန္း နာမည္ႀကီးေနတဲ့ ကိုရီးယားလူႀကီးပံုနဲ႔ Willy’s Korea BBQ ဆိုင္ကို မ်က္လံုးထဲျမင္ပါေရာလား။

Willy’s က ၁၉လမ္းထဲမွာတစ္ဆိုင္၊ အင္းစိန္လမ္းမေပၚတစ္ဆိုင္ ၂ဆိုင္ရွိတဲ့ထဲကမွ ရံုးနဲ႔နီးနီးနားနား အင္းစိန္လမ္းမေပၚက ဆိုင္ကို ေဘာ္ဒါတစ္ေယာက္နဲ႔ ၂ေယာက္သြားဆြဲၾကည့္လိုက္တဲ့အခါ…

ဆိုင္အေနအထား

ေတာ္ေတာ္တန္တန္ေလးပဲ အရမ္းက်ယ္တာမဟုတ္သလို အရမ္းလည္း မက်ဥ္းဘူး။ ဆိုင္က ကိုရီးယားက လမ္းေဘးဆိုင္ေတြထဲဝင္ရသလို ဘာ အလွမွမဆင္ထားတဲ့ ခပ္႐ိုး႐ိုးဆိုင္ပဲ။ အေပၚထပ္ေအာက္ထပ္ရွိတယ္။ အေပၚထပ္ကေတာ့ ပို လင္းလင္းခ်င္းခ်င္းျဖစ္တယ္။ ေအးေဆးစားခ်င္ရင္ေတာ့ အေပၚထပ္ေလးက ပိုေကာင္းပါတယ္လို႔။

အဲ့မွာသတိထားမိတာက မီးခိုးစုပ္စက္ေတြက ထင္သေလာက္ မစုပ္ဘူး။ Aircorn ထင္သေလာက္ မေအးဘူး။ စားပြဲေတြက ကပ္ရပ္ေတြဆိုေတာ့ လူမ်ားတဲ့အခ်ိန္ သြားမစားတာ ပိုေျပမယ္ထင္ပါတယ္။ တခါတည္း ကိုယ့္လူေတြအတြက္ လူရွင္းခ်ိန္ေလးေမးခဲ့တာ ေန႔လည္ခင္းခ်ိန္ေတြ လူရွင္းတယ္တဲ့။ ညေနေစာင္းေတာ့ ေရွာင္ဗ်ိဳ႕။

ဘာအစားအစာေတြ ရမွာပါလိမ့္?

Willy’s က ၂မ်ိဳးရ စားေသာက္ဆိုင္ပါ။ ၂မ်ိဳးရဆိုလို႔ ဒီလို။ ဝက္သားကင္အဝစားက်ေတာ့ တစ္ေယာက္ ၉၈၀၀ က်ပ္အၿပီးအစီးနဲ႔ အခ်ိန္မကန္႔သတ္ထားတာရယ္၊ ေနာက္တမ်ိဳးက ကိုရီးယားစာစစ္စစ္ေတြခ်ည္း ပြဲႀကီးပြဲငယ္နဲ႔ တစ္ပြဲ ၄၊ ၅ေထာင္ဝန္းက်င္ A La Carte Menu ရယ္ ၂မ်ိဳးရတယ္။

ဝက္သား BBQ အဝစားစနစ္

ဝက္သားကိုမွ ယိုးဒယားကတင္ပို႔တဲ့ Imported Quality ဝက္ဂုတ္သားနဲ႔ ဝက္သံုးထပ္သားကို အျပားအႀကီးႀကီးေတြ၊အတံုးအႀကီးႀကီးေတြ တံုးေပးထားပါသတဲ့။ အသားမွာ ဝက္ဆိုတဲ့ထဲကမွကို ဝက္သားထဲမယ္ အႏူးညံ့ဆံုး ဆိုတာကလည္း အဆီတစ္ထပ္၊ အသားတစ္ထပ္နဲ႔ စားလိုက္ရင္ လွ်ာထဲရွယ္ၿမိန္တဲ့ သံုးထပ္သားရယ္၊ ဘယ္လိုစားစား ႏူးညံ့တဲ့ ဝက္ဂုတ္သားက အေကာင္းဆံုးဆိုေတာ့ အေကာင္းေတြခ်ည္း Unlimited အဝစား ေပးထားတာနဲ႔တင္ ေတာ္ေတာ္တန္ေနျပီပဲ။

ဝက္ခ်ည္းစားရတာ ႐ိုးမွာ၊ အီမွာေၾကာက္ရင္ေတာ့ ဆိုင္၂ဆိုင္ထဲက အင္းစိန္လမ္းမ ဆိုင္ခြဲကေတာ့ Side Dish ေတြပါအဝစားျပင္ေပးထားေသးသပါ့။

ကိုရီးယားေတြအားရပါးရထမင္းနဲ႔စားတဲ့ ၾကက္ဥပန္ကိတ္၊ ခ်ဥ္စပ္စပ္ကင္ခ်ီဟင္းခ်ိဳ၊ ေရညွိဟင္းခ်ိဳ၊ ဝက္အခ်ိဳသီးစံုေၾကာ္၊ ဝက္သားနဲ႔ေရဘဝဲခ်ဥ္စပ္ေၾကာ္၊ ပဲထမင္း အဲ့လို ဂြတ္ရွယ္ႀကီးေတြ အဝ၊ အဝစားပဲ။

က်န္တာေတြကေတာ့ တမ်ိဳးစီ ဘာစားစား ေတာ္ေတာ္ေလး စားေကာင္းပါရဲ႕။ ေရညွိနဲ႔ကင္ခ်ီဟင္းခ်ိဳကေတာ့ တစ္ခါတည္းခ်က္ၿပီး ဗန္းထဲထည့္ထားေတာ့ ခပ္ေအးေအးႀကီးနဲ႔ ေသာက္လို႔ သိပ္မေကာင္းေတာ့ဘူး။ အရသာကေတာ့ ေကာင္းတယ္ေနာ္။ ဟင္းခ်ိဳေအးေအးႀကီးဆိုေတာ့ ဖီးလ္ငုပ္တာေပါ့။ ဝက္သားနဲ႔ေရဘဝဲမွာလည္း ေရဘဝဲေလးေတြပုန္းေနသလားမွတ္ရ။ မျမင္ခဲ့ရဘူး။ ဝက္သားေတြခ်ည္းပဲ။ စားလို႔ေတာ့ၿမိန္သား။ ထမင္းနဲ႔ဆို ပိုၿမိန္မယ္။

ဘယ္လိုစားၾကမလဲ?

အဓိက မင္းသားအေၾကာင္းခုမွ ေျပာပါရေစ။ ဝက္ဂုတ္သားနဲ႔ သံုးထပ္သားကို အျပည့္ ဗန္းထဲထည့္ထားတာကိုမွ ႀကိဳက္သေလာက္ယူပဲ။ အဲ့အသားဆိုတာေလ အကင္အိုးေပၚတင္လိုက္တာ မီးအားလည္းျပင္းေတာ့ ခနေလးနဲ႔ က်က္တယ္။ ဒီေနရာမွာ ေျပာခ်င္တာက အသားကိုသူေပးထားသလို အျပားႀကီးအတိုင္းမကင္ဘဲ အေရာင္နည္းနည္းရဲလာတာနဲ႔ အတံုးေလးေတြ ညႇပ္ခ်လိုက္ဖို႔ပါ။ အဲ့ဒါမွ အက်က္ပိုျမန္မွာေနာ္။

ကဲ…အသားေလးေတြ တစီစီနဲ႔ အဆီေတြထြက္ၿပီး က်က္ၿပီဆို ဆလတ္ရြက္ေလးေတြေပၚတင္ သူ႕ဆိုင္က ရွယ္ေကာင္းတဲ့ကင္ခ်ီဖတ္ေလးခပ္မ်ားမ်ားလိပ္ထည့္၊ ပဲငါးပိေလး ပါေလကာထည့္၊ ၾကက္သြန္ျဖဴျခမ္းေလး၊ င႐ုတ္သီးစိမ္းျခမ္းေလးထည့္၊ လိပ္ခ်လိုက္၊ ၿပီးရင္ အဲ့ပလုပ္ပေလာင္းႀကီးကို ပါးစပ္ထဲၿဖဲၿပီးထည့္၊ တဂြ်မ္းဂြ်မ္းျမည္ေအာင္ဝါး၊ အစားေကာင္းစားေနရတဲ့အခါ သီးသန္႔ရတဲ့ စိတ္ေက်နပ္မႈေတြ၊ ေပ်ာ္ရႊင္မႈဂလင္းေတြပြင့္ထြက္လာတာမ်ားဗ်ာ။ စားရင္း၊ ဝါးရင္း ေက်နပ္စရာပါ။

အဓိကက ဝက္ရဲ႕အသားကိုက ဘာေဆာ့စ္မွ နယ္စရာမလိုဘဲကို ေတာ္ေတာ္စားေကာင္းတာမ်ိဳးဗ်။ အသားနံ့ နံတာဘာညာရယ္လည္းမရွိ၊ ကင္ေနတုန္းသူတို႔ခ်ေပးတဲ့ ႏွမ္းဆီေလးမ်ားသုတ္သုတ္ၿပီးစား သူ႔ခ်ည္းတင္စားေကာင္းေနတာ။

စိတ္ေက်နပ္စရာအေသးအမႊားေလးမ်ား

ရန္ကုန္မွာ လူတိုင္းနီးပါးေတာ္ေတာ္ႀကိဳက္ၾကတဲ့ နာမည္ႀကီးဆိုင္က ဝက္သားဆလတ္တစ္ပြဲ ၅၀၀၀ တန္မွာေတာင္ ဆလတ္ရြက္ဆိုတာမ်ိဳးက လိုရင္ထပ္ဝယ္ရတဲ့အေျခအေနမ်ိဳးမွာ Willy’s က ဘာယူယူ ကင္ခ်ီ၊ ဆလတ္ရြက္ အကုန္အစံု Free Flow Unlimited ပဲဆိုေတာ့ စိတ္ခ်မ္းသာရတယ္။ စားရေသာက္ရတာ အကန္႔အသတ္ေတြနဲ႔ဆို သိပ္ဆန္႔ငင္ဆန္႔ငင္ျဖစ္ရတာ အစားသမားေတြအခ်င္းခ်င္းပဲ သိတာကိုး။

မကုန္ႏ္ိုင္ဘဲေတာ့ မနိုင္မနင္းအမ်ားၾကီး မယူနဲ႔ေနာ္။ Food Waste ဆိုတာ သိပ္ႏွေမ်ာစရာေကာင္းတာကလား။

ဪ ၿပီးေတာ့ ဝန္ထမ္းေလးေတြက မအူမလည္ေလးေတြေပမယ့္ ေတာ္ေတာ္ေလးသေဘာေကာင္းၿပီး ဝန္ေဆာင္မႈကေတာ့ စိတ္ခ်မ္းသာစရာေကာင္းခဲ့ပါတယ္။ ေန႔ခင္းလူရွင္းခ်ိန္မို႔လားမသိ လိုတာအကုန္ ျပင္ေပးပါတယ္။ ကိုယ္တိုင္ေတာ့ မကင္ေပးပါဘူး။

စားရင္း စားေကာင္းရင္းကို အရွိန္ထိန္းမိခ်ိန္က် သံုးထပ္သား ၅ျပား၊ ဝက္ဂုတ္သား ၄ျပား ကုန္ၿပီးၿပီ။ လူလည္း ဝါးရတာ အာတေညာင္းပဲ။ ဗိုက္လည္း ေန႔ေစ့လေစ့နီးနီးစူထြက္ေနၿပီ။ ေတာ္ေတာ္ေလးျပည့္လာေတာ့မွ ေငြရွင္းတာ တစ္ေယာက္ ၉၈၀၀ အသားတင္ဆိုေတာ့ တန္တာထက္ကို ဟိုဘက္ကမ္းေရာက္ပါတယ္လို႔ ခံစားမိတဲ့ထိပဲ။

မတန္တာကေတာ့ ေသာက္စရာဘာမွ Free မရွိဘဲ ေရဘူးအေသး ၅၀၀၊ အေအးတဘူး ၅၀၀၊ ၁၀၀၀ ေပးရပါသတဲ့။ ဒါေပမယ့္ ကိုယ္ေတြကလည္း အသားစားရရံုနဲ႔တင္ ေက်နပ္ပီတိ ဂြမ္းဆီထိေနတာကလား။ ေပ်ာ္ေပ်ာ္ႀကီးေပးၿပီး စားခဲ့တယ္ေပါ့ဗ်ာ။

ကဲ….ဒါမ်ိဳးမွ ဗိုက္မကား ဝက္သားမမုန္းသြားရင္ ဘယ္အစားအစာရွိဦးမတုန္း။ အခရာကေတာ့ တစ္ခါစားၿပီး ေနာက္မ်ားလည္း လခထုတ္ရင္ သြားစားဦးမယ့္ဆိုင္ထဲ Willy’s ကိုပါ ထည့္လိုက္ေၾကာင္းပါ။

လိပ္စာနဲ႔ ဖြင့္ခ်ိန္ ပိတ္ခ်ိန္

အစံုအစိစားခ်င္ရင္ေတာ့ အင္းစိန္လမ္းမေပၚ ဦးေရခဲလမ္းကပ္ရက္ အမွတ္ ၉၄၊ ေအာင္ရိပ္သာလမ္း၊ မရမ္းကုန္းၿမိဳ႕နယ္မွာစားေနာ္။

ေန႔ခင္း ၁၂ နာရီကေန ည ၁၁ နာရီထိဖြင့္တယ္တဲ့။ အခ်ိန္မကန္႔သတ္ထားတာနဲ႔တင္ စိတ္ခ်မ္းသာေနပါၿပီေနာ္။

ကဲ…ဝက္တစ္မ်ိဳးတည္းကိုမွ ကိုရီးယားကားေတြထဲကလို ဆလတ္ရြက္ေလးလိပ္ၿပီး တဂြ်မ္းဂြ်မ္းစားခ်င္ရင္ေတာ့ ေစ်းတန္တန္နဲ႔ Willy’s သာသြားဖို႔ ဗိန္းေမာင္းတီးပါရေစဗ်ိဳ႕။

Ratings by Akhayar Food

အရသာ- 4/5
သန္႔ရွင္းမႈ-3.5/5
ေနရာအေနအထား-3/5
ဝန္ေဆာင္မႈ-4/5
ေစ်းႏႈန္း-4/5

[Unicode]

ငွေ ၉၀၀၀ ဝန်းကျင်နဲ့ သုံးထပ်သားကင် BBQ အဝတစ်မုန်းစားပစ်မယ်

ခေါင်းစဉ်ကြည့်ပြီး စိတ်ဝင်စားသွားပြီမလား? အဟုတ်ဗျား ငွေတသောင်းမပြည့်တဲ့ ၉၈၀၀ အသားတင်နဲ့ ဝက်သား သုံးထပ်သားရယ်၊ ဝက်ဂုတ်သားကို ပြန်လှည့်မကြည့်ချင်လောက်အောင် အဝတစ်မုန်းကြီး စားလို့ရမယ်ဆို….???

ဟိုတလောက သူငယ်ချင်းတစ်ယောက်က ကိုရီးယားသွားလည်တုန်း ကိုရီးယားကားထဲကလို ဝက်သုံးထပ်သားတွေကို ရှဲခနဲမြည်အောင် အငွေ့တထောင်းထောင်းကင်စားကြတာ အရသာဘယ်လိုနေလဲ မေးတော့ ပြည်တွင်းက ဝက်သားထက် ပိုစားကောင်းပြီး ပြန်ပြန်စားချင်စိတ်တောင်ဖြစ်မိသတဲ့။

ကိုရီးယား BBQ ဆိုတာကလည်း သူတို့ရုပ်ရှင်တွေထဲကြည့်ရုံနဲ့တင်သားရေကျပြီးစားချင်လာတာမျိုးလေ။ အသားဆို လတ်ဆတ်နေတဲ့ အဆီပါးပါးအသားထူထူ သုံးထပ်သားလေးကို အိုးပူပူပေါ်ကင်၊ မကြွပ်တကြွပ်ရဲလာတဲ့အချိန်လေး ပါးစပ်ထဲထည့် အသားကြွပ်ကြွပ်ကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားရတာ အာဂလျှာစည်းစိမ်ပဲမို့လား?

ဒီတော့ကာ ရန်ကုန်က ငါလေးလည်း အားကျမခံ ရန်ကုန်တမြို့လုံးမွှေနှောက်ရှာပြီး Korea BBQ စားမဟဲ့ဆိုပြီး ပြင်တုန်း နာမည်ကြီးနေတဲ့ ကိုရီးယားလူကြီးပုံနဲ့ Willy’s Korea BBQ ဆိုင်ကို မျက်လုံးထဲမြင်ပါရောလား။

Willy’s က ၁၉လမ်းထဲမှာတစ်ဆိုင်၊ အင်းစိန်လမ်းမပေါ်တစ်ဆိုင် ၂ဆိုင်ရှိတဲ့ထဲကမှ ရုံးနဲ့နီးနီးနားနား အင်းစိန်လမ်းမပေါ်က ဆိုင်ကို ဘော်ဒါတစ်ယောက်နဲ့ ၂ယောက်သွားဆွဲကြည့်လိုက်တဲ့အခါ…

ဆိုင်အနေအထား

တော်တော်တန်တန်လေးပဲ အရမ်းကျယ်တာမဟုတ်သလို အရမ်းလည်း မကျဉ်းဘူး။ ဆိုင်က ကိုရီးယားက လမ်းဘေးဆိုင်တွေထဲဝင်ရသလို ဘာ အလှမှမဆင်ထားတဲ့ ခပ်ရိုးရိုးဆိုင်ပဲ။ အပေါ်ထပ်အောက်ထပ်ရှိတယ်။ အပေါ်ထပ်ကတော့ ပို လင်းလင်းချင်းချင်းဖြစ်တယ်။ အေးဆေးစားချင်ရင်တော့ အပေါ်ထပ်လေးက ပိုကောင်းပါတယ်လို့။

အဲ့မှာသတိထားမိတာက မီးခိုးစုပ်စက်တွေက ထင်သလောက် မစုပ်ဘူး။ Aircorn ထင်သလောက် မအေးဘူး။ စားပွဲတွေက ကပ်ရပ်တွေဆိုတော့ လူများတဲ့အချိန် သွားမစားတာ ပိုပြေမယ်ထင်ပါတယ်။ တခါတည်း ကိုယ့်လူတွေအတွက် လူရှင်းချိန်လေးမေးခဲ့တာ နေ့လည်ခင်းချိန်တွေ လူရှင်းတယ်တဲ့။ ညနေစောင်းတော့ ရှောင်ဗျို့။

ဘာအစားအစာတွေ ရမှာပါလိမ့်?

Willy’s က ၂မျိုးရ စားသောက်ဆိုင်ပါ။ ၂မျိုးရဆိုလို့ ဒီလို။ ဝက်သားကင်အဝစားကျတော့ တစ်ယောက် ၉၈၀၀ ကျပ်အပြီးအစီးနဲ့ အချိန်မကန့်သတ်ထားတာရယ်၊ နောက်တမျိုးက ကိုရီးယားစာစစ်စစ်တွေချည်း ပွဲကြီးပွဲငယ်နဲ့ တစ်ပွဲ ၄၊ ၅ထောင်ဝန်းကျင် A La Carte Menu ရယ် ၂မျိုးရတယ်။

ဝက်သား BBQ အဝစားစနစ်

ဝက်သားကိုမှ ယိုးဒယားကတင်ပို့တဲ့ Imported Quality ဝက်ဂုတ်သားနဲ့ ဝက်သုံးထပ်သားကို အပြားအကြီးကြီးတွေ၊အတုံးအကြီးကြီးတွေ တုံးပေးထားပါသတဲ့။ အသားမှာ ဝက်ဆိုတဲ့ထဲကမှကို ဝက်သားထဲမယ် အနူးညံ့ဆုံး ဆိုတာကလည်း အဆီတစ်ထပ်၊ အသားတစ်ထပ်နဲ့ စားလိုက်ရင် လျှာထဲရှယ်မြိန်တဲ့ သုံးထပ်သားရယ်၊ ဘယ်လိုစားစား နူးညံ့တဲ့ ဝက်ဂုတ်သားက အကောင်းဆုံးဆိုတော့ အကောင်းတွေချည်း Unlimited အဝစား ပေးထားတာနဲ့တင် တော်တော်တန်နေပြီပဲ။

ဝက်ချည်းစားရတာ ရိုးမှာ၊ အီမှာကြောက်ရင်တော့ ဆိုင်၂ဆိုင်ထဲက အင်းစိန်လမ်းမ ဆိုင်ခွဲကတော့ Side Dish တွေပါအဝစားပြင်ပေးထားသေးသပါ့။

ကိုရီးယားတွေအားရပါးရထမင်းနဲ့စားတဲ့ ကြက်ဥပန်ကိတ်၊ ချဉ်စပ်စပ်ကင်ချီဟင်းချို၊ ရေညှိဟင်းချို၊ ဝက်အချိုသီးစုံကြော်၊ ဝက်သားနဲ့ရေဘဝဲချဉ်စပ်ကြော်၊ ပဲထမင်း အဲ့လို ဂွတ်ရှယ်ကြီးတွေ အဝ၊ အဝစားပဲ။

ကျန်တာတွေကတော့ တမျိုးစီ ဘာစားစား တော်တော်လေး စားကောင်းပါရဲ့။ ရေညှိနဲ့ကင်ချီဟင်းချိုကတော့ တစ်ခါတည်းချက်ပြီး ဗန်းထဲထည့်ထားတော့ ခပ်အေးအေးကြီးနဲ့ သောက်လို့ သိပ်မကောင်းတော့ဘူး။ အရသာကတော့ ကောင်းတယ်နော်။ ဟင်းချိုအေးအေးကြီးဆိုတော့ ဖီးလ်ငုပ်တာပေါ့။ ဝက်သားနဲ့ရေဘဝဲမှာလည်း ရေဘဝဲလေးတွေပုန်းနေသလားမှတ်ရ။ မမြင်ခဲ့ရဘူး။ ဝက်သားတွေချည်းပဲ။ စားလို့တော့မြိန်သား။ ထမင်းနဲ့ဆို ပိုမြိန်မယ်။

ဘယ်လိုစားကြမလဲ?

အဓိက မင်းသားအကြောင်းခုမှ ပြောပါရစေ။ ဝက်ဂုတ်သားနဲ့ သုံးထပ်သားကို အပြည့် ဗန်းထဲထည့်ထားတာကိုမှ ကြိုက်သလောက်ယူပဲ။ အဲ့အသားဆိုတာလေ အကင်အိုးပေါ်တင်လိုက်တာ မီးအားလည်းပြင်းတော့ ခနလေးနဲ့ ကျက်တယ်။ ဒီနေရာမှာ ပြောချင်တာက အသားကိုသူပေးထားသလို အပြားကြီးအတိုင်းမကင်ဘဲ အရောင်နည်းနည်းရဲလာတာနဲ့ အတုံးလေးတွေ ညှပ်ချလိုက်ဖို့ပါ။ အဲ့ဒါမှ အကျက်ပိုမြန်မှာနော်။

ကဲ…အသားလေးတွေ တစီစီနဲ့ အဆီတွေထွက်ပြီး ကျက်ပြီဆို ဆလတ်ရွက်လေးတွေပေါ်တင် သူ့ဆိုင်က ရှယ်ကောင်းတဲ့ကင်ချီဖတ်လေးခပ်များများလိပ်ထည့်၊ ပဲငါးပိလေး ပါလေကာထည့်၊ ကြက်သွန်ဖြူခြမ်းလေး၊ ငရုတ်သီးစိမ်းခြမ်းလေးထည့်၊ လိပ်ချလိုက်၊ ပြီးရင် အဲ့ပလုပ်ပလောင်းကြီးကို ပါးစပ်ထဲဖြဲပြီးထည့်၊ တဂျွမ်းဂျွမ်းမြည်အောင်ဝါး၊ အစားကောင်းစားနေရတဲ့အခါ သီးသန့်ရတဲ့ စိတ်ကျေနပ်မှုတွေ၊ ပျော်ရွှင်မှုဂလင်းတွေပွင့်ထွက်လာတာများဗျာ။ စားရင်း၊ ဝါးရင်း ကျေနပ်စရာပါ။

အဓိကက ဝက်ရဲ့အသားကိုက ဘာဆော့စ်မှ နယ်စရာမလိုဘဲကို တော်တော်စားကောင်းတာမျိုးဗျ။ အသားနံ့ နံတာဘာညာရယ်လည်းမရှိ၊ ကင်နေတုန်းသူတို့ချပေးတဲ့ နှမ်းဆီလေးများသုတ်သုတ်ပြီးစား သူ့ချည်းတင်စားကောင်းနေတာ။

စိတ်ကျေနပ်စရာအသေးအမွှားလေးများ

ရန်ကုန်မှာ လူတိုင်းနီးပါးတော်တော်ကြိုက်ကြတဲ့ နာမည်ကြီးဆိုင်က ဝက်သားဆလတ်တစ်ပွဲ ၅၀၀၀ တန်မှာတောင် ဆလတ်ရွက်ဆိုတာမျိုးက လိုရင်ထပ်ဝယ်ရတဲ့အခြေအနေမျိုးမှာ Willy’s က ဘာယူယူ ကင်ချီ၊ ဆလတ်ရွက် အကုန်အစုံ Free Flow Unlimited ပဲဆိုတော့ စိတ်ချမ်းသာရတယ်။ စားရသောက်ရတာ အကန့်အသတ်တွေနဲ့ဆို သိပ်ဆန့်ငင်ဆန့်ငင်ဖြစ်ရတာ အစားသမားတွေအချင်းချင်းပဲ သိတာကိုး။

မကုန်နိုင်ဘဲတော့ မနိုင်မနင်းအများကြီး မယူနဲ့နော်။ Food Waste ဆိုတာ သိပ်နှမျောစရာကောင်းတာကလား။

ဪ ပြီးတော့ ဝန်ထမ်းလေးတွေက မအူမလည်လေးတွေပေမယ့် တော်တော်လေးသဘောကောင်းပြီး ဝန်ဆောင်မှုကတော့ စိတ်ချမ်းသာစရာကောင်းခဲ့ပါတယ်။ နေ့ခင်းလူရှင်းချိန်မို့လားမသိ လိုတာအကုန် ပြင်ပေးပါတယ်။ ကိုယ်တိုင်တော့ မကင်ပေးပါဘူး။

စားရင်း စားကောင်းရင်းကို အရှိန်ထိန်းမိချိန်ကျ သုံးထပ်သား ၅ပြား၊ ဝက်ဂုတ်သား ၄ပြား ကုန်ပြီးပြီ။ လူလည်း ဝါးရတာ အာတညောင်းပဲ။ ဗိုက်လည်း နေ့စေ့လစေ့နီးနီးစူထွက်နေပြီ။ တော်တော်လေးပြည့်လာတော့မှ ငွေရှင်းတာ တစ်ယောက် ၉၈၀၀ အသားတင်ဆိုတော့ တန်တာထက်ကို ဟိုဘက်ကမ်းရောက်ပါတယ်လို့ ခံစားမိတဲ့ထိပဲ။

မတန်တာကတော့ သောက်စရာဘာမှ Free မရှိဘဲ ရေဘူးအသေး ၅၀၀၊ အအေးတဘူး ၅၀၀၊ ၁၀၀၀ ပေးရပါသတဲ့။ ဒါပေမယ့် ကိုယ်တွေကလည်း အသားစားရရုံနဲ့တင် ကျေနပ်ပီတိ ဂွမ်းဆီထိနေတာကလား။ ပျော်ပျော်ကြီးပေးပြီး စားခဲ့တယ်ပေါ့ဗျာ။

ကဲ….ဒါမျိုးမှ ဗိုက်မကား ဝက်သားမမုန်းသွားရင် ဘယ်အစားအစာရှိဦးမတုန်း။ အခရာကတော့ တစ်ခါစားပြီး နောက်များလည်း လခထုတ်ရင် သွားစားဦးမယ့်ဆိုင်ထဲ Willy’s ကိုပါ ထည့်လိုက်ကြောင်းပါ။

လိပ်စာနဲ့ ဖွင့်ချိန် ပိတ်ချိန်

အစုံအစိစားချင်ရင်တော့ အင်းစိန်လမ်းမပေါ် ဦးရေခဲလမ်းကပ်ရက် အမှတ် ၉၄၊ အောင်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်မှာစားနော်။

နေ့ခင်း ၁၂ နာရီကနေ ည ၁၁ နာရီထိဖွင့်တယ်တဲ့။ အချိန်မကန့်သတ်ထားတာနဲ့တင် စိတ်ချမ်းသာနေပါပြီနော်။

ကဲ…ဝက်တစ်မျိုးတည်းကိုမှ ကိုရီးယားကားတွေထဲကလို ဆလတ်ရွက်လေးလိပ်ပြီး တဂျွမ်းဂျွမ်းစားချင်ရင်တော့ ဈေးတန်တန်နဲ့ Willy’s သာသွားဖို့ ဗိန်းမောင်းတီးပါရစေဗျို့။

Ratings by Akhayar Food

အရသာ- 4/5
သန့်ရှင်းမှု-3.5/5
နေရာအနေအထား-3/5
ဝန်ဆောင်မှု-4/5
ဈေးနှုန်း-4/5