[Zawgyi]

ျဗိတိန္မင္းသားဝီလ်ံနဲ႔ ကိတ္တို႔ရဲ့ တတိယေျမာက္ရင္ေသြးေလးကို နာမည္ေပးလိုက္ျပီ

ျဗိတိန္ေတာ္ဝင္မင္းသားဝီလ်ံရဲ့ ၾကင္ရာေတာ္၊ ကိန္းဘရစ္ခ်္ျမိဳ႕စားကေတာ္ ကိတ္မစ္ဒယ္တန္ဟာ တတိယေျမာက္ရင္ေသြးေလးအျဖစ္ သားေလးတစ္ေယာက္ကို ဧျပီလ ၂၃ ရက္၊ တနလာၤေန႔ (St. George Day’s) မနက္ ၁၁:၀၁ မွာ ေမြးဖြားသန္႔စင္ေပးခဲ့ပါတယ္။ ကေလးေလးရဲ့ နာမည္ကိုေတာ့ ဧျပီလ ၂၇ ရက္ေန႔မွာ အမည္ေပးခဲ့ၾကျပီး “Louis Arthur Charles” လို႔ ေခၚဆိုခဲ့ပါတယ္။

ဒီကေလးေလးကို နာမည္ေပးကင္ပြန္းတပ္ဖို႔အရာမွာ ျပည္သူေတြဆီကေရာ၊ တခ်ိဳ႕ေလာင္းကစားဒုိင္ေတြဆီကပါ ဘယ္လို နာမည္မ်ိဳး ျဖစ္ႏုိင္မလဲလို႔ ခန္႔မွန္းခ်က္ေတြ အမ်ိဳးမ်ိဳး ထြက္ခဲ့ၾကျပီး “Albert” လို႔ ေခၚဆုိမယ္လို႔လည္း ထင္ခဲ့ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ Albert ဆိုတာ လက္ရွိ အဲလစ္ဇဘတ္ဘုရင္မၾကီး(Queen Elizabeth II)ရဲ့ အေဖ King George VI ရဲ့ နာမည္ “Albert Frederick Arthur George” ကုိ ယူထားလို႔ပါပဲ။

ဝီလ်ံရဲ့ ၾကင္ရာေတာ္ ကိတ္မစ္ဒယ္တန္ဟာ ကိန္းဘရစ္ၿမိဳ႕စား ဝီလ်ံနဲ႔ ၂ဝ၁ဝခုႏွစ္ ႏုိဝင္ဘာလ ၁၆ရက္ေန႔မွာ ေစ့စပ္ခဲ့ၿပီး ၂ဝ၁၁ခုႏွစ္ ဧၿပီ ၂၉ရက္ေန႔မွာ လက္ထပ္ခဲ့ပါတယ္။ ၂ဝ၁၂ခုႏွစ္ ဒီဇင္ဘာလ ၃ရက္မွာ ကိတ္မစ္ဒယ္တန္ဟာ ပထမဆုံးရင္ေသြးကုိ လြယ္ထားရၿပီလုိ႔ တရားဝင္ေၾကညာခဲ့ၿပီး ၂ဝ၁၃ခုႏွစ္ ဇူလုိင္လ ၂၂ရက္ေန႔မွာ မင္သားငယ္ ေဂ်ာ့ (Prince George) ကုိ ဖြားျမင္ခဲ့ပါတယ္။ ၂ဝ၁၄ခုႏွစ္ စက္တင္ဘာလ ၈ရက္ေန႔မွာ ကိတ္မစ္ဒယ္တန္ဟာ ဒုတိယေျမာက္ ရင္ေသြးလြယ္ထားရၿပီလုိ႔ ေတာ္ဝင္မိသားစုက ေၾကညာခဲ့ၿပီး ၂ဝ၁၅ခုႏွစ္ ေမလ၂ရက္ေန႔မွာ မင္းသမီးငယ္ ခ်ားေလာ့ (Princess Charlotte) ကုိ ဖြားျမင္ခဲ့ပါတယ္။ အခုအခ်ိန္မွာ မင္းသားငယ္ေဂ်ာ့ဟာ ၄ႏွစ္အရြယ္ရွိၿပီး မင္းသမီးငယ္ ခ်ားေလာ့ဟာ ၂ႏွစ္အရြယ္ရွိေနပါၿပီ။

ပထမေမြးဖြားတဲ့ ကေလးႏွစ္ေယာက္ကို ေမြးျပီး ၂ ရက္အၾကာမွာ နာမည္ေပးခဲ့ေပမယ့္ ဒီတစ္ေခါက္ “Louis” ေလး အလွည့္မွာေတာ့ ၄ရက္အၾကာမွ နာမည္ေပးခဲ့တာ ျဖစ္ပါတယ္။ “Louis Arthur Charles” ဆိုတဲ့ နာမည္ဟာလည္း King George VI ရဲ့ နာမည္ Arthur ကိုေတာ့ ပါေအာင္ ထည့္မွည့္ထားတာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : Bloomberg.com
[Unicode]

ဗြိတိန်မင်းသားဝီလျံနဲ့ ကိတ်တို့ရဲ့ တတိယမြောက်ရင်သွေးလေးကို နာမည်ပေးလိုက်ပြီ

ဗြိတိန်တော်ဝင်မင်းသားဝီလျံရဲ့ ကြင်ရာတော်၊ ကိန်းဘရစ်ချ်မြို့စားကတော် ကိတ်မစ်ဒယ်တန်ဟာ တတိယမြောက်ရင်သွေးလေးအဖြစ် သားလေးတစ်ယောက်ကို ဧပြီလ ၂၃ ရက်၊ တနလာၤနေ့ (St. George Day’s) မနက် ၁၁:၀၁ မှာ မွေးဖွားသန့်စင်ပေးခဲ့ပါတယ်။ ကလေးလေးရဲ့ နာမည်ကိုတော့ ဧပြီလ ၂၇ ရက်နေ့မှာ အမည်ပေးခဲ့ကြပြီး “Louis Arthur Charles” လို့ ခေါ်ဆိုခဲ့ပါတယ်။

ဒီကလေးလေးကို နာမည်ပေးကင်ပွန်းတပ်ဖို့အရာမှာ ပြည်သူတွေဆီကရော၊ တချို့လောင်းကစားဒိုင်တွေဆီကပါ ဘယ်လို နာမည်မျိုး ဖြစ်နိုင်မလဲလို့ ခန့်မှန်းချက်တွေ အမျိုးမျိုး ထွက်ခဲ့ကြပြီး “Albert” လို့ ခေါ်ဆိုမယ်လို့လည်း ထင်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ Albert ဆိုတာ လက်ရှိ အဲလစ်ဇဘတ်ဘုရင်မကြီး(Queen Elizabeth II)ရဲ့ အဖေ King George VI ရဲ့ နာမည် “Albert Frederick Arthur George” ကို ယူထားလို့ပါပဲ။

ဝီလျံရဲ့ ကြင်ရာတော် ကိတ်မစ်ဒယ်တန်ဟာ ကိန်းဘရစ်မြို့စား ဝီလျံနဲ့ ၂ဝ၁ဝခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့မှာ စေ့စပ်ခဲ့ပြီး ၂ဝ၁၁ခုနှစ် ဧပြီ ၂၉ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ ၂ဝ၁၂ခုနှစ် ဒီဇင်ဘာလ ၃ရက်မှာ ကိတ်မစ်ဒယ်တန်ဟာ ပထမဆုံးရင်သွေးကို လွယ်ထားရပြီလို့ တရားဝင်ကြေညာခဲ့ပြီး ၂ဝ၁၃ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့မှာ မင်သားငယ် ဂျော့ (Prince George) ကို ဖွားမြင်ခဲ့ပါတယ်။ ၂ဝ၁၄ခုနှစ် စက်တင်ဘာလ ၈ရက်နေ့မှာ ကိတ်မစ်ဒယ်တန်ဟာ ဒုတိယမြောက် ရင်သွေးလွယ်ထားရပြီလို့ တော်ဝင်မိသားစုက ကြေညာခဲ့ပြီး ၂ဝ၁၅ခုနှစ် မေလ၂ရက်နေ့မှာ မင်းသမီးငယ် ချားလော့ (Princess Charlotte) ကို ဖွားမြင်ခဲ့ပါတယ်။ အခုအချိန်မှာ မင်းသားငယ်ဂျော့ဟာ ၄နှစ်အရွယ်ရှိပြီး မင်းသမီးငယ် ချားလော့ဟာ ၂နှစ်အရွယ်ရှိနေပါပြီ။

ပထမမွေးဖွားတဲ့ ကလေးနှစ်ယောက်ကို မွေးပြီး ၂ ရက်အကြာမှာ နာမည်ပေးခဲ့ပေမယ့် ဒီတစ်ခေါက် “Louis” လေး အလှည့်မှာတော့ ၄ရက်အကြာမှ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ “Louis Arthur Charles” ဆိုတဲ့ နာမည်ဟာလည်း King George VI ရဲ့ နာမည် Arthur ကိုတော့ ပါအောင် ထည့်မှည့်ထားတာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : Bloomberg.com