[Zawgyi] 

သင္အျပင္သြားရင္သယ္သြားျဖစ္တဲ့ ပစၥည္းေတြက သံုးေလးခုထက္ ပိုမွာမဟုတ္ပါဘူး။ သင့္ပိုက္ဆံအိတ္၊ သင့္ဖုန္း၊ သင့္အိမ္ေသာ့ နဲ႔ သင့္ကားေသာ့ အဲ့တာေတြေလာက္ပဲ ရွိမွာပါ။ အိမ္အျပင္ထြက္တိုင္း ပိုက္ဆံအိတ္မသယ္ခ်င္ဘူးဆိုရင္ေတာင္ Credit Card ဒါမွမဟုတ္ သင့္ဖုန္္းနဲ႔ သင့္ရဲဲ႕ ေသာ့ေတြပဲပါလာရင္ရတဲ့ အေျခအေနကိုေရာက္ေနပါၿပီ။ 

Audi App For Phones

လက္ရွိ ကားထုတ္လုပ္ေနတဲ့ကုမၸဏီေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ တန္ဖိုးႀကီး ဇိမ္ခံကားေတြကို ေသာ့မလိုပဲေမာင္းႏွင္အသံုးျပဳႏိုင္ေအာင္ ဖန္တီးေပးလာၾကပါၿပီ။ သင့္ဆီမွာ ေသာ့အစား၊ Credit Card အရြယ္ Key Card တစ္ခု ဒါမွမဟုတ္ သင့္ဖုန္းထဲမွာ ထည့္ထားရတဲ့ App ကို သင့္ကားနဲ႔ ခ်ိတ္ၿပီးရင္ သင္ကားေသာ့ကိုင္စရာမလိုဘဲ ကားကိုအသံုးျပဳေမာင္းႏွင္ႏိုင္ပါၿပီ။ ဒါေပမယ့္ ကားေတြေတာ္ေတာ္မ်ားမ်ားမွာေတာ့ ကားေသာ့ဆိုတာ အခုထိရွိေနတုန္းပါ။ အဲ့ဒီကားေသာ့ေတြအစား လူတိုင္းနီးပါးအသံုးျပဳေနတဲ့ စမတ္ဖုန္းေတြနဲ႔အစားထိုးသြားဖို႔ ကားထုတ္လုပ္သူေတြနဲ႔ စမတ္ဖုန္းကုမၸဏီေတြ မၾကာခင္ပူးေပါင္းေတာ့မွာပါ။ 

Unlock With Your Phone

Apple ၊ Samsung ၊ LG စတဲ့ ဖုန္းကုမၸဏီေတြနဲ႔ Audi ၊ Volkswagen ၊ GM နဲ႔ Hyundai စတဲ့ ကားကုမၸဏီေတြအတူ ပူးေပါင္းၾကမွာျဖစ္တယ္လို႔ သတင္းထြက္ထားပါတယ္။ လက္ရွိအသံုးျပဳဖို႔ ရာထားတဲ့ နည္းပညာကေတာ့ NFC ပဲျဖစ္ပါတယ္။ Digital Key Release 1.0 ဆိုတဲ့ နာမည္နဲ႔ နည္းပညာတစ္ခုကို လက္ရွိစမ္းသပ္ေနၿပီး ကားေတြနဲ႔ခ်ိတ္ဆက္ဖို႔ကိုေတာ့ ဖုန္းေတြမွာပါတဲ့ နည္းပညာျမင့္ NFC Chip ေတြကို အသံုးျပဳသြားမွာျဖစ္ပါတယ္။ မၾကာခင္မွာ ကားေတာ္ေတာ္မ်ားမ်ား ေသာ့ကိုင္စရာမလိုဘဲ သင့္ဖုန္းကို ေသာ့အေနနဲ႔အသံုးျပဳၿပီး ေမာင္းႏွင္ႏိုင္ေတာ့မွာပဲ ျဖစ္ပါတယ္။ 

Ref: BGR

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

သင့်လက်ထဲက စမတ်ဖုန်းက ကားသော့တွေကို အစားထိုးတော့မှာလား

သင်အပြင်သွားရင်သယ်သွားဖြစ်တဲ့ ပစ္စည်းတွေက သုံးလေးခုထက် ပိုမှာမဟုတ်ပါဘူး။ သင့်ပိုက်ဆံအိတ်၊ သင့်ဖုန်း၊ သင့်အိမ်သော့ နဲ့ သင့်ကားသော့ အဲ့တာတွေလောက်ပဲ ရှိမှာပါ။ အိမ်အပြင်ထွက်တိုင်း ပိုက်ဆံအိတ်မသယ်ချင်ဘူးဆိုရင်တောင် Credit Card ဒါမှမဟုတ် သင့်ဖုန်းနဲ့ သင့်ရဲ့ သော့တွေပဲပါလာရင်ရတဲ့ အခြေအနေကိုရောက်နေပါပြီ။ 

Audi App For Phones

လက်ရှိ ကားထုတ်လုပ်နေတဲ့ကုမ္ပဏီတော်တော်များများက သူတို့ရဲ့ တန်ဖိုးကြီး ဇိမ်ခံကားတွေကို သော့မလိုပဲမောင်းနှင်အသုံးပြုနိုင်အောင် ဖန်တီးပေးလာကြပါပြီ။ သင့်ဆီမှာ သော့အစား၊ Credit Card အရွယ် Key Card တစ်ခု ဒါမှမဟုတ် သင့်ဖုန်းထဲမှာ ထည့်ထားရတဲ့ App ကို သင့်ကားနဲ့ ချိတ်ပြီးရင် သင်ကားသော့ကိုင်စရာမလိုဘဲ ကားကိုအသုံးပြုမောင်းနှင်နိုင်ပါပြီ။ ဒါပေမယ့် ကားတွေတော်တော်များများမှာတော့ ကားသော့ဆိုတာ အခုထိရှိနေတုန်းပါ။ အဲ့ဒီကားသော့တွေအစား လူတိုင်းနီးပါးအသုံးပြုနေတဲ့ စမတ်ဖုန်းတွေနဲ့အစားထိုးသွားဖို့ ကားထုတ်လုပ်သူတွေနဲ့ စမတ်ဖုန်းကုမ္ပဏီတွေ မကြာခင်ပူးပေါင်းတော့မှာပါ။ 

Unlock With Your Phone

Apple ၊ Samsung ၊ LG စတဲ့ ဖုန်းကုမ္ပဏီတွေနဲ့ Audi ၊ Volkswagen ၊ GM နဲ့ Hyundai စတဲ့ ကားကုမ္ပဏီတွေအတူ ပူးပေါင်းကြမှာဖြစ်တယ်လို့ သတင်းထွက်ထားပါတယ်။ လက်ရှိအသုံးပြုဖို့ ရာထားတဲ့ နည်းပညာကတော့ NFC ပဲဖြစ်ပါတယ်။ Digital Key Release 1.0 ဆိုတဲ့ နာမည်နဲ့ နည်းပညာတစ်ခုကို လက်ရှိစမ်းသပ်နေပြီး ကားတွေနဲ့ချိတ်ဆက်ဖို့ကိုတော့ ဖုန်းတွေမှာပါတဲ့ နည်းပညာမြင့် NFC Chip တွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ မကြာခင်မှာ ကားတော်တော်များများ သော့ကိုင်စရာမလိုဘဲ သင့်ဖုန်းကို သော့အနေနဲ့အသုံးပြုပြီး မောင်းနှင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ 

Ref: BGR

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။