This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဒီႏွစ္ Ballon d’Or ဆုအတြက္ ပုိင္ရွင္သစ္ ထြက္ေပၚလာမလား

ၿပီးခဲ့တဲ့ (၁၀)စုႏွစ္တစ္ခုအတြင္း စီေရာ္နယ္လ္ဒုိ C Ronaldo ၊ မက္ဆီ Messi တို႔သာ လႊမ္းမုိးထားတဲ့ Ballon d’Or ဆုက ဒီႏွစ္မွာ သူတို႔ႏွစ္ဦးမဟုတ္ဘဲ ပုိင္ရွင္သစ္ထြက္ေပၚလာမလားဆုိတာ စိတ္၀င္စားစရာေကာင္းေနတယ္။ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီတို႔ဟာ ၿပီးခဲ့တဲ့(၁၀)ႏွစ္အတြင္း Ballon d’Or ဆုကုိ သူတစ္ျပန္ ကုိယ္တစ္ျပန္ရယူခဲ့ၿပီး တစ္ဦးကုိ (၅)ႀကိမ္စီ ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္ကမၻာ႔ဖလားၿပိဳင္ပဲြမွာ သူတို႔ရဲ႕ ႏုိင္ငံအသင္းေတြျဖစ္ၾကတဲ့ အာဂ်င္တီးနား၊ ေပၚတူဂီတို႔ ႐ႈံးထြက္(၁၆)သင္းအဆင့္ကပဲ ေစာေစာစီးစီး ထြက္ခဲ့ရတာေၾကာင့္ ၂၀၁၈ Ballon d’Or ပုိင္ရွင္အေျပာင္းအလဲျဖစ္မလာဆုိၿပီး ပရိသတ္ေတြက ေစာင့္ၾကေနၾကတာပါ။ ဒီႏွစ္အတြက္ Ballon d’Or ဆုကုိ မက္ဆီနဲ႔စီေရာ္နယ္လ္ဒုိမဟုတ္ဘဲ ဘယ္ကစားသမားက ဆြတ္ခူးႏုိင္မလဲ၊ ဆုရဖုိ႔ အလားအလာအေကာင္းဆုံး ကစားသမားေတြက ဘယ္သူေတြျဖစ္မလဲဆုိတာ Akhayar Sports ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . . .

Neymar

Neymar

ေနမာ Neymar
Ballon d’Or ဆုရဖုိ႔ အလားအလာေကာင္းတဲ့ ကစားသမားစာရင္းမွာ ေနမာ ထိပ္ဆုံးက ေရပန္းစားေနတာက သိပ္ေတာ့မထူးဆန္းပါဘူး။ မက္ဆီ၊ စီေရာ္နယ္လ္ဒုိ ေခတ္လြန္မွာ ကမၻာ႔အေကာင္းဆုံးကစားသမားျဖစ္လာဖုိ႔ ‘တစ္’ေပးခံထားရတဲ့ ေနမာအတြက္လည္း ဂုဏ္သိကၡာျမင့္မားတဲ့ ဒီလုိဆုမ်ိဳးပုိင္ဆုိင္ဖုိ႔ ထုိက္တန္တယ္လုိ႔ပဲ ဆုိရမယ္။ လက္ရွိကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း ဘရာဇီးလ္အသင္းအတြက္ ေျခစြမ္းျပေနၿပီး (၂)ဂုိးသြင္းယူထားသလုိ ကြာတားဖုိင္နယ္အဆင့္ေရာက္ေအာင္ ပုိ႔ေဆာင္ထားတယ္။ အခုေႏြရာသီမွာ ရီးယဲလ္အသင္းကုိ ေရာက္ဖုိ႔ သတင္းေတြထြက္ေနတဲ့ ေနမာအေနနဲ႔ ကမၻာ႔အေကာင္းဆုံးကစားသမားအျဖစ္ ရပ္တည္ႏုိင္ဖုိ႔ ပထမေျခလွမ္းအျဖစ္ Ballon d’Or ဆု ဆြတ္ခူးႏုိင္ဖုိ႔ လုိအပ္ေနပါၿပီ။

Mbappe

Mbappe

ဘာေပ Mbappe
အသက္(၁၉)ႏွစ္သာရွိေသးေပမယ့္လည္း World Class ေျခစြမ္းမ်ိဳးျပသေနတ့ဲ ဘာေပကလည္း Ballon d’Or ဆုကုိ ဆြတ္ခူးဖုိ႔ ထုိက္တန္တဲ့အရည္အေသြးရွိသူပါ။ ပီ႐ူးကုိ (၁-၀)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလား အုပ္စုပဲြမွာ အႏုိင္ဂုိးသြင္းခဲ့ၿပီး ျပင္သစ္အသင္းသမုိင္းတစ္ေလွ်ာက္ ကမၻာ႔ဖလားမွာ အသက္အငယ္ဆုံးဂုိးသြင္းသူ၊ အာဂ်င္တီးနားနဲ႔ပဲြတုန္းက (၂)ဂုိးသြင္းခဲ့တဲ့အတြက္ ဘရာဇီးလ္ဂႏၳ၀င္ ပီလီ Pele (၁၉၅၈ ကမၻာ႔ဖလား)ေနာက္ပုိင္း ကမၻာ႔ဖလားတစ္ပဲြတည္း(၂)ဂုိးသြင္းခဲ့သူ စတဲ့စံခ်ိန္မွတ္တမ္းေကာင္းေတြကုိလည္း ပုိင္ဆုိင္ထားတယ္။ တကယ္လုိ႔ အခုကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပုံစံေကာင္းေတြ ဆက္ျပေနမယ္ဆုိရင္ Ballon d’Or ဆုကုိ အသက္အငယ္ဆုံးဆြတ္ခူးႏုိင္တဲ့သူျဖစ္လာမွာပါ။

Harry-Kane

Harry-Kane

ဟာရီကိန္း Harry Kane
Goal Machine ဟာရီကိန္းရဲ႕ သြင္းဂုိးေတြက ရပ္တန္႔လုိ႔ မရႏုိင္ေလာက္ေအာင္ပဲ။ စပါးအသင္းနဲ႔ ဆုဖလား ေအာင္ျမင္မႈမရေသးေပမယ့္ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပဲြစုံ(၄၁)ဂုိးအထိ သြင္းယူခဲ့တဲ့ စြမ္းေဆာင္ရည္က သူ႔ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္ အေကာင္းဆုံး မွတ္တမ္းတစ္ခုပါ။ အခု ၂၀၁၈ ကမၻာ႔ဖလားမွာလည္း (၅)ဂုိးအထိ သြင္းထားၿပီး ေရႊဖိနပ္ဆုရဖုိ႔ အေျခအေနေကာင္းေနတဲ့ ဟာရီကိန္းအတြက္ အဂၤလန္နာမည္ေက်ာ္တိုက္စစ္မွဴးေဟာင္း မုိက္ကယ္အုိ၀င္ Michael Owen (၂၀၀၁)ေနာက္ပုိင္း Ballon d’Or ဆုကုိ ပထမဆုံးအႀကိမ္ဆြတ္ခူးႏုိင္မယ့္ အဂၤလန္ကစားသမားအျဖစ္ မွတ္တမ္းေရးထုိးဖုိ႔ အသင့္ျဖစ္ေနပါၿပီ။

De-Bruyne

De-Bruyne

ဒီဘ႐ုိင္းနား De Bruyne
ခ်ယ္လ္ဆီးအသင္းရဲ႕ အပယ္ခံဘ၀ကေန ကမၻာ႔အဆင့္တန္း၀င္ကစားသမားအျဖစ္ တက္လွမ္းခဲ့တဲ့ ဒီဘ႐ုိင္းနားရဲ႕ ႀကိဳးစားအားထုတ္မႈက ေလးစားစရာပါ။ ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုဆြတ္ခူးခဲ့တဲ့ေနရာမွာ အဓိက၀င္႐ုိးအျဖစ္ ပါ၀င္ခဲ့တဲ့ ဒီဘ႐ုိင္းနားဟာ အခု ကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း ဘယ္လ္ဂ်ီယံအသင္းရဲ႕ အသက္ေသြးေၾကာအျဖစ္ ေျခစြမ္းျပေနတဲ့သူလည္းျဖစ္ပါတယ္။ Ballon d’Or ဆုကုိ ဘယ္လ္ဂ်ီယံကစားသမားထဲက တစ္ဦးမွ မရဖူးေသးတဲ့ က်ိန္စာဆုိးက ဒီဘ႐ုိင္းနားက ခ်ိဳးျဖတ္ႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။

Salah

Salah

ဆာလာ Salah
ေနမာ၊ ဘာေပ၊ ဟာရီကိန္း၊ ဒီဘ႐ုိင္းနားတို႔လုိ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေျခစြမ္းျပခြင့္ မရွိေတာ့ေပမယ့္လည္း ဆာလာဟာ အုပ္စုတြင္းႏွစ္ပဲြမွာ (၂)ဂုိးသြင္းခဲ့ၿပီး သူ႔ရဲ႕အဆင့္အတန္းကုိ ျပသႏုိင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ လီဗာပူးလ္အသင္းနဲ႔အတူ ေရႊေရာင္ကာလေတြကုိ ျဖတ္သန္းခဲ့တဲ့ ဆာလာဟာ ၿပိဳင္ပဲြစုံ(၅၂)ပဲြမွာ (၄၄)ဂုိးသြင္းၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ ဒုတိယေျမာက္ သြင္းဂုိးအမ်ားဆုံးအျဖစ္ ရပ္တည္ခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆု၊ တစ္ဦးခ်င္းအေကာင္းဆုံးကစားသမားဆုေတြကုိ ဆြတ္ခူးခဲ့တယ္။ တကယ္လုိ႔ လာမယ့္ရာသီသစ္မွာလည္း သူ႔ရဲ႕သြင္းဂုိးစြမ္းရည္ကုိ ဆက္လက္ထိန္းသိမ္းႏုိင္မယ္ဆုိရင္ ဆာလာဟာ Ballon d’Or ဆုကုိ စိန္ေခၚႏုိင္စြမ္းရွိတဲ့ကစားသမားစာရင္းမွာ ေသခ်ာေပါက္ ပါ၀င္ႏုိင္မွာပါ။

Akhayar Sports ပရိသတ္ေတြအေနနဲ႔လည္း ဒီႏွစ္ Ballon d’Or ဆုကုိ ဘယ္သူရမလဲဆုိတာ ကုိယ့္အျမင္ေလးေတြ ေျပာခဲ့ၾကပါလား . . .
REF:Sky Sports
Photo:Getty Images,The Times,The Japan Times,FIFA
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Zawgyi]

ဒီနှစ် Ballon d’Or ဆုအတွက် ပိုင်ရှင်သစ် ထွက်ပေါ်လာမလား

ပြီးခဲ့တဲ့ (၁၀)စုနှစ်တစ်ခုအတွင်း စီရော်နယ်လ်ဒို C Ronaldo ၊ မက်ဆီ Messi တို့သာ လွှမ်းမိုးထားတဲ့ Ballon d’Or ဆုက ဒီနှစ်မှာ သူတို့နှစ်ဦးမဟုတ်ဘဲ ပိုင်ရှင်သစ်ထွက်ပေါ်လာမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ပြီးခဲ့တဲ့(၁၀)နှစ်အတွင်း Ballon d’Or ဆုကို သူတစ်ပြန် ကိုယ်တစ်ပြန်ရယူခဲ့ပြီး တစ်ဦးကို (၅)ကြိမ်စီ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ နိုင်ငံအသင်းတွေဖြစ်ကြတဲ့ အာဂျင်တီးနား၊ ပေါ်တူဂီတို့ ရှုံးထွက်(၁၆)သင်းအဆင့်ကပဲ စောစောစီးစီး ထွက်ခဲ့ရတာကြောင့် ၂၀၁၈ Ballon d’Or ပိုင်ရှင်အပြောင်းအလဲဖြစ်မလာဆိုပြီး ပရိသတ်တွေက စောင့်ကြနေကြတာပါ။ ဒီနှစ်အတွက် Ballon d’Or ဆုကို မက်ဆီနဲ့စီရော်နယ်လ်ဒိုမဟုတ်ဘဲ ဘယ်ကစားသမားက ဆွတ်ခူးနိုင်မလဲ၊ ဆုရဖို့ အလားအလာအကောင်းဆုံး ကစားသမားတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ Akhayar Sports ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . . .

Neymar

Neymar

နေမာ Neymar
Ballon d’Or ဆုရဖို့ အလားအလာကောင်းတဲ့ ကစားသမားစာရင်းမှာ နေမာ ထိပ်ဆုံးက ရေပန်းစားနေတာက သိပ်တော့မထူးဆန်းပါဘူး။ မက်ဆီ၊ စီရော်နယ်လ်ဒို ခေတ်လွန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ ‘တစ်’ပေးခံထားရတဲ့ နေမာအတွက်လည်း ဂုဏ်သိက္ခာမြင့်မားတဲ့ ဒီလိုဆုမျိုးပိုင်ဆိုင်ဖို့ ထိုက်တန်တယ်လို့ပဲ ဆိုရမယ်။ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘရာဇီးလ်အသင်းအတွက် ခြေစွမ်းပြနေပြီး (၂)ဂိုးသွင်းယူထားသလို ကွာတားဖိုင်နယ်အဆင့်ရောက်အောင် ပို့ဆောင်ထားတယ်။ အခုနွေရာသီမှာ ရီးယဲလ်အသင်းကို ရောက်ဖို့ သတင်းတွေထွက်နေတဲ့ နေမာအနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ဖို့ ပထမခြေလှမ်းအဖြစ် Ballon d’Or ဆု ဆွတ်ခူးနိုင်ဖို့ လိုအပ်နေပါပြီ။

Mbappe

Mbappe

ဘာပေ Mbappe
အသက်(၁၉)နှစ်သာရှိသေးပေမယ့်လည်း World Class ခြေစွမ်းမျိုးပြသနေတဲ့ ဘာပေကလည်း Ballon d’Or ဆုကို ဆွတ်ခူးဖို့ ထိုက်တန်တဲ့အရည်အသွေးရှိသူပါ။ ပီရူးကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုပွဲမှာ အနိုင်ဂိုးသွင်းခဲ့ပြီး ပြင်သစ်အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားမှာ အသက်အငယ်ဆုံးဂိုးသွင်းသူ၊ အာဂျင်တီးနားနဲ့ပွဲတုန်းက (၂)ဂိုးသွင်းခဲ့တဲ့အတွက် ဘရာဇီးလ်ဂန္ထဝင် ပီလီ Pele (၁၉၅၈ ကမ္ဘာ့ဖလား)နောက်ပိုင်း ကမ္ဘာ့ဖလားတစ်ပွဲတည်း(၂)ဂိုးသွင်းခဲ့သူ စတဲ့စံချိန်မှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ တကယ်လို့ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုံစံကောင်းတွေ ဆက်ပြနေမယ်ဆိုရင် Ballon d’Or ဆုကို အသက်အငယ်ဆုံးဆွတ်ခူးနိုင်တဲ့သူဖြစ်လာမှာပါ။

Harry-Kane

Harry-Kane

ဟာရီကိန်း Harry Kane
Goal Machine ဟာရီကိန်းရဲ့ သွင်းဂိုးတွေက ရပ်တန့်လို့ မရနိုင်လောက်အောင်ပဲ။ စပါးအသင်းနဲ့ ဆုဖလား အောင်မြင်မှုမရသေးပေမယ့် ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ(၄၁)ဂိုးအထိ သွင်းယူခဲ့တဲ့ စွမ်းဆောင်ရည်က သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး မှတ်တမ်းတစ်ခုပါ။ အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း (၅)ဂိုးအထိ သွင်းထားပြီး ရွှေဖိနပ်ဆုရဖို့ အခြေအနေကောင်းနေတဲ့ ဟာရီကိန်းအတွက် အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် Michael Owen (၂၀၀၁)နောက်ပိုင်း Ballon d’Or ဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်မယ့် အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းရေးထိုးဖို့ အသင့်ဖြစ်နေပါပြီ။

De-Bruyne

De-Bruyne

ဒီဘရိုင်းနား De Bruyne
ချယ်လ်ဆီးအသင်းရဲ့ အပယ်ခံဘဝကနေ ကမ္ဘာ့အဆင့်တန်းဝင်ကစားသမားအဖြစ် တက်လှမ်းခဲ့တဲ့ ဒီဘရိုင်းနားရဲ့ ကြိုးစားအားထုတ်မှုက လေးစားစရာပါ။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးခဲ့တဲ့နေရာမှာ အဓိကဝင်ရိုးအဖြစ် ပါဝင်ခဲ့တဲ့ ဒီဘရိုင်းနားဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘယ်လ်ဂျီယံအသင်းရဲ့ အသက်သွေးကြောအဖြစ် ခြေစွမ်းပြနေတဲ့သူလည်းဖြစ်ပါတယ်။ Ballon d’Or ဆုကို ဘယ်လ်ဂျီယံကစားသမားထဲက တစ်ဦးမှ မရဖူးသေးတဲ့ ကျိန်စာဆိုးက ဒီဘရိုင်းနားက ချိုးဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။

Salah

Salah

ဆာလာ Salah
နေမာ၊ ဘာပေ၊ ဟာရီကိန်း၊ ဒီဘရိုင်းနားတို့လို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခွင့် မရှိတော့ပေမယ့်လည်း ဆာလာဟာ အုပ်စုတွင်းနှစ်ပွဲမှာ (၂)ဂိုးသွင်းခဲ့ပြီး သူ့ရဲ့အဆင့်အတန်းကို ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်အသင်းနဲ့အတူ ရွှေရောင်ကာလတွေကို ဖြတ်သန်းခဲ့တဲ့ ဆာလာဟာ ပြိုင်ပွဲစုံ(၅၂)ပွဲမှာ (၄၄)ဂိုးသွင်းပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ တစ်ဦးချင်းအကောင်းဆုံးကစားသမားဆုတွေကို ဆွတ်ခူးခဲ့တယ်။ တကယ်လို့ လာမယ့်ရာသီသစ်မှာလည်း သူ့ရဲ့သွင်းဂိုးစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းနိုင်မယ်ဆိုရင် ဆာလာဟာ Ballon d’Or ဆုကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ကစားသမားစာရင်းမှာ သေချာပေါက် ပါဝင်နိုင်မှာပါ။

Akhayar Sports ပရိသတ်တွေအနေနဲ့လည်း ဒီနှစ် Ballon d’Or ဆုကို ဘယ်သူရမလဲဆိုတာ ကိုယ့်အမြင်လေးတွေ ပြောခဲ့ကြပါလား . . .
REF:Sky Sports
Photo:Getty Images,The Times,The Japan Times,FIFA
Naing Linn(Akhayar)
www.akhayar.com