Galaxy S9 ကနောက်ဆုံး Galaxy S Series စမတ်ဖုန်းဖြစ်သွားတော့မှာလား?






Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Samsung ရဲ့ Galaxy S Series စမတ်ဖုန်းတွေဟာ အခုဆိုရင် သက်တမ်းအရလည်း ဆယ်စုနှစ်တစ်ခုနီးပါးကို ရှိနေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဒီနှစ်မှာ ထွက်ရှိမယ့် Samsung Galaxy S9 ဟာ နောက်ဆုံးသော Galaxy S Series စမတ်ဖုန်းတစ်ခုဖြစ်သွားတော့မယ့်ပုံပါပဲ။

ဘာဖြစ်လို့လဲဆိုရင်တော့ Samsung ကိုယ်တိုင်ကလည်း Galaxy X ဆိုတဲ့ နာမည်နဲ့ ခေါက်ချိုးနိုင်တဲ့ဖုန်းကို ထုတ်လုပ်ဖို့စီစဉ်နေတာ အချိန်တစ်ခုရှိသွားပြီဖြစ်ပြီးတော့ အခုအချိန်မှာ Samsung ကနေ နောက်နှစ်မှာ ထုတ်လုပ်မယ့် Samsung Galaxy S10 အစား ကိန်းဂဏန်းဖြစ်တဲ့ “10” ကို ရောမစာလုံးဖြစ်တဲ့ “X” နဲ့ အစားထိုးပြီးတော့ Series နာမည်ကိုလည်း “X” အနေနဲ့ ပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် နောက်နှစ်မှာ ထွက်ရှိလာမယ့် Samsung Galaxy S9 ရဲ့ မျိုးဆက်ဟာ “Galaxy X” လို့ပဲ ခေါ်ဆိုမှာဖြစ်ပြီးတော့ နောက်နှစ်တွေမှာတော့ Galaxy X Series အနေနဲ့ ဖြစ်သွားပြီး Galaxy X2 ၊ Galaxy X3 စသဖြင့် ထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။

Samsung ရဲ့ အခုလိုမျိုးနာမည်ပြောင်းလဲဖို့ စဉ်းစားတာက Apple ရဲ့ iPhone X ကို အမှီပြုပြီးတော့ ပြောင်းလဲဖို့စဉ်းစားနေတာဖြစ်နိုင်ပြီး အခုလိုမျိုး Series နာမည်ပါ ပြောင်းလဲတော့မှာဖြစ်တဲ့အတွက် ဒီဇိုင်းပိုင်းပါ ပြောင်းလဲသွားမယ်လို့ ယူဆရပါတယ်။

Samsung ရဲ့ကနေ နာမည်ကြီး Galaxy S Series ကို သတ်ပစ်တော့မယ်ဆိုရင်ရော Akhayar ပရိသတ်ကြီးအနေနဲ့ ဘယ်လိုမျိုးယူဆမိပါသလဲ?

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com