[Zawgyi]

ဖေလာ္ရင္တီႏုိပီရက္ဇ္ရဲ႕ အတၱ၊ မာနေတြၾကားမွာ ရီးယဲလ္အသင္း ဓားစာခံျဖစ္ေတာ့မွာလား

လက္ရွိအခ်ိန္မွာ ဥေရာပထိပ္သီးကလပ္အသင္းေတြအေနနဲ႔ လာမယ့္ရာသီသစ္အတြက္ ကစားသမားသစ္ေတြ ေခၚယူၿပီး ျပင္ဆင္မႈလုပ္ေနခ်ိန္ ရီးယဲလ္အသင္းကေတာ့ ဘယ္လုိအစီအစဥ္ေတြနဲ႔ ရာသီသစ္ကုိ စတင္မလဲဆုိတာကုိေတာင္ တိတိက်က်မသိရေသးပါဘူး။ အသင္းရဲ႕အဓိက ေဒါက္တိုင္ေတြျဖစ္တဲ့ နည္းျပဇီဒန္း Zidane ၊ စီေရာ္နယ္လ္ဒုိ C.Ronaldo တို႔ ထြက္ခြာသြားခ်ိန္မွာ ရီးယဲလ္ လက္ရွိအေနအထားက တပ္ပ်က္ေနသလုိျဖစ္ေနၿပီး အသစ္က ျပန္စရမယ့္အေနထားျဖစ္ေနၿပီ။ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႏွစ္ဆက္ ရယူထားတဲ့ အသင္း၊ လာလီဂါရဲ႕ေအာင္ျမင္မႈအမ်ားဆုံးအသင္း စတဲ့ဂုဏ္ပုဒ္ေတြနဲ႔ ရီးယဲလ္အသင္းဟာ လာမယ့္ရာသီမွာ သူတို႔ရဲ႕အဓိက ၿပိဳင္ဘက္ ဘာစီလုိနာကုိ ေက်ာ္ျဖတ္ႏုိင္ပါ့မလားဆုိတဲ့ သံသယ ေမးခြန္းေတြကလည္း ရီးယဲလ္ ပရိသတ္ေတြ ရင္ထင္မွာ ပဲ့တင္သံထပ္ေနေလာက္ပါၿပီ။

C-Ronaldo-and-Zidane

C-Ronaldo-and-Zidane

တကယ္လုိ႔ ရီးယဲလ္အသင္းသာ လာမယ့္ရာသီမွာ ေအာင္ျမင္မႈမရခဲ့ရင္ အဓိက လက္ညိႇဳးထုိးရမွာက ဥကၠဌ ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez ပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဇီဒန္း၊ စီေရာ္နယ္လ္ဒုိတို႔ရဲ႕ ရီးယဲလ္အသင္းနဲ႔လမ္းခဲြဇာတ္လမ္းမွာ ပီရက္ဇ္က အဓိကေနရာကေန ပါ၀င္ခဲ့လုိ႔ပါ။

Zidane-Perez-and-C.Ronaldo

Zidane-Perez-and-C.Ronaldo

ဇီဒန္းနဲ႔ပီရက္ဇ္တို႔ရဲ႕ အက္ကဲြေၾကာင္းက ကစားသမားအေျပာင္းအေရႊ႕က စတာျဖစ္ပါတယ္။ ပီရက္ဇ္က မန္ယူဂုိးသမား ဒီဂီယာ De Gea ကုိ ေခၚယူလုိတယ္၊ ဇီဒန္းက လက္ရွိဂုိးသမားနာဗတ္စ္ Navas ကုိ ယုံၾကည္မႈရွိလုိ႔ ဒီဂီယာမလုိဘူးဆုိၿပီး ကန္႔ကြက္ခဲ့တယ္။ အဲဒီမွာ ျပႆနာစေတာ့တာပဲ။ ဇီဒန္းက ခ်ယ္လ္ဆီးေတာင္ပံကစားသမား ဟာဇက္ Hazard ကုိ ေခၚဖုိ႔ ေတာင္းဆုိခဲ့ေပမယ့္ ပီရက္ဇ္က သူသေဘာက်တဲ့ ဒီဂီယာကုိ ေခၚယူဖုိ႔ ဇီဒန္းကန္႔ကြက္ခဲ့တဲ့အတြက္ တုံ႔ျပန္တဲ့အေနနဲ႔ No လုိ႔ ျပန္ေျပာခ့ဲတယ္။ ဒီကိစၥဟာ သူတို႔ႏွစ္ေယာက္ၾကားမွာ ေတာ္ေတာ္ေလး တင္းမာမႈေတြ ျဖစ္ခဲ့ၿပီး ဇီဒန္းဟာ ၂၀၁၇-၁၈ ခ်န္ပီယံလိဂ္ဖလားကုိ ရၿပီးၿပီးခ်င္း ရက္ပုိင္းအၾကာမွာပဲ နည္းျပရာထူးက ႐ုတ္တရက္ႏုတ္ထြက္သြားခဲ့တာေၾကာင့္ ရီးယဲလ္ပရိသတ္ေတြကုိယ္တိုင္ နားမလည္ႏုိင္ေအာင္ ျဖစ္ခဲ့ရတယ္။

florentino-perez-and-Zidane

florentino-perez-and-Zidane

ဇီဒန္းနဲ႔ လမ္းခဲြၿပီး (၂)လေလာက္အၾကာမွာပဲ စီေရာ္နယ္လ္ဒိုနဲ႔ ရီးယဲလ္အသင္းတို႔ရဲ႕ ကတၱီပါလမ္းခဲြက စခဲ့ျပန္တယ္။ အမွန္ေတာ့ စီေရာ္နယ္လ္ဒုိရဲ႕ အနာဂတ္သတင္းေတြက ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ထြက္ေနတာပါ။ ရီးယဲလ္ဟာ စီေရာ္နယ္လ္ဒုိကုိ ၂၀၂၁ အထိ စာခ်ဳပ္သက္တမ္းတိုးခဲ့ေပမယ့္ စီေရာ္နယ္လ္ဒုိက ေနာက္ထပ္ စာခ်ဳပ္သက္တမ္းတိုးလုိေနၿပီး လစာလည္း ပုိလုိခ်င္ခဲ့တယ္။ ဒါေပမဲ့ သိတဲ့အတိုင္း ပီရက္ဇ္ဆုိတာက စီးပြားေရးသမားေလ။ စီေရာ္နယ္လ္ဒုိကုိ သက္တမ္းတိုးမယ့္အစား လက္ရွိကမၻာ႔အေကာင္းဆုံးေနရာကုိ တက္လွမ္းဖုိ႔ေျခလွမ္းျပင္ေနတဲ့ ေနမာ၊ ဟာဇက္၊ ဘာေပတို႔ထဲက တစ္ဦးကုိ ေခၚလုိက္မယ္ဆုိရင္ စီေရာ္နယ္လ္ဒုိရဲ႕ေနရာကုိ အစားထုိးႏုိင္မွာျဖစ္သလုိ၊ ေစ်းကြက္အရလည္း သိပ္ၿပီးေတာ့ ထိခုိက္မယ့္အေနအထားမရွိဘူးလုိ႔ တြက္ဆမိပုံပါပဲ။

C-Ronaldo-with-Ballon-dOr

C-Ronaldo-with-Ballon-dOr

ေနာက္ၿပီး ပီရက္ဇ္က စီေရာ္နယ္လ္ဒုိဟာ စာခ်ဳပ္သက္တမ္းကုန္မွ အသင္းနဲ႔လမ္းခဲြမယ္လုိ႔ ယူဆမိတာလည္း ပါပါလိမ့္မယ္။ ဒါေပမဲ့ စီေရာ္နယ္လ္ဒုိက အသင္းက ထြက္ခြာခြင့္ေပးဖုိ႔ ေတာင္းဆုိခဲ့ခ်ိန္မွာ အလြယ္တကူ ခြင့္ျပဳခဲ့တာကေတာ့ ကစားသမားကုိ မေလးစားရာေရာက္တယ္လုိ႔ ထင္မိတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ စီေရာ္နယ္လ္ဒုိလုိ တစ္ရာသီကုိ အနညး္ဆုံးဂုိး(၄၀)ေလာက္သြင္းတဲ့ကစားသမားမ်ိဳး၊ ေစ်းကြက္အရ တန္ဖုိးရွိေနဆဲကစားသမားမ်ိဳး၊ ရီးယဲလ္အသငး္အတြက္ မရွိမျဖစ္ကစားသမားမ်ိဳးကုိ လြယ္လြယ္ကူကူ လက္လႊတ္ခဲ့တာက မွားယြင္းပါတယ္။ စီေရာ္နယ္လ္ဒုိဟာ အသက္(၃၃)ႏွစ္အရြယ္ရွိေနၿပီဆုိတာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ သူ႔ေျခစြမ္းက အေကာင္းဆုံးအေနအထားမွာရွိေနဆဲပဲ။ ဒီလုိကစားသမားမ်ိဳးကုိ ယူ႐ုိသန္း(၁၀၀)ေလာက္နဲ႔ ဂ်ဴဗင္တပ္စ္အသငး္ဆီ ထုတ္လုိက္တယ္၊ သူ႔ေနရာကုိ ဘယ္သူနဲ႔ျပန္ျဖည့္မွာလဲဆုိတာ ပီရက္ဇ္ အေျဖရွာမရေသးဘူး။

C-Ronaldo-Replacement

C-Ronaldo-Replacement

အခုအခ်ိန္မွာ ေနမာလုိလုိ၊ ဘာေပလုိလုိ၊ ဟာဇက္လုိလုိျဖစ္ေနေပမယ့္ ဘယ္သူ႔မွ မေသခ်ာေသးဘူး။ တကယ္လုိ႔ အဲဒီ(၃)ဦးထဲက တစ္ဦးဦးကုိ ေခၚယူႏုိင္ခဲ့ရင္လည္း စီေရာ္နယ္လ္ဒုိလုိ စြမ္းေဆာင္ရည္မ်ိဳး ျပသႏုိင္မလားဆုိတာ စဥ္းစားစရာပဲ။ ဂ်ဴဗင္တပ္စ္အသင္းအတြက္ေတာ့ စီေရာ္နယ္္လ္ဒုိကုိ ရလုိက္တာ ေရႊအိုးရလုိက္သလုိပါ။ အခု ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ရွယ္ယာေစ်းကြက္ေတြ ျမင့္တက္လာၿပီ၊ စီေရာ္နယ္လ္ဒုိ အက်ႌေတြေရာင္းခ်ရမႈကလည္း ျမင့္တက္ေနၿပီ။ ဒီအခ်ိန္မွာ စီေရာ္နယ္လ္ဒုိကုိ ဆုံး႐ႈံးခဲ့တဲ့ ရီးယဲလ္အသင္း အဲဒီ Effect ေတြကုိ စတင္ခံစားေနရတယ္။

Juventus-Fans-Holding-C-Ronaldo-Shirts

Juventus-Fans-Holding-C-Ronaldo-Shirts

စပိန္သတင္းစာေတြရဲ႕ေဖာ္ျပမႈအရ ရီးယဲလ္အသင္းရဲ႕ ရွယ္ယာေတြက က်ဆင္းေနၿပီလုိ႔ သိရတယ္။ ဒါက ေစ်းကြက္တစ္ခုတည္းပါ၊ ကြင္းတြင္းစြမ္းေဆာင္ရည္မွာလည္း အနည္းနဲ႔အမ်ားထိခုိက္ဖုိ႔ရွိလာႏုိင္တယ္။ ရီးယဲလ္အသင္းဟာ လာမယ့္ရာသီကုိ ဇီဒန္းမရွိ၊ စီေရာ္နယ္လ္ဒုိမရွိတဲ့ အေျခအေနနဲ႔ စတင္ရမယ္၊ လက္ရွိခန္႔ထားတဲ့ နည္းျပလုိပယ္တက္ဂီ ကေရာ ဇီဒန္းလုိမ်ိဳး ေအာင္ျမင္မႈေတြ ရယူႏုိင္မလား၊ ဇီဒန္းတုနး္က အသင္းရဲ႕ကံၾကမၼာကုိ အေလာင္းစားလုပ္ခဲ့တဲ့ ပီရက္ဇ္ ဒီတစ္ခါေရာ အဲဒီလုိ ကံေကာင္းမႈမ်ိဳး ထပ္ရဦးမလား။ ဘာပဲျဖစ္ျဖစ္ လက္ရွိရီးယဲလ္အသင္းရဲ႕အေနအထားက အရင္တုနး္ကေလာက္ အားရဖုိ႔မေကာင္းေတာ့တာ အမွန္ပါပဲ။ ပီရက္ဇ္ရဲ႕ အတၱမာနေတြၾကားမွာ ရီးယဲလ္အသင္းက စေတးခံျဖစ္ရေတာ့မွာလား ဆုိတာေတာ့ . . . .

Photo:Extra.ie,Goal.com,FOX Sports Asia,Information Nigeria,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဖလော်ရင်တီနိုပီရက်ဇ်ရဲ့ အတ္တ၊ မာနတွေကြားမှာ ရီးယဲလ်အသင်း ဓားစာခံဖြစ်တော့မှာလား

လက်ရှိအချိန်မှာ ဥရောပထိပ်သီးကလပ်အသင်းတွေအနေနဲ့ လာမယ့်ရာသီသစ်အတွက် ကစားသမားသစ်တွေ ခေါ်ယူပြီး ပြင်ဆင်မှုလုပ်နေချိန် ရီးယဲလ်အသင်းကတော့ ဘယ်လိုအစီအစဉ်တွေနဲ့ ရာသီသစ်ကို စတင်မလဲဆိုတာကိုတောင် တိတိကျကျမသိရသေးပါဘူး။ အသင်းရဲ့အဓိက ဒေါက်တိုင်တွေဖြစ်တဲ့ နည်းပြဇီဒန်း Zidane ၊ စီရော်နယ်လ်ဒို C.Ronaldo တို့ ထွက်ခွာသွားချိန်မှာ ရီးယဲလ် လက်ရှိအနေအထားက တပ်ပျက်နေသလိုဖြစ်နေပြီး အသစ်က ပြန်စရမယ့်အနေထားဖြစ်နေပြီ။ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက် ရယူထားတဲ့ အသင်း၊ လာလီဂါရဲ့အောင်မြင်မှုအများဆုံးအသင်း စတဲ့ဂုဏ်ပုဒ်တွေနဲ့ ရီးယဲလ်အသင်းဟာ လာမယ့်ရာသီမှာ သူတို့ရဲ့အဓိက ပြိုင်ဘက် ဘာစီလိုနာကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတဲ့ သံသယ မေးခွန်းတွေကလည်း ရီးယဲလ် ပရိသတ်တွေ ရင်ထင်မှာ ပဲ့တင်သံထပ်နေလောက်ပါပြီ။

C-Ronaldo-and-Zidane

C-Ronaldo-and-Zidane

တကယ်လို့ ရီးယဲလ်အသင်းသာ လာမယ့်ရာသီမှာ အောင်မြင်မှုမရခဲ့ရင် အဓိက လက်ညှိုးထိုးရမှာက ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဇီဒန်း၊ စီရော်နယ်လ်ဒိုတို့ရဲ့ ရီးယဲလ်အသင်းနဲ့လမ်းခွဲဇာတ်လမ်းမှာ ပီရက်ဇ်က အဓိကနေရာကနေ ပါဝင်ခဲ့လို့ပါ။

Zidane-Perez-and-C.Ronaldo

Zidane-Perez-and-C.Ronaldo

ဇီဒန်းနဲ့ပီရက်ဇ်တို့ရဲ့ အက်ကွဲကြောင်းက ကစားသမားအပြောင်းအရွှေ့က စတာဖြစ်ပါတယ်။ ပီရက်ဇ်က မန်ယူဂိုးသမား ဒီဂီယာ De Gea ကို ခေါ်ယူလိုတယ်၊ ဇီဒန်းက လက်ရှိဂိုးသမားနာဗတ်စ် Navas ကို ယုံကြည်မှုရှိလို့ ဒီဂီယာမလိုဘူးဆိုပြီး ကန့်ကွက်ခဲ့တယ်။ အဲဒီမှာ ပြဿနာစတော့တာပဲ။ ဇီဒန်းက ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက် Hazard ကို ခေါ်ဖို့ တောင်းဆိုခဲ့ပေမယ့် ပီရက်ဇ်က သူသဘောကျတဲ့ ဒီဂီယာကို ခေါ်ယူဖို့ ဇီဒန်းကန့်ကွက်ခဲ့တဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ No လို့ ပြန်ပြောခဲ့တယ်။ ဒီကိစ္စဟာ သူတို့နှစ်ယောက်ကြားမှာ တော်တော်လေး တင်းမာမှုတွေ ဖြစ်ခဲ့ပြီး ဇီဒန်းဟာ ၂၀၁၇-၁၈ ချန်ပီယံလိဂ်ဖလားကို ရပြီးပြီးချင်း ရက်ပိုင်းအကြာမှာပဲ နည်းပြရာထူးက ရုတ်တရက်နုတ်ထွက်သွားခဲ့တာကြောင့် ရီးယဲလ်ပရိသတ်တွေကိုယ်တိုင် နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်။

florentino-perez-and-Zidane

florentino-perez-and-Zidane

ဇီဒန်းနဲ့ လမ်းခွဲပြီး (၂)လလောက်အကြာမှာပဲ စီရော်နယ်လ်ဒိုနဲ့ ရီးယဲလ်အသင်းတို့ရဲ့ ကတ္တီပါလမ်းခွဲက စခဲ့ပြန်တယ်။ အမှန်တော့ စီရော်နယ်လ်ဒိုရဲ့ အနာဂတ်သတင်းတွေက ပြီးခဲ့တဲ့နှစ်တွေကတည်းက ထွက်နေတာပါ။ ရီးယဲလ်ဟာ စီရော်နယ်လ်ဒိုကို ၂၀၂၁ အထိ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် စီရော်နယ်လ်ဒိုက နောက်ထပ် စာချုပ်သက်တမ်းတိုးလိုနေပြီး လစာလည်း ပိုလိုချင်ခဲ့တယ်။ ဒါပေမဲ့ သိတဲ့အတိုင်း ပီရက်ဇ်ဆိုတာက စီးပွားရေးသမားလေ။ စီရော်နယ်လ်ဒိုကို သက်တမ်းတိုးမယ့်အစား လက်ရှိကမ္ဘာ့အကောင်းဆုံးနေရာကို တက်လှမ်းဖို့ခြေလှမ်းပြင်နေတဲ့ နေမာ၊ ဟာဇက်၊ ဘာပေတို့ထဲက တစ်ဦးကို ခေါ်လိုက်မယ်ဆိုရင် စီရော်နယ်လ်ဒိုရဲ့နေရာကို အစားထိုးနိုင်မှာဖြစ်သလို၊ ဈေးကွက်အရလည်း သိပ်ပြီးတော့ ထိခိုက်မယ့်အနေအထားမရှိဘူးလို့ တွက်ဆမိပုံပါပဲ။

C-Ronaldo-with-Ballon-dOr

C-Ronaldo-with-Ballon-dOr

နောက်ပြီး ပီရက်ဇ်က စီရော်နယ်လ်ဒိုဟာ စာချုပ်သက်တမ်းကုန်မှ အသင်းနဲ့လမ်းခွဲမယ်လို့ ယူဆမိတာလည်း ပါပါလိမ့်မယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုက အသင်းက ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့ချိန်မှာ အလွယ်တကူ ခွင့်ပြုခဲ့တာကတော့ ကစားသမားကို မလေးစားရာရောက်တယ်လို့ ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီရော်နယ်လ်ဒိုလို တစ်ရာသီကို အနည်းဆုံးဂိုး(၄၀)လောက်သွင်းတဲ့ကစားသမားမျိုး၊ ဈေးကွက်အရ တန်ဖိုးရှိနေဆဲကစားသမားမျိုး၊ ရီးယဲလ်အသင်းအတွက် မရှိမဖြစ်ကစားသမားမျိုးကို လွယ်လွယ်ကူကူ လက်လွှတ်ခဲ့တာက မှားယွင်းပါတယ်။ စီရော်နယ်လ်ဒိုဟာ အသက်(၃၃)နှစ်အရွယ်ရှိနေပြီဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူ့ခြေစွမ်းက အကောင်းဆုံးအနေအထားမှာရှိနေဆဲပဲ။ ဒီလိုကစားသမားမျိုးကို ယူရိုသန်း(၁၀၀)လောက်နဲ့ ဂျူဗင်တပ်စ်အသင်းဆီ ထုတ်လိုက်တယ်၊ သူ့နေရာကို ဘယ်သူနဲ့ပြန်ဖြည့်မှာလဲဆိုတာ ပီရက်ဇ် အဖြေရှာမရသေးဘူး။

C-Ronaldo-Replacement

C-Ronaldo-Replacement

အခုအချိန်မှာ နေမာလိုလို၊ ဘာပေလိုလို၊ ဟာဇက်လိုလိုဖြစ်နေပေမယ့် ဘယ်သူ့မှ မသေချာသေးဘူး။ တကယ်လို့ အဲဒီ(၃)ဦးထဲက တစ်ဦးဦးကို ခေါ်ယူနိုင်ခဲ့ရင်လည်း စီရော်နယ်လ်ဒိုလို စွမ်းဆောင်ရည်မျိုး ပြသနိုင်မလားဆိုတာ စဉ်းစားစရာပဲ။ ဂျူဗင်တပ်စ်အသင်းအတွက်တော့ စီရော်နယ်လ်ဒိုကို ရလိုက်တာ ရွှေအိုးရလိုက်သလိုပါ။ အခု ဂျူဗင်တပ်စ်အသင်းရဲ့ ရှယ်ယာဈေးကွက်တွေ မြင့်တက်လာပြီ၊ စီရော်နယ်လ်ဒို အကျႌတွေရောင်းချရမှုကလည်း မြင့်တက်နေပြီ။ ဒီအချိန်မှာ စီရော်နယ်လ်ဒိုကို ဆုံးရှုံးခဲ့တဲ့ ရီးယဲလ်အသင်း အဲဒီ Effect တွေကို စတင်ခံစားနေရတယ်။

Juventus-Fans-Holding-C-Ronaldo-Shirts

Juventus-Fans-Holding-C-Ronaldo-Shirts

စပိန်သတင်းစာတွေရဲ့ဖော်ပြမှုအရ ရီးယဲလ်အသင်းရဲ့ ရှယ်ယာတွေက ကျဆင်းနေပြီလို့ သိရတယ်။ ဒါက ဈေးကွက်တစ်ခုတည်းပါ၊ ကွင်းတွင်းစွမ်းဆောင်ရည်မှာလည်း အနည်းနဲ့အများထိခိုက်ဖို့ရှိလာနိုင်တယ်။ ရီးယဲလ်အသင်းဟာ လာမယ့်ရာသီကို ဇီဒန်းမရှိ၊ စီရော်နယ်လ်ဒိုမရှိတဲ့ အခြေအနေနဲ့ စတင်ရမယ်၊ လက်ရှိခန့်ထားတဲ့ နည်းပြလိုပယ်တက်ဂီ ကရော ဇီဒန်းလိုမျိုး အောင်မြင်မှုတွေ ရယူနိုင်မလား၊ ဇီဒန်းတုန်းက အသင်းရဲ့ကံကြမ္မာကို အလောင်းစားလုပ်ခဲ့တဲ့ ပီရက်ဇ် ဒီတစ်ခါရော အဲဒီလို ကံကောင်းမှုမျိုး ထပ်ရဦးမလား။ ဘာပဲဖြစ်ဖြစ် လက်ရှိရီးယဲလ်အသင်းရဲ့အနေအထားက အရင်တုန်းကလောက် အားရဖို့မကောင်းတော့တာ အမှန်ပါပဲ။ ပီရက်ဇ်ရဲ့ အတ္တမာနတွေကြားမှာ ရီးယဲလ်အသင်းက စတေးခံဖြစ်ရတော့မှာလား ဆိုတာတော့ . . . .

Photo:Extra.ie,Goal.com,FOX Sports Asia,Information Nigeria,Twitter
Naing Linn(Akhayar)
www.akhayar.com