[Zawgyi] 


iPhone SE 2 Render




Ref: Cult of Mac 

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iPhone SE အသစ်မှာ iPhone X ရဲ့ Feature တချို့ပါလာနိုင်မလား

iPhone အသစ်ထွက်တိုင်း အသစ်ကိုပဲပြောင်းကိုင်ကြသူတွေရှိသလို 4 Inch Display ကိုပဲနှစ်သူသူတွေလည်း ရှိနေပြန်ပါသေးတယ်။ iPhone SE ကို Apple က 2016 မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ iPhone SE က လက်ရှိ iPhone တွေအားလုံးထဲမှာအသေးဆုံး iPhone ဖြစ်သလို ဈေးအနည်းဆုံး iPhone လည်းဖြစ်ပါတယ်။

iPhone SE 2 Render

နောက်ထွက်မယ့် iPhone SE အသစ်ကို iPhone SE 2 လို့ပြောနေကြပေမယ့်လည်း Apple ကဘယ်လိုနာမည်ပေးမလဲဆိုတ မှန်းရခက်ပါတယ်။ iPad တွေလိုမျိုးပဲ ထုတ်လုတ်တဲ့နှစ်ကိုပဲအစွဲပြုပြီး iPhone SE (2018) ဆိုပြီးလည်းဖြစ်လာနိုင်ပါတယ်။ iPhone SE အသစ်ကိုတော့ အခုလက်ရှိ iPhone SE အတိုင်းပဲ iPhone 5 မှာစတင်အသုံးပြုလာတဲ့ Body Design ကိုပဲဆက်လက်အသုံးပြုလာမယ်လို့ သိရပါတယ်။ 

မြင်သာတဲ့ Design အပြောင်းအလဲအနေနဲ့တော့ နောက်ဖက်ခြမ်းကို လက်ရှိ iPhone X လိုမျိုး Glass ကိုအသုံးပြုပေးထားမယ်လို့ သတင်းပေါက်ကြားခဲ့ပါတယ်။ Glass ကိုအသုံးပြုရတာကတော့ Wireless Charging ပါလာမှာကြောင့်ပဲဖြစ်ပါတယ်။ iPhone SE အသစ်ဟာအခုထက်ပိုပါးလာနိုင်တဲ့အတွက် 3.5mm Headphone ပေါက်က ပါလာတော့မှာမဟုတ်ဘူးလို့ယူဆရပါတယ်။ 

iPhone တွေနဲ့ပတ်သက်လို့ Leak တွေခဏခဏတင်လေ့ရှိတဲ့ Ben Geskin ကတော့ Twitter မှာ iPhone SE အသစ်ပုံကိုတင်ခဲ့ပါတယ်။ iPhone SE အသစ်ကို နောက်ကျောဖက်မှာ Glass နဲ့တွေ့ရတဲ့အပြင် Camera ကလည်းအနည်းငယ်အပြင်ထွက်လာတာကြောင့် ဖုန်းကပိုပါးလာတယ်ဆိုတာသိသာနေပါတယ်။ iPhone 8 မှာမိတ်ဆက်ခဲ့တဲ့ ရွှေရောင်အသစ်ကိုပဲတွေ့ရပြီး Code name ကို Jaguar လို့ပေးထားပါတယ်။ 

Ref: Cult of Mac 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။