[Zawgyi] 
Thin Body of Z3 Play
Thin Body of Z3 Play
Moto Mods
Ref: Motorola 
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
Moto Z3 Play ရဲ့ Moto Mods တွေက သင့်ကို ဆွဲဆောင်နိုင်ပါ့မလား
Motorola ကတော့ သင့်ကို တခြားဖုန်းကုမ္ပဏီတွေနဲ့ မတူတဲ့နည်းတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတုန်းပါ။ ပြည်တွင်းဈေးကွက်ထဲမှာလည်း စိတ်ဝင်စားမှုတွေရရှိထားတဲ့ Moto ရဲ့ ဖုန်းတွေကို သင်လည်း ရင်းနှီးပြီးဖြစ်မှာပါ။ Moto က လွန်ခဲ့တဲ့လကပဲ သူတို့ရဲ့ Premium Midrange ဖုန်းဖြစ်တဲ့ Moto Z3 Play ကို မိတ်ဆက်ခဲ့ပါတယ်။ 
Thin Body of Z3 Play
Moto Z3 Play ကတော့ ၂၀၁၈ ထဲမှာ ထွက်တဲ့ဖုန်းဖြစ်တာနဲ့အညီ 18:9 Max Vision Display ၊ 12MP နဲ့ 5MP ရှိတဲ့ Dual Camera တွေနဲ့အတူ Moto Mods တွေနဲ့ပါ တွဲသုံးလို့ရနိုင်မယ့် Design နဲ့ ထွက်လာခဲ့ပါတယ်။ Snapdragon 636 SoC ၊ 6GB RAM ၊ 128GB Storage ၊ SD Card Slot ပါဝင်ပြီး Android 8.1 Oreo နဲ့ပါ။ Display ကတော့ 6.01 Inch ရှိတဲ့ Super AMOLED ကိုတပ်ဆင်ပေးထားပြီး Full HD+ Resolution ရှိပါတယ်။ Moto Z3 ဖုန်းရဲ့ အဓိကဆွဲဆောင်မှုကတော့ သူ့ရဲ့ ပါးလွာတဲ့ ကိုယ်ထည်ပါ။ ဖုန်းဆိုရင် ပေါ့ပေါ့ပါးပါးလေးတွေမှ သဘောကျတဲ့သူတွေအတွက်တော့ Z3 Play က လိုချင်စရာပါပဲ။ 
Thin Body of Z3 Play
ဖုန်းကို သာမန်ထက်ပိုပါးအောင်လုပ်ထားပေမယ့် အထဲမှာ နေရာယူတတ်တဲ့ Battery ကိုလည်း သိသိသာသာလေ ျှာ့ထားတာမျိုးမရှိပါဘူး။ 3000mAh ရှိတဲ့ Battery ကိုထည့်ပေးထားပါတယ်။ Battery ကိုနည်းတယ်လို့ယူဆသူတွေအတွက်တော့ Moto ရဲ့  Turbopower Pack ဆိုတဲ့ Battery Mod ကို ဒေါ်လာ ၆၀ နဲ့ ရောင်းချပေးပါသေးတယ်။ ဈေးပိုသက်သာတဲ့ Moto Power Pack ကိုလည်း ၃၇ ဒေါ်လာနဲ့ ရောင်းပေးပါသေးတယ်။
Moto Mods
Speaker ၊ Camera ၊ Projector နဲ့ Gamepad Mod တွေအပါအဝင် တခြား စိတ်ဝင်စားစရာ Mod တွေလည်း အများကြီးကျန်သေးတာကြောင့် Z3 Play က စိတ်ဝင်စားစရာကောင်းပါတယ်။ ဖုန်းကို ပြန်အားသွင်းဖို့ကလည်း USB-C နဲ့ Moto ရဲ့ Turbopower Feature ကြောင့် အားအမြန်ပြန်သွင်းလို့ရပါသေးတယ်။ Wireless Charghing Feature ကိုလိုချင်တယ်ဆိုရင်တောင် Mod နဲ့ ထပ်ထည့်နိုင်ပါသေးတယ်။ ဖုန်းကို ပါးအောင်လုပ်ပေးထားတာကြောင့် နောက်ကျောဖက်မှာ Wireless Chrging Coin ကိုထည့်ပေးထားခြင်းရှိပါဘူး။ Moto Z3 Play က မြန်မာနိုင်ငံကိုရောက်လာမယ်ဆိုရင်တော့ ခန့်မှန်းဈေးက ၇ သိန်းဝန်းကျင်လောက်ရှိနိုင်မှာပါ။ Snapdragon 636 သုံးထားတဲ့ ဖုန်းတွေထဲမှာတော့ Premium ဖြစ်တဲ့ ခံစားမှုကို အများကြီးပေးနိုင်မှာပါ။ 
Ref: Motorola 
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။