This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

လက္ေရြးစင္ကစားသမားဘ၀ကုိ ႐ႈံးနိမ့္မႈေတြနဲ႔ မက္ဆီ Messi လက္ျပႏႈတ္ဆက္ရေတာ့မွာလား

၂၀၁၈ ကမၻာ႔ဖလားပဲြစဥ္ေတြကေတာ့ အရွိန္ဟုန္ျပင္းျပင္းနဲ႔ ေရွ႕ဆက္ေနဆဲပါပဲ။ ဒီႏွစ္ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပရိသတ္ေတြ အဓိက စိတ္၀င္တစားေစာင့္ၾကည့္ၾကတာက မက္ဆီ Messi ၊ စီေရာ္နယ္လ္ဒုိ C.Ronaldo တို႔ရဲ႕ အားၿပိဳင္မႈ၊ သူတို႔ကုိ စိန္ေခၚဖုိ႔ အသင့္ရွိေနတဲ့ ဘရာဇီးလ္နာမည္ေက်ာ္ တိုက္စစ္မွဴး ေနမာ Neymar ေျခစြမ္းျပႏုိင္မလားဆုိတာပါ။ ပရိသတ္ေတြ သိတဲ့အတိုင္းပဲ ေပၚတူဂီ Superstar စီေရာ္နယ္လ္ဒုိက အသင္းကုိ အေကာင္းဆုံးဦးေဆာင္ၿပီး သြင္းဂုိး(၄)ဂုိးနဲ႔ သြင္းဂုိးအမ်ားဆုံးအျဖစ္ ရပ္တည္ေနတယ္။ သူ႔ရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မက္ဆီကေတာ့ ရလဒ္ဆုိးေတြနဲ႔အတူ ေျခစြမ္းျပႏုိင္ျခင္းမရွိဘဲ အာဂ်င္တီးနားအသင္းကလည္း ၂၀၀၂ ကမၻာ႔ဖလားေနာက္ပုိင္း ပထမဆုံးအႀကိမ္ အုပ္စုအဆင့္က လွည့္ျပန္ရမယ့္အေနအထားနဲ႔ ရင္ဆုိင္ေနၿပီ။

Messi

Messi

ဒီေနရာမွာ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒုိတုိ႔ၾကားမွာ ဘာလုိ႔ဒီေလာက္အထိ ရလဒ္ပုိင္း၊ ေျခစြမ္းပုိင္း ကြဲျပားျခားနားသြားလဲဆုိတာကုိ သုံးသပ္ခ်င္ပါတယ္။ တကယ္ေတာ့ အာဂ်င္တီးနားအသင္းေရာ၊ ေပၚတူဂီအသငး္ပါ မက္ဆီ၊ စီေရာ္နယ္လ္ဒုိတို႔ တစ္ဦးတည္းနဲ႔ တည္ေဆာက္ထားတယ္လုိ႔ ေျပာရတဲ့အထိ ဒီကစားသမားႏွစ္ဦးအေပၚ အလြန္အကၽြံ မီွခုိေနရတာျခင္း အတူတူပါပဲ။

cristiano-ronaldo

cristiano-ronaldo

ဒါေပမဲ့ မတူညီတာက ေပၚတူဂီအသငး္မွာ စီေရာ္နယ္လ္ဒုိက အသင္းအေပၚ ၾသဇာလႊမ္းမုိးႏုိင္မႈ၊ Motivation ၊ Leadership စတဲ့ အရည္အေသြးေတြနဲ႔ ျပည့္စုံသလုိ အသင္းေဖာ္ေတြရဲ႕ အဓိက တာ၀န္က စီေရာ္နယ္လ္ဒုိ ဂုိးသြင္းႏုိင္ေအာင္ ပံ့ပုိးေပးဖုိ႔ပဲ။ ဒီအပုိင္းမွာ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒုိအၾကား ကြာျခားလြန္းပါတယ္။ မက္ဆီဟာ World Best Player ၊ Gifted Player တစ္ဦးဆုိတာ ဘယ္သူမွ မျငင္းႏုိင္ပါဘူး။ ဒါေပမဲ့ လက္ေရြးစင္အသငး္မွာေတာ့ မက္ဆီဟာ အသငး္ေခါင္းေဆာင္ေကာင္းတစ္ဦးလုိ႔ သတ္မွတ္ဖုိ႔ေတာ့ ခက္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အသငး္ကုိ ဦးေဆာင္ႏုိင္မႈအပုိင္းမွာ မက္ဆီ အားနည္းတယ္လုိ႔ ဆုိရမွာပါ။ စပိန္နဲ႔ေပၚတူဂီ၊ အုိက္စလန္နဲ႔ အာဂ်င္တီးနားပဲြကုိ ယွဥ္ျပခ်င္တယ္။ စပိန္နဲ႔ပဲြမွာ ေပၚတူဂီက အႏုိင္-သေရ-အ႐ႈံး အေနအထားကေန စီေရာ္နယ္လ္ဒုိရဲ႕ Magnificent Free Kick Goal နဲ႔ သေရတစ္မွတ္ရေအာင္ ယူႏုိင္ခဲ့တယ္။ အဲဒီပဲြမွာ စီေရာ္နယ္လ္ဒုိရဲ႕ စိတ္အားထက္သန္မႈ Aggressive ၊ အႏုိင္မခံအ႐ႈံးမေပးခ်င္တဲ့စိတ္ Fighting Spirit ကုိ ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရမွာျဖစ္ၿပီး ပဲြအၿပီးမွာ အသင္းေဖာ္ေတြကုိ Motivate လုပ္ေနတဲ့ အမူအရာေတြကုိလည္း ေတြ႕ႏုိင္တယ္။

Messi-Miss-Penalty

Messi-Miss-Penalty

အုိက္စလန္နဲ႔ပဲြမွာ အာဂ်င္တီးနားအသငး္ (၁၉)မိနစ္မွာ ဦးေဆာင္ဂုိးရခဲ့ေပမယ့္ (၂၃)မိနစ္မွာ ေခ်ပဂုိးျပန္ေပးခဲ့ရတယ္။ ေနာက္ထပ္ဂုိးေတြသြင္းမယ္ဆုိရင္ လုံေလာက္တဲ့အခ်ိန္ပမာဏ က်န္ရွိပါတယ္။ ဒါေပမဲ့ မက္ဆီ ပယ္နယ္တီလဲြေခ်ာ္ခဲ့ျခင္းနဲ႔အတူ သေရတစ္မွတ္ပဲရရွိခဲ့တယ္။ အဲဒီပဲြမွာ မက္ဆီရဲ႕ Facial Expression ကုိ ၾကည့္ရင္ သူ႔ပုံစံက လုံး၀ Active မျဖစ္ခဲ့ပါဘူး။ စိတ္ဓာတ္က်သလုိျဖစ္ေနၿပီး ႏုိင္လုိစိတ္ပါ ေပ်ာက္ဆုံးေနတဲ့အေနအထားပါ။

Messi

Messi

ေမာ္႐ုိကုိနဲ႔ပဲြမွာ ေပၚတူဂီ ေျခမသာခဲ့ဘူး၊ ဒါေပမဲ့ စီေရာ္နယ္လ္ဒုိ ဂုိးသြင္းတယ္၊ ေပၚတူဂီႏုိင္တယ္။ ခ႐ုိေအးရွားနဲ႔ပဲြမွာ အာဂ်င္တီးနား ေျခမေကာင္းခဲ့ဘူး၊ မက္ဆီ ဂုိးမသြင္းႏုိင္ခဲ့ဘူး၊ အာဂ်င္တီးနား ႐ႈံးတယ္။ ရလဒ္ပုိင္းေတြေၾကာင့္ မက္ဆီရဲ႕ ေျခစြမ္း က်ဆင္းေနၿပီလုိ႔ေတာ့ သတ္မွတ္လုိ႔ မရႏုိင္ဘူး။ အာဂ်င္တီးနားအသင္း ကစားခဲ့တဲ့(၂)ပဲြမွာ မက္ဆီနဲ႔ တဲြကစားမယ့္သူမရွိဘူး၊ သူ႔ကုိ ဖန္တီးေပးမယ့္သူလည္း မရွိဘူး၊ ကုိယ္တိုင္ Space ေတြရွာ၊ ၿပိဳင္ဘက္ခံစစ္ကုိ Individual Skills ေတြနဲ႔ ေက်ာ္ျဖတ္၊ ဒီၾကားထဲမွာ နည္းျပဆမ္ပါအုိလီ Sampaoli ကလည္း မက္ဆီနဲ႔တြဲဖက္ကစားႏုိင္လုိ႔ ရေလာက္တဲ့ ဒီဘားလား Dybala ကုိ ေခါက္ထားခဲ့ေသးတယ္။

Messi-

Messi-

ဒါဟာ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီ၊ ေပၚတူဂီနဲ႔ အာဂ်င္တီးနားအသင္းတို႔အၾကား ကြာျခားခ်က္ပါပဲ။ အသင္းရလဒ္မေကာင္းရင္ အဲဒီအသင္းက အဓိက ကစားသမားကုိပဲ လက္ညႇိဳးထုိးၾကတာေၾကာင့္ အခု အာဂ်င္တီးနားအသင္းရဲ႕ ရလဒ္ဆုိးေတြအတြက္ မက္ဆီကုိပဲ အားလုံးက ၀ုိင္းအျပစ္တင္ေနၾကပါၿပီ။ ေနာက္ဆုံးသတင္းေတြအရဆုိရင္လည္း မက္ဆီကုိ ႏုိင္ငံအသင္းက ျပန္အနားယူဖုိ႔ေတာင္ ပရိသတ္ေတြက ေတာင္းဆုိေနၾကတယ္လုိ႔ သိရတယ္။ ဘာစီလုိနာနဲ႔ ဆုဖလားေပါင္းမ်ားစြာ ရယူခဲ့ၿပီး တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြ ရယူခဲ့တဲ့ မက္ဆီအတြက္ လုိအပ္ေနတဲ့ကြက္လပ္က ႏုိင္ငံအသင္းနဲ႔ ဆုဖလားရယူဖုိ႔ပါ။ အခုေလာေလာဆယ္ေတာ့ အာဂ်င္တီးနားအသင္း အုပ္စုက တက္ဖုိ႔ ေမွ်ာ္လင့္ခ်က္ရွိေနပါေသးတယ္။ ေနာက္ဆုံးပဲြမွာ ႏုိက္ဂ်ီးရီးယားအသင္းနဲ႔ ကစားရမွာျဖစ္ၿပီး မျဖစ္မေနအႏုိင္ရဖုိ႔ လုိေနပါၿပီ။ မက္ဆီအေနနဲ႔လည္း ဒီကမၻာ႔ဖလားၿပိဳင္ပဲြအၿပီးက်ရင္ လက္ေရြးစင္ကစားသမားဘ၀ကို အဆုံးသတ္ဖုိ႔ရွိေနပါတယ္။ ဒါေၾကာင့္ မက္ဆီအေနနဲ႔ လက္ေရြးစင္ကစားသမားဘ၀ကုိ ကမၻာ႔ဖလားရယူၿပီး အဆုံးသတ္ႏုိင္မွာလား၊ ဒါမွမဟုတ္ အုပ္စုအဆင့္က လွည့္ျပန္ၿပီး ႏႈတ္ဆက္ရေတာ့မွာလားဆုိတာေတာ့ . . . .

Photo:The Times of Israel,Independent,Goal.com,AP
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

လက်ရွေးစင်ကစားသမားဘဝကို ရှုံးနိမ့်မှုတွေနဲ့ မက်ဆီ Messi လက်ပြနှုတ်ဆက်ရတော့မှာလား

၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်တွေကတော့ အရှိန်ဟုန်ပြင်းပြင်းနဲ့ ရှေ့ဆက်နေဆဲပါပဲ။ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေ အဓိက စိတ်ဝင်တစားစောင့်ကြည့်ကြတာက မက်ဆီ Messi ၊ စီရော်နယ်လ်ဒို C.Ronaldo တို့ရဲ့ အားပြိုင်မှု၊ သူတို့ကို စိန်ခေါ်ဖို့ အသင့်ရှိနေတဲ့ ဘရာဇီးလ်နာမည်ကျော် တိုက်စစ်မှူး နေမာ Neymar ခြေစွမ်းပြနိုင်မလားဆိုတာပါ။ ပရိသတ်တွေ သိတဲ့အတိုင်းပဲ ပေါ်တူဂီ Superstar စီရော်နယ်လ်ဒိုက အသင်းကို အကောင်းဆုံးဦးဆောင်ပြီး သွင်းဂိုး(၄)ဂိုးနဲ့ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေတယ်။ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ မက်ဆီကတော့ ရလဒ်ဆိုးတွေနဲ့အတူ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ အာဂျင်တီးနားအသင်းကလည်း ၂၀၀၂ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်က လှည့်ပြန်ရမယ့်အနေအထားနဲ့ ရင်ဆိုင်နေပြီ။

Messi

Messi

ဒီနေရာမှာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ကြားမှာ ဘာလို့ဒီလောက်အထိ ရလဒ်ပိုင်း၊ ခြေစွမ်းပိုင်း ကွဲပြားခြားနားသွားလဲဆိုတာကို သုံးသပ်ချင်ပါတယ်။ တကယ်တော့ အာဂျင်တီးနားအသင်းရော၊ ပေါ်တူဂီအသင်းပါ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ တစ်ဦးတည်းနဲ့ တည်ဆောက်ထားတယ်လို့ ပြောရတဲ့အထိ ဒီကစားသမားနှစ်ဦးအပေါ် အလွန်အကျွံ မှီခိုနေရတာခြင်း အတူတူပါပဲ။

cristiano-ronaldo

cristiano-ronaldo

ဒါပေမဲ့ မတူညီတာက ပေါ်တူဂီအသင်းမှာ စီရော်နယ်လ်ဒိုက အသင်းအပေါ် သြဇာလွှမ်းမိုးနိုင်မှု၊ Motivation ၊ Leadership စတဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံသလို အသင်းဖော်တွေရဲ့ အဓိက တာဝန်က စီရော်နယ်လ်ဒို ဂိုးသွင်းနိုင်အောင် ပံ့ပိုးပေးဖို့ပဲ။ ဒီအပိုင်းမှာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုအကြား ကွာခြားလွန်းပါတယ်။ မက်ဆီဟာ World Best Player ၊ Gifted Player တစ်ဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ လက်ရွေးစင်အသင်းမှာတော့ မက်ဆီဟာ အသင်းခေါင်းဆောင်ကောင်းတစ်ဦးလို့ သတ်မှတ်ဖို့တော့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းကို ဦးဆောင်နိုင်မှုအပိုင်းမှာ မက်ဆီ အားနည်းတယ်လို့ ဆိုရမှာပါ။ စပိန်နဲ့ပေါ်တူဂီ၊ အိုက်စလန်နဲ့ အာဂျင်တီးနားပွဲကို ယှဉ်ပြချင်တယ်။ စပိန်နဲ့ပွဲမှာ ပေါ်တူဂီက အနိုင်-သရေ-အရှုံး အနေအထားကနေ စီရော်နယ်လ်ဒိုရဲ့ Magnificent Free Kick Goal နဲ့ သရေတစ်မှတ်ရအောင် ယူနိုင်ခဲ့တယ်။ အဲဒီပွဲမှာ စီရော်နယ်လ်ဒိုရဲ့ စိတ်အားထက်သန်မှု Aggressive ၊ အနိုင်မခံအရှုံးမပေးချင်တဲ့စိတ် Fighting Spirit ကို ပရိသတ်တွေ မြင်တွေ့ခဲ့ရမှာဖြစ်ပြီး ပွဲအပြီးမှာ အသင်းဖော်တွေကို Motivate လုပ်နေတဲ့ အမူအရာတွေကိုလည်း တွေ့နိုင်တယ်။

Messi-Miss-Penalty

Messi-Miss-Penalty

အိုက်စလန်နဲ့ပွဲမှာ အာဂျင်တီးနားအသင်း (၁၉)မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ပေမယ့် (၂၃)မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရတယ်။ နောက်ထပ်ဂိုးတွေသွင်းမယ်ဆိုရင် လုံလောက်တဲ့အချိန်ပမာဏ ကျန်ရှိပါတယ်။ ဒါပေမဲ့ မက်ဆီ ပယ်နယ်တီလွဲချော်ခဲ့ခြင်းနဲ့အတူ သရေတစ်မှတ်ပဲရရှိခဲ့တယ်။ အဲဒီပွဲမှာ မက်ဆီရဲ့ Facial Expression ကို ကြည့်ရင် သူ့ပုံစံက လုံး၀ Active မဖြစ်ခဲ့ပါဘူး။ စိတ်ဓာတ်ကျသလိုဖြစ်နေပြီး နိုင်လိုစိတ်ပါ ပျောက်ဆုံးနေတဲ့အနေအထားပါ။

Messi

Messi

မော်ရိုကိုနဲ့ပွဲမှာ ပေါ်တူဂီ ခြေမသာခဲ့ဘူး၊ ဒါပေမဲ့ စီရော်နယ်လ်ဒို ဂိုးသွင်းတယ်၊ ပေါ်တူဂီနိုင်တယ်။ ခရိုအေးရှားနဲ့ပွဲမှာ အာဂျင်တီးနား ခြေမကောင်းခဲ့ဘူး၊ မက်ဆီ ဂိုးမသွင်းနိုင်ခဲ့ဘူး၊ အာဂျင်တီးနား ရှုံးတယ်။ ရလဒ်ပိုင်းတွေကြောင့် မက်ဆီရဲ့ ခြေစွမ်း ကျဆင်းနေပြီလို့တော့ သတ်မှတ်လို့ မရနိုင်ဘူး။ အာဂျင်တီးနားအသင်း ကစားခဲ့တဲ့(၂)ပွဲမှာ မက်ဆီနဲ့ တွဲကစားမယ့်သူမရှိဘူး၊ သူ့ကို ဖန်တီးပေးမယ့်သူလည်း မရှိဘူး၊ ကိုယ်တိုင် Space တွေရှာ၊ ပြိုင်ဘက်ခံစစ်ကို Individual Skills တွေနဲ့ ကျော်ဖြတ်၊ ဒီကြားထဲမှာ နည်းပြဆမ်ပါအိုလီ Sampaoli ကလည်း မက်ဆီနဲ့တွဲဖက်ကစားနိုင်လို့ ရလောက်တဲ့ ဒီဘားလား Dybala ကို ခေါက်ထားခဲ့သေးတယ်။

Messi-

Messi-

ဒါဟာ စီရော်နယ်လ်ဒိုနဲ့ မက်ဆီ၊ ပေါ်တူဂီနဲ့ အာဂျင်တီးနားအသင်းတို့အကြား ကွာခြားချက်ပါပဲ။ အသင်းရလဒ်မကောင်းရင် အဲဒီအသင်းက အဓိက ကစားသမားကိုပဲ လက်ညှိုးထိုးကြတာကြောင့် အခု အာဂျင်တီးနားအသင်းရဲ့ ရလဒ်ဆိုးတွေအတွက် မက်ဆီကိုပဲ အားလုံးက ဝိုင်းအပြစ်တင်နေကြပါပြီ။ နောက်ဆုံးသတင်းတွေအရဆိုရင်လည်း မက်ဆီကို နိုင်ငံအသင်းက ပြန်အနားယူဖို့တောင် ပရိသတ်တွေက တောင်းဆိုနေကြတယ်လို့ သိရတယ်။ ဘာစီလိုနာနဲ့ ဆုဖလားပေါင်းများစွာ ရယူခဲ့ပြီး တစ်ဦးချင်းအကောင်းဆုံးဆုတွေ ရယူခဲ့တဲ့ မက်ဆီအတွက် လိုအပ်နေတဲ့ကွက်လပ်က နိုင်ငံအသင်းနဲ့ ဆုဖလားရယူဖို့ပါ။ အခုလောလောဆယ်တော့ အာဂျင်တီးနားအသင်း အုပ်စုက တက်ဖို့ မျှော်လင့်ချက်ရှိနေပါသေးတယ်။ နောက်ဆုံးပွဲမှာ နိုက်ဂျီးရီးယားအသင်းနဲ့ ကစားရမှာဖြစ်ပြီး မဖြစ်မနေအနိုင်ရဖို့ လိုနေပါပြီ။ မက်ဆီအနေနဲ့လည်း ဒီကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကျရင် လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ဖို့ရှိနေပါတယ်။ ဒါကြောင့် မက်ဆီအနေနဲ့ လက်ရွေးစင်ကစားသမားဘဝကို ကမ္ဘာ့ဖလားရယူပြီး အဆုံးသတ်နိုင်မှာလား၊ ဒါမှမဟုတ် အုပ်စုအဆင့်က လှည့်ပြန်ပြီး နှုတ်ဆက်ရတော့မှာလားဆိုတာတော့ . . . .

Photo:The Times of Israel,Independent,Goal.com,AP
Naing Linn(Akhayar)
www.akhayar.com