ဒီနှစ် ဥရောပစူပါဖလားပွဲအဖြစ် ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ မြန်မာစံတော်ချိန် ကြာသပတေးမနက် (၁း၃၀)အချိန်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီရာသီ ပထမဆုံး ဆုဖလားမျှော်လင့်ချက်အတွက် နှစ်သင်းစလုံး အသည်းပေါက်မတတ်ကစားကြမှာပါ။ ကစားသမားသစ် မခေါ်ထားပေမယ့် လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းနဲ့ လူစာရင်းက တောင့်တင်းနေဆဲဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ နည်းပြသစ် လမ်းပတ် Lampard လက်ထက်မှာ တည်ငြိမ်မှုရှိအောင် ကြိုးစားနေဆဲပါပဲ။ ဥရောပစူပါဖလားသမိုင်းတစ်လျှောက် အင်္ဂလန်နှစ်သင်း ဆုံတွေ့တာက ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ဘယ်သူ ချန်ပီယံဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ယာဂန်ကလော့ပ် Jurgen Klopp ရဲ့ ဗိုလ်လုပွဲကျိန်စာဆိုးပါ။

၂၀၁၅ ခုနှစ်တုန်းက လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်နည်းပြဘ၀ (၄)နှစ်တာကာလအတွင်း ဗိုလ်လုပွဲ(၄)ကြိမ်ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ ပိုဆိုးတာက ယာဂန်ကလော့ပ်ရဲ့ နည်းပြဘ၀တစ်လျှောက် ဗိုလ်လုပွဲ(၈)ကြိမ်ရောက်ရှိခဲ့ပြီး (၂)ကြိမ်သာ အနိုင်ရခဲ့တာပါ။ ယာဂန်ကလော့ပ်ရဲ့ ဗိုလ်လုပွဲမှတ်တမ်းကို တစ်ချက်လောက်ကြည့်လိုက်ရအောင် . .

2012 German Cup – Borussia Dortmund 5-2 Bayern Munich – Won
2013 Champions League – Borussia Dortmund 1-2 Bayern Munich – Lost
2014 German Cup – Borussia Dortmund 0-2 Bayern Munich (aet) – Lost
2015 German Cup – Borussia Dortmund 1-3 Wolfsburg – Lost
2016 Capital One Cup – Liverpool 1-1 Man City – Lost 3-1 on penalties
2016 Europa League – Liverpool 1-3 Sevilla – Lost
2018 Champions League – Liverpool 1-3 Real Madrid – Lost
2019 Champions League – Liverpool 2-0 Spurs – Win

ဒါက အဓိကပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲမှာ ယာဂန်ကလော့ပ်ရဲ့ မှတ်တမ်းဖြစ်ပြီး ဒီရာသီအစ ကွန်မြူနတီးဒိုင်းပွဲမှာလည်း လီဗာပူးလ်အသင်း ပယ်နယ်တီအဆုံးအဖြတ်နဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားရလို့ ယာဂန်ကလော့ပ်ရဲ့ ဗိုလ်လုပွဲမှတ်တမ်းဆိုး ကျိုးပျက်ပြီလို့ ထင်နေတုန်းမှာပဲ ကွန်မြူနတီဒိုင်းမှာ ရှုံးနိမ့်ခဲ့လို့ ကျိန်စာက တစ်ပတ်ပြန်လည်လာပြီလားဆိုပြီး မေးခွန်းထုတ်ရမှာပါ။ လာမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲမှာ ယာဂန်ကလော့ပ် သူ့ရဲ့ ကျိန်စာဆိုးကို ထပ်ပြီး ချိုးဖျက်နိုင်မလား ဒါမှမဟုတ် ကြမ္မာပြန်လည်ဦးမလားဆိုတာကတော့ . .

Photo:Premier League,Jurgen Klopp Facebook
Naing Linn(Akhayar)
www.akhayar.com