[Zawgyi]


Instagram on iPhone


Instagram Feed


Ref: Gizmodo

Min Than Htike (Akhayar)

www.akhayar.com


[Unicode]

အနာဂတ်ရဲ့ Instagram ဟာ YouTube နဲ့ပိုတူလာနိုင်မလား

YouTube ဆိုတာ လူငယ်တော်တော်များများ Video နဲ့ပတ်သက်ရင် ပထမဦးဆုံးစဉ်းစားဖြစ်တဲ့ Platform တစ်ခုဆိုရင် မမှားပါဘူး။ YouTube မှာ အောင်မြင်သွားရင် အရည်အချင်းရှိသူတစ်ဦးချင်းစီအတွက် အကျိုးရှိတာတွေ ဆက်လုပ်ဖို့ ပိုလွယ်လာတာကြောင့် YouTube ကို လူငယ်တော်တော်များများ စိတ်ဝင်စားကြတာပါ။ 

Instagram on iPhone

YouTube နဲ့မခြား Facebook ကလည်း လူအများစိတ်ဝင်စားမယ့် Video Platform တစ်ခုဖြစ်လာအောင် ဖန်တီးနေပါတယ်။ Facebook ရဲ့လက်အောက်မှာရှိတဲ့ Instagram မှာလည်း တစ်နာရီခန့်ရှည်တဲ့ Video တွေကို မကြာခင်မှာ တွေ့ရလာနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Instagram က Content Creator တွေ၊ မီဒီယာ ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး Video ပိုင်းအတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ အများဆုံးတွေ့ရနိုင်တဲ့ Video တွေကတော့ Vertical Video တွေပါ။ 

Instagram Feed

Video တွေနဲ့ပတ်သက်လို့တော့ Instagram App ထဲမှာပဲ Tab အသစ်တစ်ခုလုပ်ပေးလာနိုင်သလို Instagram Videos ဆိုပြီး App အသစ်တစ်ခုလည်း ထွက်လာနိုင်တယ်လို့သိရပါတယ်။ Facebook မှာလည်း Video ပိုင်းနဲပတ်သက်လို့ Platform ကောင်းတစ်ခုဖြစ်လာအောင် လုပ်နေပေမယ့် Instagram ရဲ့ ရည်ရွယ်ချက်ကတော့ ကွဲပြားပါတယ်။ လူငယ်တွေအနေနဲ့ ဓာတ်ပုံတစ်ခုတည်းတင်နေယုံမဟုတ်ဘဲ Video အပိုင်းကိုလည်း လိုအပ်သလို အသုံးချနိုင်စေဖို့ ရည်ရွယ်တာပါ။ 

Ref: Gizmodo

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။